ဖီဖာအေကာင္းဆုံးအသင္း စာရင္းမေၾကညာခင္မွာ သတင္းေပါက္ၾကား…ရလဒ္ေတြဆုိးရြားခဲ့တဲ့ရီးရဲလ္အသင္းက ၄ဦးအထိပါ၀င္ေနဟုဆို

Photo Credit

စပိန္မွာ ထြက္ေပၚေနတဲ့ သတင္းေတြအရ ဖီဖာအေကာင္းဆံုး ၁၁ ေယာက္စာရင္းမွာ ယမန္ႏွစ္ရာသီကဆိုးရြားတဲ့ ရလဒ္ေတြ ရရွိခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ၾကယ္ပြင့္ကစားသမား ၄ ဦးအထိပါဝင္ေနပါတယ္။

 

Photo Credit

တနလၤာညမွာ ဖီဖာအေကာင္းဆံုးကစားသမား ၁၁ ေယာက္ ဆုခ်ီးျမွင့္ပြဲအခမ္းအနားကို မီလန္ၿမိဳ႕မွာက်င္းပမွာ ျဖစ္ၿပီး စပိန္သတင္းစာျဖစ္တဲ့ AS သတင္းစာက ကမၻာ့အေကာင္းဆံုး ၁၁ ေယာက္စာရင္းကို ထုတ္ျပန္ခဲ့ရာမွာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေတြက ဦးေဆာင္ေနပါတယ္။

Photo Credit

အဆုိပါ ကစားသမားေတြကေတာ့ ဆာဂ်ီယိုရာမို႔စ္၊ မာဆယ္လို၊ လူကာမိုဒရစ္နဲ႔ အီဒင္ဟာဇက္တို႔ ျဖစ္ၾကၿပီး ဟာဇက္ကေတာ့ ယမန္ႏွစ္ရာသီမွာ ယူ႐ိုပါလိဂ္ဖလားဆြတ္ခူးခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕အဓိကကစားသမားျဖစ္ခဲ့သလို ပေရာ္ဖက္ရွင္နယ္ ၂၃၀၀၀ က မဲေပးခဲ့ၾကပါတယ္။

Photo Credit

ခံစစ္ကစားသမားေတြအျဖစ္ေတာ့ ဆာဂ်ီယိုရာမို႔စ္အျပင္ ယမန္ႏွစ္ကလီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးပိုင္ဆိုင္ႏိုင္ေအာင္ ကူညီေပးခဲ့တဲ့ ဗဟိုေနာက္ခံလူဗန္ဒိုက္က ေရပန္းစားေနပါတယ္။

Photo Credit

ဒါ့အျပင္ ယမန္ႏွစ္ရာသီက ဘာစီလုိနာနဲ႔ ေအဂ်က္စ္အသင္းတို႔ကိုခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အထိေရာက္ရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၾကတဲ့ ၾကယ္ပြင့္မက္ဆီနဲ႔ ေအဂ်က္စ္ကြင္းလယ္လူေဟာင္း လက္ရွိဘာစီလုိနာၾကယ္ပြင့္ ဖရန္ကီဒီေဂ်ာင္တို႔လည္း အဆိုပါ အေကာင္းဆံုး ၁၁ ေယာက္စာရင္းမွာ ပါဝင္ေနပါတယ္။

Photo Credit

တနလာၤေန႔ညမွာက်င္းပမယ့္ ဖီဖာအေကာင္းဆံုးကစားသမား ၁၁ ေယာက္စာရင္မွာ လီဗာပူးဂိုးသမားအဲလစ္ဆန္နဲ႔ ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ခရစၥတီယာႏို္ေရာ္နယ္ဒိုတို႔လည္း ပါဝင္ေနပါေသးတယ္။

ဖီဖာအေကာင္းဆံုးအသင္းမွ ေပါက္ၾကားခဲ့တဲ့ ၉ ဦး

ဂိုးသမား – အဲလစ္ဆန္
ေနာက္ခံလူ – ဗန္ဒိုက္၊ ရာမို႔စ္ ၊ မာဆယ္လို
ကြင္းလယ္လူ – ဒီေဂ်ာင္၊ မိုဒရစ္
တိုက္စစ္မွဴး – မက္ဆီ၊ ေရာ္နယ္ဒို ၊ ဟာဇက္

Unicode

ဖီဖာအကောင်းဆုံးအသင်း စာရင်းမကြေညာခင်မှာ သတင်းပေါက်ကြား…ရလဒ်တွေဆိုးရွားခဲ့တဲ့ရီးရဲလ်အသင်းက ၄ဦးအထိပါဝင်နေဟုဆို

စပိန်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဖီဖာအကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ယမန်နှစ်ရာသီကဆိုးရွားတဲ့ ရလဒ်တွေ ရရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ၄ ဦးအထိပါဝင်နေပါတယ်။
တနင်္လာညမှာ ဖီဖာအကောင်းဆုံးကစားသမား ၁၁ ယောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို မီလန်မြို့မှာကျင်းပမှာ ဖြစ်ပြီး စပိန်သတင်းစာဖြစ်တဲ့ AS သတင်းစာက ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေက ဦးဆောင်နေပါတယ်။
အဆိုပါ ကစားသမားတွေကတော့ ဆာဂျီယိုရာမို့စ်၊ မာဆယ်လို၊ လူကာမိုဒရစ်နဲ့ အီဒင်ဟာဇက်တို့ ဖြစ်ကြပြီး ဟာဇက်ကတော့ ယမန်နှစ်ရာသီမှာ ယူရိုပါလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့အဓိကကစားသမားဖြစ်ခဲ့သလို ပရော်ဖက်ရှင်နယ် ၂၃၀၀၀ က မဲပေးခဲ့ကြပါတယ်။
ခံစစ်ကစားသမားတွေအဖြစ်တော့ ဆာဂျီယိုရာမို့စ်အပြင် ယမန်နှစ်ကလီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးပိုင်ဆိုင်နိုင်အောင် ကူညီပေးခဲ့တဲ့ ဗဟိုနောက်ခံလူဗန်ဒိုက်က ရေပန်းစားနေပါတယ်။
ဒါ့အပြင် ယမန်နှစ်ရာသီက ဘာစီလိုနာနဲ့ အေဂျက်စ်အသင်းတို့ကိုချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ကြယ်ပွင့်မက်ဆီနဲ့ အေဂျက်စ်ကွင်းလယ်လူဟောင်း လက်ရှိဘာစီလိုနာကြယ်ပွင့် ဖရန်ကီဒီဂျောင်တို့လည်း အဆိုပါ အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ပါဝင်နေပါတယ်။
တနလာၤနေ့ညမှာကျင်းပမယ့် ဖီဖာအကောင်းဆုံးကစားသမား ၁၁ ယောက်စာရင်မှာ လီဗာပူးဂိုးသမားအဲလစ်ဆန်နဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့လည်း ပါဝင်နေပါသေးတယ်။

ဖီဖာအကောင်းဆုံးအသင်းမှ ပေါက်ကြားခဲ့တဲ့ ၉ ဦး

ဂိုးသမား – အဲလစ်ဆန်
နောက်ခံလူ – ဗန်ဒိုက်၊ ရာမို့စ် ၊ မာဆယ်လို
ကွင်းလယ်လူ – ဒီဂျောင်၊ မိုဒရစ်
တိုက်စစ်မှူး – မက်ဆီ၊ ရော်နယ်ဒို ၊ ဟာဇက်