နောင်တစ်ခေတ်ရဲ့ ကြယ်ပွင့်လောင်း၂၀၂၁ Golden Boy ဆုကို ဘယ်ချာတိတ်ရမလဲ?
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ
၂၀၂၁ ခုနှစ် အတွက် Golden Boy ဆု ရဲ့ ဆန်ကာတင် ကစားသမားအယောက် ၁၀၀ ရဲ့ စာရင်းမှာတော့ ဆာကာ ၊ ဂရင်းဝုဒ် ၊ ဘယ်လင်ဟမ် ၊ ဂေလ်မာ တို့လို
ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ လူငယ်ကြယ်ပွင့်ချာတိတ်တွေ အများအပြားပါဝင် လာခဲ့ကြပါတယ်။
Golden Boy ဆုကို ဒီနှစ်ကုန်ခါနီးမှာ ပေးအပ်ချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်ကစပြီး ရွေးချယ်ပေးအပ်ခဲ့တဲ့ Golden Boy ဆုဟာ ဥရောပတစ်လွှား အမှတ်ပေး ပြိုင်ပွဲတွေမှာ ပါဝင်ကစားနေတဲ့
အသက် ၂၁ နှစ်အောက် လူငယ် ကစားသမားတွေထဲက ရွေးချယ် ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။
အီတလီ အခြေစိုက် Tuttosport သတင်းစာက ဆုကို ကမကထ ပြုလုပ်ပေးတာ ဖြစ်ပြီး ဒီနှစ် စကာတင် ၁၀၀ မှာ ပရီးမီးယားလိဂ်က လူငယ် ၁၅ ဦး အထိ ပါဝင်နေပြီး
အာဆင်နယ်အသင်းဟာ လူငယ် ၄ ဦး (ဆာကာ၊ မာတင်နယ်လီ၊ ဘာလိုဂန်၊ ဆလီဘာ) တို့နဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။
အာဆင်နယ် ရဲ့ အနောက်မှာ ဥရောပချန်ပီယံ ချဲလ်ဆီး က ဘီလီဂေလ်မာ ၊ တီနိုအန်ဟိုအင်၊ အာမန်ဒိုဘရိုဂျာတို့ ၃ဦးနဲ့ ဒုတိယ အများဆုံး အသင်းအဖြစ် ရှိနေခဲ့ပါတယ်။
မန်ချက်စတာ၂ သင်းမှာတော့ ကစားသမား ၂ ဦးစီ ပါဝင်လာခဲ့ကြပါတယ်။
ယူနိုက်တက်မှာ ဂရင်းဝုဒ် နဲ့ ဒီရယ်လို တို့ပါဝင်ခဲ့ကြပြီး မန်စီးတီးမှာ ဖိလစ် စတီဗန်နိုဗစ် နဲ့ ဘာနာဘီ တို့ ပါဝင်လာခဲ့ကြပါတယ်။
ဝုဗ် အသင်းက အစ်နူရီ ၊ ဖာဘီယိုဆေးလ်ဗား၊ လီဗာပူးက ကာတစ်ဂျုံးစ် နဲ့ လက်စတာ လုခ်သောမတ်စ် တိုပါဝင်ခဲ့ကြပါတယ်။
ဒီစာရင်းမှာ မပါဝင်တဲ့ ပရီးမီးယားလိဂ်အသင်းကြီး ကတော့ စပါးအသင်း ပါပဲ။
မန်စီးတီးကနေ ဒေါ့မွန် အသင်းကို ပြောင်းရွှေ့သွားပြီး အသက် ၁၇ နှစ်ကျော် မှာပဲ အင်္ဂလန်လက်ရွေးစင် အသင်းကြီးမှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ ဘယ်လင်ဟမ် လည်း
စကာတင် ၁၀၀ မှာပါဝင် လာခဲ့ပြီး နောက်ဆုံးအဆင့်ကို ပါဝင်မယ်လို့ နာမည်ကြီးနေပါတယ်။
သူ့ရဲ့ ကလပ်အသင်းဖော် ဟာလန်း က မနှစ်က Golden Boy ရဲ့ ဆုရှင်ဖြစ်ခဲ့တာပါ။
Golden Boy ဆုဟာ လူငယ်ဘောလုံး သမားတွေ အတွက် တန်ဖိုးရှိတဲ့ ဂုဏ်ပြုမှုတစ်ခု ဖြစ်ပြီး ဒီဆုကို ရရှိတဲ့ လူငယ်တွေဟာ ကမ္ဘာ့အဆင့် အထိ
ဆက်လက် တက်လှမ်း နိုင်သူတွေ ရှိခဲ့ကြပါတယ်။
အားလုံးထဲမှာ အထင်ရှားဆုံးကတော့ မက်ဆီ ဖြစ်ပြီး အဂူရို ၊ ဖာဘရီဂတ်စ် ၊ ဝိန်းရူနီနီ ၊ ပေါ့ဂ်ဘာ တို့ဟာလည်း ဒီဆုကို ရခဲ့ဖူးပါတယ်။
ဒါပေမယ့် ဗန်ဒါဗတ် ၊ ရီနာတိုဆန်းချက်၊ မာရှယ် ၊ အဲလစ်ပါတို၊ အန်ဒါဆင် တို့လို ဆုရှင်တွေ ကတော့ မျှော်မှန်း ထားသလောက် မဖြစ်လာခဲ့ကြပါဘူး။
မက်ဆီနဲ့ စီရော်နယ်ဒို ခေတ်လွန် ဘောလုံးလောကရဲ့အကောင်းဆုံး ဖြစ်လာမယ်လို့ တစ်ပေးခံထားရတဲ့ အမ်ဘတ်ပီ လည်း ဒီဆုကို ၂၀၁၇ က ရရှိခဲ့ဖူးပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပ
Zawgyi
ဒါပေမယ့် ဗန်ဒါဗတ် ၊ ရီနာတိုဆန်းချက်ဇ်၊ မာရှယ် ၊ အဲလစ်ပါတို၊ အန်ဒါဆင် တို့လို ဆုရှင်တွေ ကတော့ မျှော်မှန်း ထားသလောက် မဖြစ်လာခဲ့ကြပါဘူး။