ITV သတင်းထောက်ကို အရူးလုပ်ခဲ့တဲ့ ဂျာဂန် ကလော့ပ် ကလုံး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ITV သတင်းထောက် ဂျိုနသန်ဆွန်းဟာ ဝင်ဘာလေကွင်းအပြင်ဘက်မှာ ပရိသတ်များတွေနဲ့ အတူအင်္ဂလန်-ဂျာမနီပွဲကိုအားပေးနေတဲ့ ဂျာဂင်ကလော့ပ်ကိုတွေ့ချိန်မှာ မထင်မှတ်ပဲ သတင်းထူးကို ဦးဦးဖျားဖျားရပြီလို့ထင်မှတ်ခဲ့ပြီး အင်တာဗျူး လုပ်ဖို့သွားခဲ့ပါတယ်။

သူဟာဘီယာသောက်ပြီး အင်္ဂလန်အသင်းကိုအားပေးတဲ့ သီချင်းသီဆိုရင်း အားပေးနေခဲ့တာကြောင့် ဂျာမန်နည်းပြက ဂျာဂင်ကလော့ပ် က အင်္ဂလန်ကို ဘာကြောင့် အားပေးနေတာလဲဆိုပြီး အင်တာဗျူးတဲ့အချိန်မှတော့ သူထင်ထားတာလွှဲမှားသွားခဲ့ပြီး ရုပ်တူတဲ့သူတစ်ဦးသာဖြစ်နေခဲ့ပါတယ်။

အင်္ဂလန်ပရိသတ်တွေဟာ ဘောလုံးကိုအရူးအမူးအာပေးကြသူတွေဆိုတာ တစ်ကမ္ဘာလုံးကလူတွေသိထားကြသလို အင်္ဂလန်နဲ့ ဂျာမနီပွဲမှာ လီဗာပူးနည်းပြကလော့ပ်နဲ့ရုပ်တူတဲ့ ရေးကွန်ဝဲလ်ဟာ ကလော့ပ်လို ဝတ်ဆင်ပြီး အားပေးခဲ့တာပါ။

ဒါကြောင့်လည်း ITV သတင်းထောက်ဂျိုနသန်ဆွန်က လူမှားပြီးအင်တာဗျူးလုပ်ရာကနေ သတင်းမရဘဲ ဆိုရှယ်မီဒီယာမှာသူ့ရဲ့ဓာတ်ပုံတွေအကြီးအကျယ်ပြန့်နှံ့ခဲ့ကာ နာမည်ကျော်နည်းပြကိုယ်တောင်မသိတဲ့ သတင်းသမားအဖြစ်နဲ့ သူကိုယ်တိုင် သတင်းဖြစ်သွားကာ အရှက်ကွဲရ တော့တာပါပဲ။

လီဗာပူးနည်းပြကလော့ပ်နဲ့ရုပ်တူတဲ့ ရေးကွန်ဝဲလ်ဟာ လန်ဒန်မှာ ဘလွမ်းဘူရီက အောင်မြင်တဲ့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုပိုင်ရှင်တစ်ဦးဖြစ်ပြီး၊

သူဟာပြင်သစ်နှင့်မော်ရိုကိုတို့မှာလည်း ဟိုတယ်တစ်လုံးစီပိုင်ဆိုင်တဲ့အပြင် ဗြိတိန်တလွှားမှာလည်းအောင်မြင်တဲ့ မက္ကဆီကို စားသောက်ဆိုင်တွေကိုပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင်သူဟာရှေးဟောင်းကားများငှားရမ်းတဲ့လုပ်ငန်းတစ်ခုကိုလည်းပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ITV သတင္းေထာက္ကို အရူးလုပ္ခဲ့တဲ့ ဂ်ာဂန္ ကေလာ့ပ္ ကလံုး

ITV သတင္းေထာက္ ဂ်ိဳနသန္ဆြန္းဟာ ဝင္ဘာေလကြင္းအျပင္ဘက္မွာ ပရိသတ္မ်ားေတြနဲ႕ အတူအဂၤလန္-ဂ်ာမနီပြဲကိုအားေပးေနတဲ့ ဂ်ာဂင္ကေလာ့ပ္ကိုေတြ႕ခ်ိန္မွာ မထင္မွတ္ပဲ သတင္းထူးကို ဦးဦးဖ်ားဖ်ားရၿပီလို႕ထင္မွတ္ခဲ့ၿပီး အင္တာဗ်ဴး လုပ္ဖို႕သြားခဲ့ပါတယ္။

သူဟာဘီယာေသာက္ၿပီး အဂၤလန္အသင္းကိုအားေပးတဲ့ သီခ်င္းသီဆိုရင္း အားေပးေနခဲ့တာေၾကာင့္ ဂ်ာမန္နည္းျပက ဂ်ာဂင္ကေလာ့ပ္ က အဂၤလန္ကို ဘာေၾကာင့္ အားေပးေနတာလဲဆိုၿပီး အင္တာဗ်ဴးတဲ့အခ်ိန္မွေတာ့ သူထင္ထားတာလႊဲမွားသြားခဲ့ၿပီး ရုပ္တူတဲ့သူတစ္ဦးသာျဖစ္ေနခဲ့ပါတယ္။

အဂၤလန္ပရိသတ္ေတြဟာ ေဘာလံုးကိုအရူးအမူးအာေပးၾကသူေတြဆိုတာ တစ္ကမၻာလံုးကလူေတြသိထားၾကသလို အဂၤလန္နဲ႕ ဂ်ာမနီပြဲမွာ လီဗာပူးနည္းျပကေလာ့ပ္နဲ ႔႐ုပ္တူတဲ့ ေရးကြန္ဝဲလ္ဟာ ကေလာ့ပ္လို ဝတ္ဆင္ၿပီး အားေပးခဲ့တာပါ။ ဒါေၾကာင့္လည္း ITV သတင္းေထာက္ဂ်ိဳနသန္ဆြန္က လူမွားၿပီးအင္တာဗ်ဴးလုပ္ရာကေန သတင္းမရဘဲ ဆိုရွယ္မီဒီယာမွာသူ႔ရဲ႕ဓာတ္ပုံေတြအႀကီးအက်ယ္ျပန႔္ႏွံ႔ခဲ့ကာ နာမည္ေက်ာ္နည္းျပကိုယ္ေတာင္မသိတဲ့ သတင္းသမားအျဖစ္နဲ႕ သူကိုယ္တိုင္ သတင္းျဖစ္သြားကာ အရွက္ကြဲရ ေတာ့တာပါပဲ။

လီဗာပူးနည္းျပကေလာ့ပ္နဲ ႔႐ုပ္တူတဲ့ ေရးကြန္ဝဲလ္ဟာ လန္ဒန္မွာ ဘလြမ္းဘူရီက ေအာင္ျမင္တဲ့ေဆာက္လုပ္ေရးကုမၸဏီတစ္ခုပိုင္ရွင္တစ္ဦးျဖစ္ၿပီး။ သူဟာျပင္သစ္ႏွင့္ေမာ္႐ိုကိုတို႔မွာလည္း ဟိုတယ္တစ္လုံးစီပိုင္ဆိုင္တဲ့အျပင္ ျဗိတိန္တလႊားမွာလည္းေအာင္ျမင္တဲ့ မကၠဆီကို စားေသာက္ဆိုင္ေတြကိုပိုင္ဆိုင္သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္သူဟာေရွးေဟာင္းကားမ်ားငွားရမ္းတဲ့လုပ္ငန္းတစ္ခုကိုလည္းပိုင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။