Generation Y တွေအတွက် တစ်ခုခုလိုနေမယ့် ၁၆နှစ်အတွင်း စီရော်နယ်ဒိုနဲ့ မက်ဆီမပါတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာတို့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်က ပြုတ်သွားတာက ဂန္တဝင် ၂ဦးဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့အတွက်လည်း ကြေကွဲစရာဖြစ်ခဲ့ပါတယ်။ ၁၆နှစ်အတွင်း ပထမဆုံးအနေနဲ့ သူတို့ ၂ယောက်စလုံးမပါတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ကြည့်ရှုရတော့မှာပါ။ ၂၀၀၄-၀၅ ဘောလုံးရာသီတုန်းက သူတို့ ၂ယောက်ဟာ နောက်ဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို လွဲချော်ခဲ့ကြတာပါ။

မက်ဆီရဲ့ ဘာစီလိုနာက ၁၆သင်းအဆင့်မှာ ချဲလ်ဆီးကို မကျော်နိုင်ခဲ့ဘဲ စီရော်နယ်ဒိုကတော့ မန်ယူမှာ ကစားနေတဲ့အချိန်ဖြစ်ပြီး အေစီမီလန်ရဲ့ နောက်ကောက်ချတာ ခံခဲ့ရတာပါ။ ဒီနှစ်ဘာစီလိုနာအတွက် ချန်ပီယံလိ၈်မှာ ၁၃နှစ်ဆက်တိုက် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့စံချိန် ပျက်သွားခဲ့တာဖြစ်ပါတယ်။

မက်ဆီက ၃၃နှစ်နဲ့ စီရော်နယ်ဒိုက ၃၆ နှစ်ထဲ ရောက်နေတာဖြစ်ပြီး သူတို့၂ယောက်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ အအောင်မြင်ဆုံး ကစားသမားတွေဖြစ်တဲ့အပြင် စံချန်မှတ်တမ်းကိုယ်စီကိုလည်း ပိုင်ဆိုင်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။

အခုတော့ မျိုးဆက်သစ်တွေဖြစ်တဲ့ အမ်ဘက်ပီနဲ့ ဟာလန်းတို့က နေရာဝင်ယူဖို့ စိုင်းပြင်းနေကြပါပြီ။ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ၂ကျော့ပေါင်းမှာ ၄ဂိုးသွင်းနိုင်ခဲ့တဲ့ အမ်ဘက်ပီဆိုရင် မက်ဆီရဲ့ ချန်ပီယံလိ၈်သွင်းဂိုး ၂၅ဂိုးကို အသက်အငယ်ဆုံးရရှိခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါပြီ။ အမ်ဘက်ပီနဲ့အပြိုင်ဖြစ်လာမယ့် နောက်တစ်ယေက်ကတော့ ဟာလန်းပါပဲ။

ဒေါ့မန်တိုက်စစ်မှုးဟာလန်းဟာ ဆီဗီလာနဲ့ ကစားခဲ့တဲ့ ၁၆သင်းအဆင့် ၂ကျော့ပေါင်း ၄ဂိုးသွင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ သွင်းဂိုး ၂၀ပြည့်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ဆီဗီလာနဲ့ ၂ကောျာ့စလုံးမှာ man of the match ရခဲ့ပါတယ်။ မကြာခင်မှာ အမ်ဘက်ပီရဲ့ စံချိန်သစ်ကိုတောင် ထပ်ချိုးသွားနိုင်ခြေရှိနေတာပါ။

စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အကောင်းဆုံးအချိန်တွေနဲ့ ကြီးပြင်းလာတဲ့ Generation Y တွေအတွက်ကတော့ သူတို့ ၂ယောက်မပါတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြည့်ရတာ နှမြောလွမ်းဆွတ်စရာ ဖြစ်နေမှာသေချာပါတယ်။ ထူးခြားတာက အမ်ဘက်ပီနဲ့ ဟာလန်းတို့ ၂ယောက်စလုံးဟာ စီရော်နယ်ဒိုကို စံပြကစားသမားအဖြစ်
သတ်မှတ်ထားကြတဲ့သူတွေဖြစ်နေတာပါ။

အမ်ဘက်ပီဟာ သူရဲ့ ကလေးဘဝအိပ်ခန်းထဲမှာ စီရော်နယ်ဒိုရဲ့ ပိုစတာရုပ်ပုံတွေကပ်ထားတဲ့သူဖြစ်ပြီး ဟာလန်းကတော့ စီရော်နယ်ဒိုရဲ့ ကြံံ့ခိုင်မှုပုံစံကို အားကျတဲ့အတွက် ဒဏ်ရာကြောင့် နားနေရတဲ့အချိန်တွေတုန်းကတောင် ကာယလေ့ကျင့်ခန်းတွေကို မပျက်မကွက်ပြုလုပ်လေ့ရှိတယ်လို့ ဖခင်ဖြစ်သူက အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။

စီရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် ထာဝရ ဂိုးသွင်းအများဆုံးစံချိန်ကို ဒီချာတိတ်၂ယောက် ကျော်ဖြတ်နိုင်မလားဆိုတာ ၁၀စုနှစ်တစ်ခုအတွင်း ထပ်ပြီးစောင့်ကြည့်ရဖို့ရှိနေသလို ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်ရထားတဲ့ မှတ်တမ်းကောင်းကိုလည်း လိုက်မီဖို့ အတော်လိုအပ်ဦးမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ မဟာပြိုင်ဖက် မက်ဆီကတော့ ချန်ပီယံလိဂ် ၄ကြိမ်ရထားပါတယ်။

စီရော်နယ်ဒိုပြောခဲ့သလို ကမ္ဘာ့အကောင်းဆုံးကစားသမားဆုပေးပွဲ စင်မြင့်ထက်မှာ ၁၅နှစ်နီးပါး အမြဲအတူတကွ မြင်တွေ့ခဲ့ရတဲ့ သူနဲ့မက်ဆီတို့ရဲ့ အနေအထားမျိုး ကျန်တဲ့ဘောလုံးသမားတွေလုပ်ပြနိုင်ဖို့ မလွယ်ဘူးဆိုပေမယ့် ……။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာတို႔ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္က ျပဳတ္သြားတာက ဂႏၲဝင္ ၂ဦးျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔အတြက္လည္း ေၾကကြဲစရာျဖစ္ခဲ့ပါတယ္။ ၁၆ႏွစ္အတြင္း ပထမဆုံးအေနနဲ႔ သူတို႔ ၂ေယာက္စလုံးမပါတဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို ၾကည့္ရႈရေတာ့မွာပါ။ ၂၀၀၄-၀၅ ေဘာလုံးရာသီတုန္းက သူတို႔ ၂ေယာက္ဟာ ေနာက္ဆုံးအႀကိမ္အျဖစ္ ကြာတားဖိုင္နယ္ကို လြဲေခ်ာ္ခဲ့ၾကတာပါ။

မက္ဆီရဲ႕ ဘာစီလိုနာက ၁၆သင္းအဆင့္မွာ ခ်ဲလ္ဆီးကို မေက်ာ္ႏိုင္ခဲ့ဘဲ စီေရာ္နယ္ဒိုကေတာ့ မန္ယူမွာ ကစားေနတဲ့အခ်ိန္ျဖစ္ၿပီး ေအစီမီလန္ရဲ႕ ေနာက္ေကာက္ခ်တာ ခံခဲ့ရတာပါ။ ဒီႏွစ္ဘာစီလိုနာအတြက္ ခ်န္ပီယံလိ၈္မွာ ၁၃ႏွစ္ဆက္တိုက္ ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ခဲ့တဲ့စံခ်ိန္ ပ်က္သြားခဲ့တာျဖစ္ပါတယ္။ မက္ဆီက ၃၃ႏွစ္နဲ႔ စီေရာ္နယ္ဒိုက ၃၆ ႏွစ္ထဲ ေရာက္ေနတာျဖစ္ၿပီး သူတို႔၂ေယာက္ဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အေအာင္ျမင္ဆုံး ကစားသမားေတြျဖစ္တဲ့အျပင္ စံခ်န္မွတ္တမ္းကိုယ္စီကိုလည္း ပိုင္ဆိုင္ထားၾကတဲ့သူေတြ ျဖစ္ပါတယ္။

အခုေတာ့ မ်ိဳးဆက္သစ္ေတြျဖစ္တဲ့ အမ္ဘက္ပီနဲ႔ ဟာလန္းတို႔က ေနရာဝင္ယူဖို႔ စိုင္းျပင္းေနၾကပါၿပီ။ ဘာစီလိုနာနဲ႔ ကစားခဲ့တဲ့ ၂ေက်ာ့ေပါင္းမွာ ၄ဂိုးသြင္းႏိုင္ခဲ့တဲ့ အမ္ဘက္ပီဆိုရင္ မက္ဆီရဲ႕ ခ်န္ပီယံလိ၈္သြင္းဂိုး ၂၅ဂိုးကို အသက္အငယ္ဆုံးရရွိခဲ့တဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါၿပီ။ အမ္ဘက္ပီနဲ႔အၿပိဳင္ျဖစ္လာမယ့္ ေနာက္တစ္ေယက္ကေတာ့ ဟာလန္းပါပဲ။

ေဒါ့မန္တိုက္စစ္မႈးဟာလန္းဟာ ဆီဗီလာနဲ႔ ကစားခဲ့တဲ့ ၁၆သင္းအဆင့္ ၂ေက်ာ့ေပါင္း ၄ဂိုးသြင္းႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၂၀ျပည့္ခဲ့တဲ့ အသက္အငယ္ဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ဟာလန္းဟာ ဆီဗီလာနဲ႔ ၂ေကာ်ာ့စလုံးမွာ man of the match ရခဲ့ပါတယ္။ မၾကာခင္မွာ အမ္ဘက္ပီရဲ႕ စံခ်ိန္သစ္ကိုေတာင္ ထပ္ခ်ိဳးသြားႏိုင္ေျခရွိေနတာပါ။ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြနဲ႔ ႀကီးျပင္းလာတဲ့ Generation Y ေတြအတြက္ကေတာ့ သူတို႔ ၂ေယာက္မပါတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို ၾကည့္ရတာ ႏွေျမာလြမ္းဆြတ္စရာ ျဖစ္ေနမွာေသခ်ာပါတယ္။ ထူးျခားတာက အမ္ဘက္ပီနဲ႔ ဟာလန္းတို႔ ၂ေယာက္စလုံးဟာ စီေရာ္နယ္ဒိုကို စံျပကစားသမားအျဖစ္ သတ္မွတ္ထားၾကတဲ့သူေတြျဖစ္ေနတာပါ။

အမ္ဘက္ပီဟာ သူရဲ႕ ကေလးဘဝအိပ္ခန္းထဲမွာ စီေရာ္နယ္ဒိုရဲ႕ ပိုစတာ႐ုပ္ပုံေတြကပ္ထားတဲ့သူျဖစ္ၿပီး ဟာလန္းကေတာ့ စီေရာ္နယ္ဒိုရဲ႕ ႀကံံ့ခိုင္မႈပုံစံကို အားက်တဲ့အတြက္ ဒဏ္ရာေၾကာင့္ နားေနရတဲ့အခ်ိန္ေတြတုန္းကေတာင္ ကာယေလ့က်င့္ခန္းေတြကို မပ်က္မကြက္ျပဳလုပ္ေလ့ရွိတယ္လို႔ ဖခင္ျဖစ္သူက အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုခဲ့ဖူးပါတယ္။ စီေရာ္နယ္ဒိုရဲ႕ ခ်န္ပီယံလိဂ္ ထာဝရ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ကို ဒီခ်ာတိတ္၂ေယာက္ ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ ၁၀စုႏွစ္တစ္ခုအတြင္း ထပ္ၿပီးေစာင့္ၾကည့္ရဖို႔ရွိေနသလို ခ်န္ပီယံလိဂ္ဆုဖလား ၅ ႀကိမ္ရထားတဲ့ မွတ္တမ္းေကာင္းကိုလည္း လိုက္မီဖို႔ အေတာ္လိုအပ္ဦးမွာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ မဟာၿပိဳင္ဖက္ မက္ဆီကေတာ့ ခ်န္ပီယံလိဂ္ ၄ႀကိမ္ရထားပါတယ္။

စီေရာ္နယ္ဒိုေျပာခဲ့သလို ကမာၻ႔အေကာင္းဆုံးကစားသမားဆုေပးပြဲ စင္ျမင့္ထက္မွာ ၁၅ႏွစ္နီးပါး အၿမဲအတူတကြ ျမင္ေတြ႕ခဲ့ရတဲ့ သူနဲ႔မက္ဆီတို႔ရဲ႕ အေနအထားမ်ိဳး က်န္တဲ့ေဘာလုံးသမားေတြလုပ္ျပႏိုင္ဖို႔ မလြယ္ဘူးဆိုေပမယ့္ ……။