FIFPro ရဲ႕ကမာၻအေကာင္းဆုံးအသင္းဆန္ခါတင္စာရင္း ၁၅ ႀကိမ္စလုံးမွာပါႏုိင္ခဲ့တဲ့ေရာ္နယ္ဒို

photo-sportbible

photo-gettyimages

ၾကာသပေတးေန႔က ဖီဖာဟာ တစ္ကမာၻလုံးက ပေရာ္ဖက္ရွင္နယ္ကစားသမားေတြကို ကုိယ္စားျပဳတဲ့ FIFPro ရဲ႕ေနရာအလိုက္ကမာၻ႔အေကာင္းဆုံး ၁၁ ေယာက္အတြက္ ဆန္ခါတင္ ၅၅ ဦးစာရင္းကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီထဲမွာ ဂိုးသမား ၅ ဦး၊ ေနာက္ခံလူ ၂၀ ဦး၊ ကြင္းလယ္လူ ၁၅ ဦးနဲ႔ တိုက္စစ္မႈး ၁၅ ဦးတို႔ပါ၀င္ပါတယ္။ ဘယ္ေနရာကိုပဲၾကည့္ၾကည့္ ကမာၻ႔အဆင့္အရည္အေသြးရွိသူေတြခ်ည္းပါပဲ။ ဒီထဲမွာ စီေရာ္နယ္ဒိုနဲ႔ မက္ဆီတု႔ိလည္း သိပ္ပါတာေပါ့။

photo-fifpro

အဲဒီစူပါစတားႏွစ္ေယာက္ဟာ FIFPro ရဲ႕ေနရာအလိုက္ကမာၻ႔အေကာင္းဆုံးအသင္းမွာ ၁၂ ႀကိမ္နဲ႔ အႀကိမ္အမ်ားဆုံးပါႏိုင္ခဲ့တယ္ဆုိတဲ့ စံခ်ိန္မွတ္တမ္းကိုလည္း ပူးတြဲပိုင္ဆိုင္ထားတာပါ။ ဒါေပမဲ့လည္း ဒီတစ္ႀကိမ္ FIFPro ရဲ႕ဆန္ခါတင္စာရင္းမွာ ပါႏိုင္ခဲ့တာေၾကာင့္ စီေရာ္နယ္ဒိုဟာ လြန္ခ့ဲတဲ့ ၁၅ ႏွစ္ကတည္းက FIFPro ရဲ႕ဆန္ခါတင္စာရင္းမွာ ႏွစ္တိုင္းပါႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္လာခဲ့ပါတယ္။ FIFPro ဟာ ဒီလိုေရြးခ်ယ္မႈကို ၂၀၀၅ ခုႏွစ္ကတည္းက စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အဲဒီကတည္းက ၁၉ ႏွစ္အရြယ္ စီေရာ္နယ္ဒိုဟာ ဆန္ခါတင္စာရင္းထဲပါႏိုင္ခဲ့တာပါ။

photo-gettyimages

စီေရာ္နယ္ဒိုထက္ ၂ ႏွစ္ငယ္တာေၾကာင့္ မက္ဆီကေတာ့ FIFPro ရဲ႕ေနရာအလိုက္ကမာၻ႔အေကာင္းဆုံးအသင္းအတြက္ ဆန္ခါတင္စာရင္းထဲမွာ ၂၀၀၆ အထိ ပါႏုိင္ျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ့လည္း သူတုိ႔ႏွစ္ေယာက္ဟာ အၿပီးသတ္ေရြးခ်ယ္တဲ့ FIFPro ရဲ႕ေနရာအလိုက္ကမာၻ႔အေကာင္းဆုံးအသင္းမွာ ၂၀၀၇ ကစၿပီး အတူပါလာခဲ့ၾကတယ္။ မက္ဆီအေနနဲ႔ ဆန္ခါတင္စာရင္းစပါတဲ့ႏွစ္မွာပဲ အၿပီးသတ္ထဲ ပါႏိုင္ခဲ့တာပါ။ အဲဒီကတည္းက စီေရာ္နယ္ဒုိနဲ႔မက္ဆီတို႔ဟာ ေနရာအလုိက္ကမာၻ႕အေကာင္းဆုံးအသင္းမွာ ႏွစ္တိုင္းေရြးခ်ယ္ခံခဲ့ရတာ ဒီကေန႔တိုင္ေအာင္ပါပဲ။

[Unicode]

ကြာသပတေးနေ့က ဖီဖာဟာ တစ်ကမ္ဘာလုံးက ပရော်ဖက်ရှင်နယ်ကစားသမားတွေကို ကိုယ်စားပြုတဲ့ FIFPro ရဲ့နေရာအလိုက်ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အတွက် ဆန်ခါတင် ၅၅ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂိုးသမား ၅ ဦး၊ နောက်ခံလူ ၂၀ ဦး၊ ကွင်းလယ်လူ ၁၅ ဦးနဲ့ တိုက်စစ်မှုး ၁၅ ဦးတို့ပါဝင်ပါတယ်။ ဘယ်နေရာကိုပဲကြည့်ကြည့် ကမ္ဘာ့အဆင့်အရည်အသွေးရှိသူတွေချည်းပါပဲ။ ဒီထဲမှာ စီရော်နယ်ဒိုနဲ့ မက်ဆီတု့ိလည်း သိပ်ပါတာပေါ့။

အဲဒီစူပါစတားနှစ်ယောက်ဟာ FIFPro ရဲ့နေရာအလိုက်ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ၁၂ ကြိမ်နဲ့ အကြိမ်အများဆုံးပါနိုင်ခဲ့တယ်ဆိုတဲ့ စံချိန်မှတ်တမ်းကိုလည်း ပူးတွဲပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့လည်း ဒီတစ်ကြိမ် FIFPro ရဲ့ဆန်ခါတင်စာရင်းမှာ ပါနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက FIFPro ရဲ့ဆန်ခါတင်စာရင်းမှာ နှစ်တိုင်းပါနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာခဲ့ပါတယ်။ FIFPro ဟာ ဒီလိုရွေးချယ်မှုကို ၂၀၀၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီကတည်းက ၁၉ နှစ်အရွယ် စီရော်နယ်ဒိုဟာ ဆန်ခါတင်စာရင်းထဲပါနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုထက် ၂ နှစ်ငယ်တာကြောင့် မက်ဆီကတော့ FIFPro ရဲ့နေရာအလိုက်ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်စာရင်းထဲမှာ ၂၀၀၆ အထိ ပါနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ဟာ အပြီးသတ်ရွေးချယ်တဲ့ FIFPro ရဲ့နေရာအလိုက်ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ၂၀၀၇ ကစပြီး အတူပါလာခဲ့ကြတယ်။ မက်ဆီအနေနဲ့ ဆန်ခါတင်စာရင်းစပါတဲ့နှစ်မှာပဲ အပြီးသတ်ထဲ ပါနိုင်ခဲ့တာပါ။ အဲဒီကတည်းက စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ နေရာအလိုက်ကမ္ဘာ့အကောင်းဆုံးအသင်းမှာ နှစ်တိုင်းရွေးချယ်ခံခဲ့ရတာ ဒီကနေ့တိုင်အောင်ပါပဲ။