Jet တပ်ထားသလိုပြေးနှုန်းနဲ့ လိုင်ယွန်နဲ့ပွဲက အမ်ဘက်ပီရဲ့အံ့မခန်းတစ်ကိုယ်တော်သွင်းဂိုး

photo-givemesport

photo-gettyimages

လိုင်ယွန်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ မနေ့ညပြင်သစ်ဖလားဆီမီးဖိုင်နယ်ပွဲတုန်းက ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အဲဒီထဲမှာ ဒီရာသီအကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးအဖြစ် သတ်မှတ်လို့ရနိုင်တဲ့ သွင်းဂိုးတစ်ဂိုးလည်း ပါဝင်နေပါတယ်။ မက်ဆီနဲ့စီရော်နယ်ဒိုတို့ ကစားသမားဘဝအနားယူသွားရင် ကမ္ဘာ့အကောင်းဆုံးဖြစ်လာမယ့်သူလို့ အမ်ဘက်ပီဟာ များစွာထင်ကြေးပေးထားခြင်းခံရသူပါ။ အသက်အရွယ်နဲ့မလိုက်အောင်လည်း သူဟာ အောင်မြင်မှုများစွာရရှိထားတာပါ။

photo-credit

ပြေးနှုန်း၊ စကေးပိုင်း ဘာမှပြောစရာမရှိသူဖြစ်လို့ လိုင်ယွန်နဲ့ပွဲက သူ့ရဲ့တစ်ကိုယ်တော်သွင်းဂိုးဟာ သူလုပ်နေကျအတိုင်းပဲလု့ိတောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ ပြန်ရစ်ကြည့်ချင်တဲ့သွင်းဂိုးတွေထဲမှာတော့ ပါဝင်သွားပါတယ်။ ဟက်ထရစ်သွင်းနိုင်တဲ့ပွဲက သူ့ရဲ့အဲဒီဒုတိယမြောက်ဂိုးကို တစ်ကိုယ်တော်ဆင်နွှဲတဲ့တန်ပြန်တိုက်စစ်ကနေ မိနစ် ၇၀ အရောက်မှာ သွင်းယူခဲ့တာပါ။ သူဟာ ကိုယ့်ကွင်းဘက်ခြမ်းရဲ့တစ်ဝက်လောက်မှာ ဘောလုံးရရှိသွားပြီး အဲဒီမှာ ပြိုင်ဘက်တစ်ယောက်ကို အရှိန်နှုန်းနဲ့ ဖြတ်ကျော်ပြေးသွားကာ တစ်ဖက်ပင်နယ်တီဧရိယာထဲအရောက်မှာလည်း နောက်ထပ်ပြိုင်ဘက်တစ်ယောက်ကို ကန်မလိုနဲ့ ခြေယောင်ပြဆွဲယူကန်သွင်းသွားခဲ့တာပါ။

အဲဒီပွဲက ဟက်ထရစ်ကြောင့်လည်း အမ်ဘက်ပီဟာ အခုဆိုရင် ဒီရာသီ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ် ဂို ၃၀ ရှိသွားပါပြီ။ နှစ်ရာသီဆက်တိုက် ဂိုး ၃၀ နဲ့အထက် သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း သူဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ် ၃၉ ဂိုးသွင်းယူပေးခဲ့ပါတယ်။

[Zawgyi]

Jet တပ္ထားသလုိေျပးႏႈန္းနဲ႔ လိုင္ယြန္နဲ႔ပြဲက အမ္ဘက္ပီရဲ႕အံ့မခန္းတစ္ကိုယ္ေတာ္သြင္းဂိုး

လိုင္ယြန္ကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ မေန႔ညျပင္သစ္ဖလားဆီမီးဖိုင္နယ္ပြဲတုန္းက ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီဟာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး အဲဒီထဲမွာ ဒီရာသီအေကာင္းဆုံးဂိုးေတြထဲက တစ္ဂိုးအျဖစ္ သတ္မွတ္လုိ႔ရႏိုင္တဲ့ သြင္းဂိုးတစ္ဂိုးလည္း ပါ၀င္ေနပါတယ္။ မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ ကစားသမားဘ၀အနားယူသြားရင္ ကမာၻ႔အေကာင္းဆုံးျဖစ္လာမယ့္သူလို႔ အမ္ဘက္ပီဟာ မ်ားစြာထင္ေၾကးေပးထားျခင္းခံရသူပါ။ အသက္အရြယ္နဲ႔မလိုက္ေအာင္လည္း သူဟာ ေအာင္ျမင္မႈမ်ားစြာရရွိထားတာပါ။

ေျပးႏႈန္း၊ စေကးပိုင္း ဘာမွေျပာစရာမရွိသူျဖစ္လုိ႔ လိုင္ယြန္နဲ႔ပြဲက သူ႔ရဲ႕တစ္ကိုယ္ေတာ္သြင္းဂိုးဟာ သူလုပ္ေနက်အတိုင္းပဲလု႔ိေတာင္ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ ျပန္ရစ္ၾကည့္ခ်င္တဲ့သြင္းဂိုးေတြထဲမွာေတာ့ ပါ၀င္သြားပါတယ္။ ဟက္ထရစ္သြင္းႏိုင္တဲ့ပြဲက သူ႔ရဲ႕အဲဒီဒုတိယေျမာက္ဂိုးကို တစ္ကိုယ္ေတာ္ဆင္ႏႊဲတဲ့တန္ျပန္တိုက္စစ္ကေန မိနစ္ ၇၀ အေရာက္မွာ သြင္းယူခဲ့တာပါ။ သူဟာ ကိုယ့္ကြင္းဘက္ျခမ္းရဲ႕တစ္၀က္ေလာက္မွာ ေဘာလုံးရရွိသြားၿပီး အဲဒီမွာ ၿပိဳင္ဘက္တစ္ေယာက္ကို အရွိန္ႏႈန္းနဲ႔ ျဖတ္ေက်ာ္ေျပးသြားကာ တစ္ဖက္ပင္နယ္တီဧရိယာထဲအေရာက္မွာလည္း ေနာက္ထပ္ၿပိဳင္ဘက္တစ္ေယာက္ကို ကန္မလိုနဲ႔ ေျခေယာင္ျပဆြဲယူကန္သြင္းသြားခဲ့တာပါ။

အဲဒီပြဲက ဟက္ထရစ္ေၾကာင့္လည္း အမ္ဘက္ပီဟာ အခုဆိုရင္ ဒီရာသီ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ဂို ၃၀ ရွိသြားပါၿပီ။ ႏွစ္ရာသီဆက္တုိက္ ဂိုး ၃၀ နဲ႔အထက္ သြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း သူဟာ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၃၉ ဂိုးသြင္းယူေပးခဲ့ပါတယ္။