God လည်း ဘာမှမတတ်နိုင်တဲ့ ဆွီဒင်ရဲ့မမျှော်လင့်ထားတဲ့ ရှုံးပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဝေးကွင်းမှာ ဂျော်ဂျီယာကို ၂-၀ ဂိုးနဲ့ မမျှော်လင့်ဘဲ ရှုံးခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ဆွီဒင်ရဲ့တိုက်ရိုက်ခြေစစ်ပွဲအောင်ရေးမျှော်လင့်ချက်ဟာ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားပါတယ်။

ပိုဆိုးသွားတာက နောက်ကစားတဲ့ပွဲမှာ စပိန်က ဂရိကိုအနိုင်ရပြီး အုပ်စုဗိုလ်ဖြစ်သွားတာကြောင့် ဆွီဒင်အနေနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ချင်ရင် နောက်ဆုံးပွဲဖြစ်တဲ့ စပိန်နဲ့အဝေးကွင်းမှာ နိုင်မှကို ဖြစ်တော့မှာပါ။

ဒူးဒဏ်ရာကြောင့် ယူရို ၂၀၂၀ ကို လွဲချော်ခဲ့ရတဲ့ အီဘရာဟီမိုတစ်ယောက် ဆွီဒင်အသင်းမှာ ပြန်ပါလာခဲ့ပေမယ့် သူတို့အသင်းသမိုင်းတစ်လျှောက် ဂိုးအများသွင်းသူဟာလည်း ဒီရှော့ခ်ရဖွယ်ရှုံးပွဲကနေ ကယ်တင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီပွဲမှာ ဆွီဒင်ဟာ ဂိုးရရေးကြိုးပမ်းမှု ၁၅ ကြိမ်ထိရှိခဲ့ပြီး အိုင်ဆက်နဲ့ကလက်ဆန်တို့လည်း အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ၆၁ မိနစ်မှာ ဦးဆောင်ဂိုးရသွားတာက အိမ်ရှင်အသင်းဖြစ်ပြီး နောက် ၁၆ အကြာမှာလည်း ဆွီဒင်ပြန်မလာနိုင်တော့တဲ့ ဒုတိယဂိုးရခဲ့တာပါ။

သူ့ကိုယ်သူ God ရယ်လို့ ဝံ့ကြွားလေ့ရှိတဲ့အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့လက အသက် ၄၀ ပြည့်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ဒဏ်ရာပြသနာတွေရှိခဲ့ပေမယ့် ဂျော်ဂျီယာနဲ့ပွဲအတွက် ဆွီဒင်ပွဲထွက်စာရင်းမှာ ချက်ချင်းပါဝင်ခဲ့တာပါ။

ဒါပေမဲ့လည်း ဒီတစ်ကြိမ်မှာတော့ အေစီမီလန်မှာလို ဆွီဒင်အတွက် သူစွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ပွဲကစားချိန်နည်းပါးပြီး ကြံ့ခိုင်မှုအပြည့်အဝရှိပုံမရတဲ့သူ့ကို ပွဲထွက်စာရင်းထဲ ချက်ချင်းထည့်တာဟာလည်း အံ့သြစရာဖြစ်ခဲ့ရပါတယ်။

အခုဆိုရင် အီဘရာဟီမိုဗစ်ဟာ ဆွီဒင်အတွက် ၁၁၉ ပွဲရှိသွားခဲ့ပြီး နိုင်ငံအသင်းအတွက် ၆၂ ဂိုးသွင်းယူပေးထားပါတယ်။

ဒဏ်ရာတွေကြုံခဲ့ပေမယ့် သူဟာ ဒီရာသီအေစီမီလန်မှာ ၃ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးပေးထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

God လည္း ဘာမွမတတ္ႏိုင္တဲ့ ဆြီဒင္ရဲ႕မေမွ်ာ္လင့္ထားတဲ့ ရႈံးပြဲ

အေဝးကြင္းမွာ ေဂ်ာ္ဂ်ီယာကို ၂-၀ ဂိုးနဲ႔ မေမွ်ာ္လင့္ဘဲ ရႈံးခဲ့တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားအတြက္ ဆြီဒင္ရဲ႕တိုက္႐ိုက္ေျခစစ္ပြဲေအာင္ေရးေမွ်ာ္လင့္ခ်က္ဟာ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္သြားပါတယ္။

ပိုဆိုးသြားတာက ေနာက္ကစားတဲ့ပြဲမွာ စပိန္က ဂရိကိုအႏိုင္ရၿပီး အုပ္စုဗိုလ္ျဖစ္သြားတာေၾကာင့္ ဆြီဒင္အေနနဲ႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခ်င္ရင္ ေနာက္ဆုံးပြဲျဖစ္တဲ့ စပိန္နဲ႔အေဝးကြင္းမွာ ႏိုင္မွကို ျဖစ္ေတာ့မွာပါ။

ဒူးဒဏ္ရာေၾကာင့္ ယူ႐ို ၂၀၂၀ ကို လြဲေခ်ာ္ခဲ့ရတဲ့ အီဘရာဟီမိုတစ္ေယာက္ ဆြီဒင္အသင္းမွာ ျပန္ပါလာခဲ့ေပမယ့္ သူတို႔အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားသြင္းသူဟာလည္း ဒီေရွာ့ခ္ရဖြယ္ရႈံးပြဲကေန ကယ္တင္ေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။

အဲဒီပြဲမွာ ဆြီဒင္ဟာ ဂိုးရေရးႀကိဳးပမ္းမႈ ၁၅ ႀကိမ္ထိရွိခဲ့ၿပီး အိုင္ဆက္နဲ႔ကလက္ဆန္တို႔လည္း အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္ ၆၁ မိနစ္မွာ ဦးေဆာင္ဂိုးရသြားတာက အိမ္ရွင္အသင္းျဖစ္ၿပီး ေနာက္ ၁၆ အၾကာမွာလည္း ဆြီဒင္ျပန္မလာႏိုင္ေတာ့တဲ့ ဒုတိယဂိုးရခဲ့တာပါ။

သူ႔ကိုယ္သူ God ရယ္လို႔ ဝံ့ႂကြားေလ့ရွိတဲ့အီဘရာဟီမိုဗစ္ဟာ ၿပီးခဲ့တဲ့လက အသက္ ၄၀ ျပည့္ခဲ့သူျဖစ္ၿပီး ဒီရာသီမွာ ဒဏ္ရာျပသနာေတြရွိခဲ့ေပမယ့္ ေဂ်ာ္ဂ်ီယာနဲ႔ပြဲအတြက္ ဆြီဒင္ပြဲထြက္စာရင္းမွာ ခ်က္ခ်င္းပါဝင္ခဲ့တာပါ။

ဒါေပမဲ့လည္း ဒီတစ္ႀကိမ္မွာေတာ့ ေအစီမီလန္မွာလို ဆြီဒင္အတြက္ သူစြမ္းေဆာင္ေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။ ပြဲကစားခ်ိန္နည္းပါးၿပီး ႀကံ့ခိုင္မႈအျပည့္အဝရွိပုံမရတဲ့သူ႔ကို ပြဲထြက္စာရင္းထဲ ခ်က္ခ်င္းထည့္တာဟာလည္း အံ့ၾသစရာျဖစ္ခဲ့ရပါတယ္။

အခုဆိုရင္ အီဘရာဟီမိုဗစ္ဟာ ဆြီဒင္အတြက္ ၁၁၉ ပြဲရွိသြားခဲ့ၿပီး ႏိုင္ငံအသင္းအတြက္ ၆၂ ဂိုးသြင္းယူေပးထားပါတယ္။ ဒဏ္ရာေတြႀကဳံခဲ့ေပမယ့္ သူဟာ ဒီရာသီေအစီမီလန္မွာ ၃ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးေပးထားတာပါ။