Instagram မှာ Followers အများဆုံးဖြစ်နေတဲ့ နာမည်ကျော်ကလပ်အသင်း(၁၀)သင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကြီးအားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ sportskeeda က လူမှုကွန်ရက်စာမျက်နှာ Instagram မှာ Followers အများဆုံးဖြစ်နေတဲ့ ကလပ်(၁၀)သင်းကို စာရင်းထုတ်ပြန်ခဲ့ပြီး Followers အများဆုံးဖြစ်နေတာက လာလီဂါထိပ်သီးကလပ်ရီးယဲလ်အသင်းပဲဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့ ရီးယဲလ်အသင်းဟာ စုစုပေါင်း Followers အရေအတွက် (၁၀၁)သန်းအထိရှိနေပြီး Followers သန်း(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် စံချိန်တင်ထားတာပါ။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ အဆင့်(၂)၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်တွေနဲ့သာကျေနပ်ခဲ့ရပေမယ့် Instagram မှာတော့ သူတို့အသင်းကို ပရိသတ်အားပေးမှုကမြင့်မားနေဆဲဖြစ်ပြီး အဓိကပြိုင်ဘက်ဘာစီလိုနာအသင်းထက် Followers (၂)သန်းကျော်လောက်ပိုများနေတာပါ။

ဘာစီလိုနာအသင်းကတော့ Followers အရေအတွက် (၉၈.၇)သန်းအထိရှိနေပြီး အခုစာရင်းမှာ ဒုတိယအများအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာပြီးရင် နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းက Followers အရေအတွက်(၅၀.၁)သန်းနဲ့ တတိယအများဆုံးဖြစ်နေပြီး ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း Followers အရေအတွက်က တစ်ဟုန်ထိုးမြင့်တက်လာတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ချန်ပီယံဆုကိုအကြိမ်အများဆုံးရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုစာရင်းမှာ အဆင့်(၄)နေရာသာရရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာတစ်ဝန်းမှာ ပရိသတ်အားပေးမှုအများဆုံးအဖြစ် သတ်မှတ်ခံထားရပေမယ့် Instagram မှာတော့ Followers အရေအတွက်(၄၁.၇)သန်းသာရှိခဲ့တာကြောင့် ရီးယဲလ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်တို့ရဲ့နောက်မှာသာ ရပ်တည်နိုင်ခဲ့တာပါ။

နေမာ၊ ဘာပေစတဲ့ ကမ္ဘာ့အကောင်းဆုံးဘာလုံးသမားတွေပါဝင်ကစားနေတဲ့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ အဆင့်(၅)နေရာမှာရပ်တည်ခဲ့ပြီး သူတို့အသင်းရဲ့ Followers အရေအတွက်က (၃၇.၂)သန်းအထိရှိနေပါတယ်။

အဲဒီအသင်းတွေရဲ့နောက်မှာ လီဗာပူးလ်အသင်းက (၃၁.၆)သန်း၊ ချယ်လ်ဆီးအသင်းက (၂၈)သန်း၊ ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းက (၂၇.၃)သန်းနဲ့ အသီးသီးရပ်တည်နေပြီး

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ တစ်ချိန်က ပရီးမီးယားလိဂ်ထိပ်သီးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းတို့ကတော့ Followers အရေအတွက် (၂၅)သန်း၊ (၁၉.၆)သန်းရှိခဲ့တာကြောင့် အဆင့်(၉)နဲ့အဆင့်(၁၀)နေရာတွေရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Instagram မွာ Followers အမ်ားဆုံးျဖစ္ေနတဲ့ နာမည္ေက်ာ္ကလပ္အသင္း(၁၀)သင္း

နာမည္ႀကီးအားကစားဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ sportskeeda က လူမႈကြန္ရက္စာမ်က္ႏွာ Instagram မွာ Followers အမ်ားဆုံးျဖစ္ေနတဲ့ ကလပ္(၁၀)သင္းကို စာရင္းထုတ္ျပန္ခဲ့ၿပီး Followers အမ်ားဆုံးျဖစ္ေနတာက လာလီဂါထိပ္သီးကလပ္ရီးယဲလ္အသင္းပဲျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္ရပ္တည္ေနတဲ့ ရီးယဲလ္အသင္းဟာ စုစုေပါင္း Followers အေရအတြက္(၁၀၁)သန္းအထိရွိေနၿပီး Followers သန္း(၁၀၀)ျပည့္ခဲ့တဲ့ ပထမဆုံးကလပ္အသင္းအျဖစ္ စံခ်ိန္တင္ထားတာပါ။

ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါမွာ အဆင့္(၂)၊ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္ေတြနဲ႔သာေက်နပ္ခဲ့ရေပမယ့္ Instagram မွာေတာ့ သူတို႔အသင္းကို ပရိသတ္အားေပးမႈကျမင့္မားေနဆဲျဖစ္ၿပီး အဓိကၿပိဳင္ဘက္ဘာစီလိုနာအသင္းထက္ Followers (၂)သန္းေက်ာ္ေလာက္ပိုမ်ားေနတာပါ။ ဘာစီလိုနာအသင္းကေတာ့ Followers အေရအတြက္ (၉၈.၇)သန္းအထိရွိေနၿပီး အခုစာရင္းမွာ ဒုတိယအမ်ားအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာၿပီးရင္ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕ဂ်ဴဗင္တပ္စ္အသင္းက Followers အေရအတြက္(၅၀.၁)သန္းနဲ႔ တတိယအမ်ားဆုံးျဖစ္ေနၿပီး ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက စီေရာ္နယ္လ္ဒိုကို ေခၚယူခဲ့ၿပီးေနာက္ပိုင္း Followers အေရအတြက္က တစ္ဟုန္ထိုးျမင့္တက္လာတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံဆုကိုအႀကိမ္အမ်ားဆုံးရရွိထားတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုစာရင္းမွာ အဆင့္(၄)ေနရာသာရရွိခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻတစ္ဝန္းမွာ ပရိသတ္အားေပးမႈအမ်ားဆုံးအျဖစ္ သတ္မွတ္ခံထားရေပမယ့္ Instagram မွာေတာ့ Followers အေရအတြက္(၄၁.၇)သန္းသာရွိခဲ့တာေၾကာင့္ ရီးယဲလ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္တို႔ရဲ႕ေနာက္မွာသာ ရပ္တည္ႏိုင္ခဲ့တာပါ။

ေနမာ၊ ဘာေပစတဲ့ ကမာၻ႔အေကာင္းဆုံးဘာလုံးသမားေတြပါဝင္ကစားေနတဲ့ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ အဆင့္(၅)ေနရာမွာရပ္တည္ခဲ့ၿပီး သူတို႔အသင္းရဲ႕ Followers အေရအတြက္က (၃၇.၂)သန္းအထိရွိေနပါတယ္။ အဲဒီအသင္းေတြရဲ႕ေနာက္မွာ လီဗာပူးလ္အသင္းက (၃၁.၆)သန္း၊ ခ်ယ္လ္ဆီးအသင္းက (၂၈)သန္း၊ ဂ်ာမန္ထိပ္သီးဘိုင္ယန္ျမဴးနစ္အသင္းက (၂၇.၃)သန္းနဲ႔ အသီးသီးရပ္တည္ေနၿပီး ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းနဲ႔ တစ္ခ်ိန္က ပရီးမီးယားလိဂ္ထိပ္သီးအသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းတို႔ကေတာ့ Followers အေရအတြက္ (၂၅)သန္း၊ (၁၉.၆)သန္းရွိခဲ့တာေၾကာင့္ အဆင့္(၉)နဲ႔အဆင့္(၁၀)ေနရာေတြရရွိခဲ့ပါတယ္။