Instagram မှာ လူထွားကြီး ဒွိုင်းဂျွန်ဆင်ကို အလဲထိုးနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ Instagram ကနေ ဝင်ငွေအများဆုံးရရှိနေတဲ့ Cele စာရင်းမှာ လူသိများတဲ့ ရုပ်ရှင်မင်းသား ဒွိုင်းဂျွန်ဆင်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။

Instagram ကနေ ဝင်ငွေအများဆုံးရရှိနေတဲ့ Cele စာရင်းမှာ ရုပ်ရှင် ဒါမှမဟုတ် ဂီတနယ်ပယ်ထဲမှာ နာမည်ကြီးတွေကို ကျော်ဖြတ်ပြီး အားကစားကဏ္ဍက လူတစ်ဦး ထိပ်ဆုံးရောက်ရှိခဲ့တာက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပါပဲ။

စီရော်နယ်လ်ဒိုဟာ Instagram မှာ Sponsored Post တွေကနေ အမေရိကန်ဒေါ်လာ (၁.၆)သန်းအထိရရှိနေပြီး ဒွိုင်းဂျွန်ဆင်ကတော့ (၁.၅၂)သန်းနဲ့ ဒုတိယ၊ နာမည်ကျော် အဆိုတော် အာရီယာနာဂရန်ဒီက ဒွိုင်းဂျွန်ဆင်နဲ့ ပမာဏသိပ်မကွာဘဲ (၁.၅၁)သန်းနဲ့ တတိယအများဆုံးဖြစ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ Instagram မှာ Follower အရေအတွက်က စုစုပေါင်း သန်း(၃၀၀)ကျော်အထိရှိပြီး အခုနှစ်ထဲမှာပဲ Follower အရေအတွက် (၁၂၅)သန်းအထိမြင့်တက်လာတာဖြစ်ပါတယ်။

Social Media Platforms အားလုံးကို ထည့်တွက်မယ်ဆိုရင် စီရော်နယ်လ်ဒိုရဲ့ Follower အရေအတွက်က သန်း(၅၅၀)ကျော်အထိရှိနေတာပါ။

စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂၀ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲမှာ ကိုလာဘူးတွေကို ဖယ်ထုတ်ပြီးတော့ ရေပဲသောက်ပါလို့ ပြောကြားခဲ့တဲ့လုပ်ရပ်က အွန်လိုင်းပေါ်မှာ အရမ်းကို Hit ဖြစ်ခဲ့ပြီး အဲဒီအဖြစ်အပျက်ကြောင့် ကိုကာကိုလာကုမ္ပဏီလည်း ငွေကြေးဘီလီယံနဲ့ချီ ဆုံးရှုံးခဲ့ရပါတယ်။

Instagram ကနေ ဝင်ငွေအများဆုံးရရှိနေတဲ့ Cele တွေရဲ့ ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ စီရော်နယ်လ်ဒိုအပြင် အားကစားကဏ္ဍက နောက်ထပ်တစ်ဦးအဖြစ် အဓိကပြိုင်ဘက် မက်ဆီလည်း ပါဝင်ခဲ့ပါတယ်။

မက်ဆီဟာ အမေရိကန်ဒေါ်လာ(၁.၁)သန်းနဲ့ အဆင့်(၇)နေရာမှာရှိနေပြီး ဘရာဇီးလ်နဲ့ PSG နာမည်ကျော်တိုက်စစ်မှူးနေမာကတော့ ထိပ်ဆုံး(၁၀)ဦးထဲမှာ မပါဝင်ခဲ့ဘဲ အဆင့်(၁၆)နေရာမှာသာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Instagram မွာ လူထြားႀကီး ဒြိဳင္းဂြၽန္ဆင္ကို အလဲထိုးႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒို

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ Instagram ကေန ဝင္ေငြအမ်ားဆုံးရရွိေနတဲ့ Cele စာရင္းမွာ လူသိမ်ားတဲ့ ႐ုပ္ရွင္မင္းသား ဒြိဳင္းဂြၽန္ဆင္ကို ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးေနရာကို ေရာက္ရွိလာခဲ့ပါတယ္။ Instagram ကေန ဝင္ေငြအမ်ားဆုံးရရွိေနတဲ့ Cele စာရင္းမွာ ႐ုပ္ရွင္ ဒါမွမဟုတ္ ဂီတနယ္ပယ္ထဲမွာ နာမည္ႀကီးေတြကို ေက်ာ္ျဖတ္ၿပီး အားကစားက႑က လူတစ္ဦး ထိပ္ဆုံးေရာက္ရွိခဲ့တာက ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ပါပဲ။

စီေရာ္နယ္လ္ဒိုဟာ Instagram မွာ Sponsored Post ေတြကေန အေမရိကန္ေဒၚလာ (၁.၆)သန္းအထိရရွိေနၿပီး ဒြိဳင္းဂြၽန္ဆင္ကေတာ့ (၁.၅၂)သန္းနဲ႔ ဒုတိယ၊ နာမည္ေက်ာ္ အဆိုေတာ္ အာရီယာနာဂရန္ဒီက ဒြိဳင္းဂြၽန္ဆင္နဲ႔ ပမာဏသိပ္မကြာဘဲ (၁.၅၁)သန္းနဲ႔ တတိယအမ်ားဆုံးျဖစ္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ Instagram မွာ Follower အေရအတြက္က စုစုေပါင္း သန္း(၃၀၀)ေက်ာ္အထိရွိၿပီး အခုႏွစ္ထဲမွာပဲ Follower အေရအတြက္ (၁၂၅)သန္းအထိျမင့္တက္လာတာျဖစ္ပါတယ္။ Social Media Platforms အားလုံးကို ထည့္တြက္မယ္ဆိုရင္ စီေရာ္နယ္လ္ဒိုရဲ႕ Follower အေရအတြက္က သန္း(၅၅၀)ေက်ာ္အထိရွိေနတာပါ။

စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲ သတင္းစာရွင္းလင္းပြဲမွာ ကိုလာဘူးေတြကို ဖယ္ထုတ္ၿပီးေတာ့ ေရပဲေသာက္ပါလို႔ ေျပာၾကားခဲ့တဲ့လုပ္ရပ္က အြန္လိုင္းေပၚမွာ အရမ္းကို Hit ျဖစ္ခဲ့ၿပီး အဲဒီအျဖစ္အပ်က္ေၾကာင့္ ကိုကာကိုလာကုမၸဏီလည္း ေငြေၾကးဘီလီယံနဲ႔ခ်ီ ဆုံးရႈံးခဲ့ရပါတယ္။ Instagram ကေန ဝင္ေငြအမ်ားဆုံးရရွိေနတဲ့ Cele ေတြရဲ႕ ထိပ္ဆုံး(၁၀)ဦးစာရင္းမွာ စီေရာ္နယ္လ္ဒိုအျပင္ အားကစားက႑က ေနာက္ထပ္တစ္ဦးအျဖစ္ အဓိကၿပိဳင္ဘက္ မက္ဆီလည္း ပါဝင္ခဲ့ပါတယ္။

မက္ဆီဟာ အေမရိကန္ေဒၚလာ(၁.၁)သန္းနဲ႔ အဆင့္(၇)ေနရာမွာရွိေနၿပီး ဘရာဇီးလ္နဲ႔ PSG နာမည္ေက်ာ္တိုက္စစ္မႉးေနမာကေတာ့ ထိပ္ဆုံး(၁၀)ဦးထဲမွာ မပါဝင္ခဲ့ဘဲ အဆင့္(၁၆)ေနရာမွာသာရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။