
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျုဗင်တပ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုကတော့ ယူရို (၂၀၂၀) သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့ ရှေ့ ချပေးတဲ့ ကိုလာ နှစ်ဗူးကြောင့် မပျော်မရွင် ဖြစ်ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က ယူရို (၂၀၁၆) ကို ရရှိခဲ့တဲ့ ယူရို ချန်ပီယံ ရော်နယ်ဒိုဟာ ယနေ့ည၊ အင်္ဂါနေ့ည၊ (၁၁း၃၀) အချိန်မှာတော့
ဟန်ဂေရီအသင်းနဲ့ ယူရို အုပ်စု (F) ပွဲစဉ်ကို ဟန်ဂေရီနိုင်ငံက Puskas Arena ကွင်းမှာ ကစားသွားရမှာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယနေ့ည ပွဲစဉ်ကိုသာ ကစားပြီးရင် ယူရို (၅) ခုမှာ ကစားရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပြီး
သတင်းစာ ရှင်းလင်းပွဲကို သူ့ရဲ့ နည်းပြ ဖြစ်သူ ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်းတို့စ်နဲ့ တက်ရောက်လာခဲ့ပါတယ်။
အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုဟာ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပြီး ထိုင်ခုံပေါ် ထိုင်ချလိုက်တဲ့ အချိန်မှာ
သူ့ရှေ့မှာ ချပေးတဲ့ ကိုကာကိုလာ နှစ်ဗူးကြောင့် မျက်နှာပျက်သွားခဲ့ပြီး ကိုလာ နှစ်ဗူးကိုလည်းပဲ သူ့မျက်မှောက်ကနေ ဖယ်ရှားခဲ့ပါတယ်။
ဘလွန်းဒီအော် (၅) ကြိမ်ဆုရှင် ရော်နယ်ဒိုကတော့ ကျန်းမာရေး အလွန် လိုက်စားတဲ့ သူ ဖြစ်တာမို့ ကိုလာကို မသောက်ချင်တာ ဖြစ်နိုင်ပြီး
ကိုကာကိုလာ (၂) ဗူးကို သူ့ရှေ့က ဖယ်ရှားပြီးတာနဲ့ ရေသန့်ဗူးကို လေထဲမှာ မြောက်ပြီး ပေါ်တူဂီလို “Agua”၊ မြန်မာလိုက ရေလို့ ပြောခဲ့ပါတယ်။
ကိုကာကိုလာ ကုမ္ပဏီဟာ ယူရို (၂၀၂၀) ကို စီစဉ်နေတဲ့ UEFA နဲ့ မိတ်ဖက်ဖြစ်တာကြောင့် ကိုကာကိုလာက
ယူရို ပြိုင်ပွဲရဲ့ စပွန်ဆာ ဖြစ်ပြီး ရော်နယ်ဒိုက ယူရို ပြိုင်ပွဲရဲ့ စပွန်ဆာ ကိုလာ အချိုရည်ကို သောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ တစ်လောကလည်း သူ့သား ဖြစ်သူ ရော်နယ်ဒို ဂျုနီယာအနေနဲ့ Coke အချိုရည်ကို သောက်ပြီး
အကြွပ်ကြော်တွေ စားတာကို အလွန် ဒေါသထွက်မိတယ်လို့ ကိုယ်တိုင် ဝန်ခံခဲ့သူပဲ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ လက်ရှိ ယူရို (၂၀၂၀) ပြိုင်ပွဲမှာတော့ မရဏ အုပ်စု လို႔ နာမည်ကျော်နေတဲ့ အုပ်စု (F) မှာ
ဟန်ဂေရီအသင်း၊ ဂျာမနီအသင်း နဲ့ (၂၀၁၈) ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းတို့နဲ့ ပူးတွဲကျနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဟန္ေဂရီနဲ႕မကစားမီ မီဒီယာေတြနဲ႕ ေတြ႕ဆံုပြဲမွာ ခံုေပၚတင္ေပးထားတဲ့ ကိုလာကို ဖယ္ၿပီး ေရပဲ ေသာက္မယ္လို႔ ေျပာတဲ့ ေရာ္နယ္ဒို
ဂ်ဳဗင္တပ္ တိုက္စစ္မႉး ခရစ္စတီယာႏို ေရာ္နယ္ဒိုကေတာ့ ယူ႐ို (၂၀၂၀) သတင္းစာ ရွင္းလင္းပြဲမွာ သူ႔ရဲ႕ ေရွ႕ ခ်ေပးတဲ့ ကိုလာ ႏွစ္ဗူးေၾကာင့္ မေပ်ာ္မ႐ြင္ ျဖစ္ခဲ့ရပါတယ္။
လြန္ခဲ့တဲ့ (၂၀၁၆) ခုႏွစ္က ယူ႐ို (၂၀၁၆) ကို ရရွိခဲ့တဲ့ ယူ႐ို ခ်န္ပီယံ ေရာ္နယ္ဒိုဟာ ယေန႔ည၊ အဂၤါေန႔ည၊ (၁၁း၃၀) အခ်ိန္မွာေတာ့ ဟန္ေဂရီအသင္းနဲ႔ ယူ႐ို အုပ္စု (F) ပြဲစဥ္ကို ဟန္ေဂရီႏိုင္ငံက Puskas Arena ကြင္းမွာ ကစားသြားရမွာ ျဖစ္ပါတယ္။ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယေန႔ည ပြဲစဥ္ကိုသာ ကစားၿပီးရင္ ယူ႐ို (၅) ခုမွာ ကစားရတဲ့ ပထမဆုံး ကစားသမား ျဖစ္လာမွာ ျဖစ္ၿပီး သတင္းစာ ရွင္းလင္းပြဲကို သူ႔ရဲ႕ နည္းျပ ျဖစ္သူ ေပၚတူဂီ နည္းျပ ဖာနန္ဒို ဆန္းတို႔စ္နဲ႔ တက္ေရာက္လာခဲ့ပါတယ္။
အသက္ (၃၆) ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ သတင္းစာ ရွင္းလင္းပြဲကို တက္ေရာက္ၿပီး ထိုင္ခုံေပၚ ထိုင္ခ်လိုက္တဲ့ အခ်ိန္မွာ သူ႔ေရွ႕မွာ ခ်ေပးတဲ့ ကိုကာကိုလာ ႏွစ္ဗူးေၾကာင့္ မ်က္ႏွာပ်က္သြားခဲ့ၿပီး ကိုလာ ႏွစ္ဗူးကိုလည္းပဲ သူ႔မ်က္ေမွာက္ကေန ဖယ္ရွားခဲ့ပါတယ္။ ဘလြန္းဒီေအာ္ (၅) ႀကိမ္ဆုရွင္ ေရာ္နယ္ဒိုကေတာ့ က်န္းမာေရး အလြန္ လိုက္စားတဲ့ သူ ျဖစ္တာမို႔ ကိုကာကိုလာကို မေသာက္ခ်င္တာ ျဖစ္ႏိုင္ၿပီး ကိုကာကိုလာ (၂) ဗူးကို သူ႔ေရွ႕က ဖယ္ရွားၿပီးတာနဲ႔ ေရသန႔္ဗူးကို ေလထဲမွာ ေျမာက္ၿပီး ေပၚတူဂီလို “Agua”၊ ျမန္မာလိုက ေရလို႔ ေျပာခဲ့ပါတယ္။
ကိုကာကိုလာ ကုမၸဏီဟာ ယူ႐ို (၂၀၂၀) ကို စီစဥ္ေနတဲ့ UEFA နဲ႔ မိတ္ဖက္ျဖစ္တာေၾကာင့္ ကိုကာကိုလာက ယူ႐ို ၿပိဳင္ပြဲရဲ႕ စပြန္ဆာ ျဖစ္ၿပီး ေရာ္နယ္ဒိုက ယူ႐ို ၿပိဳင္ပြဲရဲ႕ စပြန္ဆာ ကိုလာ အခ်ိဳရည္ကို ေသာက္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။
ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ တစ္ေလာကလည္း သူ႔သား ျဖစ္သူ ေရာ္နယ္ဒို ဂ်ဳနီယာအေနနဲ႔ Coke အခ်ိဳရည္ကို ေသာက္ၿပီး အႂကြပ္ေၾကာ္ေတြ စားတာကို အလြန္ ေဒါသထြက္မိတယ္လို႔ ကိုယ္တိုင္ ဝန္ခံခဲ့သူပဲ ျဖစ္ပါတယ္။ ေပၚတူဂီအသင္းဟာ လက္ရွိ ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲမွာေတာ့ မရဏ အုပ္စု လို႔ နာမည္ေက်ာ္ေနတဲ့ အုပ္စု (F) မွာ ဟန္ေဂရီအသင္း၊ ဂ်ာမနီအသင္း နဲ႔ (၂၀၁၈) ကမာၻ႔ဖလား ခ်န္ပီယံ ျပင္သစ္အသင္းတို႔နဲ႔ ပူးတြဲက်ေနပါတယ္။