HERO SADIO လူမႈအက်ိဳးျပဳဘက္ေတာ္သားႀကီး မာေနး သူ႔ ေမြးရပ္ေျမရြာေလးရွိ စာသင္ေက်ာင္းေဆာက္လုပ္ေနမႈကို သြားေရာက္ၾကည့္႐ႈ

Photo Credit

Photo Credit

လီဗာပူးစတား မာေနးဟာ ဆီနီေဂါႏိုင္ငံရွိ သူ႕ေမြးရပ္ေျမရြာေလးမွာ သူကုိယ္တိုင္ ေဆာက္လုပ္ေနတဲ့စာသင္ေက်ာင္းေဆာက္လုပ္ေနမႈကို သြားေရာက္ၾကည့္႐ႈခ့ဲေၾကာင္း သိရပါတယ္။ အသက္ ၂၇ႏွစ္အရြယ္ရွိ မာေနးဟာ စာသင္ေက်ာင္းသစ္ေဆာက္လုပ္ေရးအတြက္ ေပါင္ ၂၅၀၀၀ လွဴဒါန္းထားၿပီး အဲဒီရြာေလးမွာ ေဆး႐ုံတစ္႐ုံေဆာက္လုပ္ေရးအတြက္လည္း လွဴဒါန္းထားၿပီးျဖစ္ပါတယ္။

Photo Credit

မာေနးဟာ အာဖရိကႏုိင္ငံမ်ားဖလားၿပိဳင္ပြဲမွာ ဆီနီေဂါနဲ႔အတူ ဗိုလ္လုပြဲအထိပါ၀င္ကစားခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ ၂၀၁၈-၁၉ ရာသီက အခုမွအဆုံးသတ္သြားတာျဖစ္ေပမယ့္ အနားမယူႏုိင္ေသးဘဲ ဆီနီေဂါႏိုင္ငံ၊ ဘမ္ဘာလီရွိ သူေဆာက္လုပ္ေနတဲ့စာသင္ေက်ာင္းရဲ႕တည္ေဆာက္မႈအေျခအေနကို သြားေရာက္ၾကည့္႐ႈခဲ့တာျဖစ္ပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ မာေနးဟာ ေဆး႐ုံနဲ႔ စာသင္ေက်ာင္းေတြ ေဆာက္လုပ္လွဴဒါန္းေနတဲ့အျပင္ ေက်းရြာအတြင္းရွိ မိသားစု၀င္ေတြ သက္သာေခ်ာင္ခ်ိေရးအတြက္ လတုိင္းအလွဴေငြေပးအပ္လွဴဒါန္းေလ့ရွိေၾကာင္း သိရပါတယ္။

Photo Credit

မာေနးဟာ ေပါင္ ၇၀ ၀န္းက်င္တန္ဖုိးရွိ ဆီနီေဂါႏိုင္ငံသုံးေငြ ၅၀၀၀၀ လွဴဒါန္းေနတာျဖစ္ၿပီး ရြာအတြင္း ကေလးေတြအတြက္လည္း ေဘာလုံးကန္အက်ႌေတြ အခမဲ့လက္ေဆာင္ေပးေသးတယ္လုိ႔လည္း သိရပါတယ္။ ဒီလိုပရဟိတအက်ိဳးေတြသယ္ပိုးေနတဲ့ မာေနးရဲ႕လုပ္ရပ္ေတြကို ပရိသတ္ေတြကလည္း ခ်ီးက်ဴးလ်က္ရွိၿပီး လူမႈမီဒီယာမွာ အသီးသီးခ်ီးက်ဴးေရးသားခဲ့ၾကပါတယ္။ “‘အခုလိုေဘာလုံးသမားေတြ ကြင္းျပင္ပမွာ ဒီလုိလုပ္ေဆာင္ေနတာ ျမင္ရေတာ့ တကယ္ပဲစိတ္ခ်မ္းသာရပါတယ္”လုိ႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

HERO SADIO လူမှုအကျိုးပြုဘက်တော်သားကြီး မာနေး သူ့မွေးရပ်မြေရွာလေးရှိ စာသင်ကျောင်းဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှု

လီဗာပူးစတား မာနေးဟာ ဆီနီဂေါနိုင်ငံရှိ သူ့မွေးရပ်မြေရွာလေးမှာ သူကိုယ်တိုင် ဆောက်လုပ်နေတဲ့စာသင်ကျောင်းဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိ မာနေးဟာ စာသင်ကျောင်းသစ်ဆောက်လုပ်ရေးအတွက် ပေါင် ၂၅၀၀၀ လှူဒါန်းထားပြီး အဲဒီရွာလေးမှာ ဆေးရုံတစ်ရုံဆောက်လုပ်ရေးအတွက်လည်း လှူဒါန်းထားပြီးဖြစ်ပါတယ်။

မာနေးဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဆီနီဂေါနဲ့အတူ ဗိုလ်လုပွဲအထိပါဝင်ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့ ၂၀၁၈-၁၉ ရာသီက အခုမှအဆုံးသတ်သွားတာဖြစ်ပေမယ့် အနားမယူနိုင်သေးဘဲ ဆီနီဂေါနိုင်ငံ၊ ဘမ်ဘာလီရှိ သူဆောက်လုပ်နေတဲ့စာသင်ကျောင်းရဲ့တည်ဆောက်မှုအခြေအနေကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ မာနေးဟာ ဆေးရုံနဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်လှူဒါန်းနေတဲ့အပြင် ကျေးရွာအတွင်းရှိ မိသားစုဝင်တွေ သက်သာချောင်ချိရေးအတွက် လတိုင်းအလှူငွေပေးအပ်လှူဒါန်းလေ့ရှိကြောင်း သိရပါတယ်။

မာနေးဟာ ပေါင် ၇၀ ဝန်းကျင်တန်ဖိုးရှိ ဆီနီဂေါနိုင်ငံသုံးငွေ ၅၀၀၀၀ လှူဒါန်းနေတာဖြစ်ပြီး ရွာအတွင်း ကလေးတွေအတွက်လည်း ဘောလုံးကန်အင်္ကျီတွေ အခမဲ့လက်ဆောင်ပေးသေးတယ်လို့လည်း သိရပါတယ်။ ဒီလိုပရဟိတအကျိုးတွေသယ်ပိုးနေတဲ့ မာနေးရဲ့လုပ်ရပ်တွေကို ပရိသတ်တွေကလည်း ချီးကျူးလျက်ရှိပြီး လူမှုမီဒီယာမှာ အသီးသီးချီးကျူးရေးသားခဲ့ကြပါတယ်။ “‘အခုလိုဘောလုံးသမားတွေ ကွင်းပြင်ပမှာ ဒီလိုလုပ်ဆောင်နေတာ မြင်ရတော့ တကယ်ပဲစိတ်ချမ်းသာရပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။