FIFA Best မက္ဆီျဖစ္လာခ်ိန္မွာ ေရာ္နယ္ဒိုကို The best ever အျဖစ္ သတ္မွတ္လုိက္တဲ့ ေပၚတူဂီအသင္း

Photo Credit ; Getty Images / Goal

Photo Credit

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးေရာ္နယ္ဒိုဟာ ၂၀၁၉ ခုႏွစ္အတြက္ ဖီဖာအေကာင္းဆုံးကစားသမားဆုစာရင္းမွာ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီကို မယွဥ္ႏုိင္ခဲ့ေပမယ့္ ေပၚတူဂီအသင္းကေတာ့ သူတုိ႔ရဲ႕အသင္းေခါင္းေဆာင္ကို အျပည့္အ၀ေထာက္ခံသြားခဲ့ၿပီး ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္လုိက္ပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ အဲဒီဆုပထမဆုံးအႀကိမ္ေပးအပ္ခ်ီးျမႇင့္တဲ့ ၂၀၁၆ ခုႏွစ္မွာ ပထမဆုံးဆုရွင္အျဖစ္ မက္ဆီကို ေက်ာ္ျဖတ္ကာ ရပ္တည္ႏိုင္ခဲ့ၿပီး ေနာက္တစ္ႏွစ္မွာလည္း မက္ဆီကိုပဲ ေက်ာ္ျဖတ္ကာ အဲဒီအေကာင္းဆုံးကစားသမားဆု ရရွိခဲ့ပါတယ္။

Photo Credit

အသက္ ၃၄ ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ အသက္ႀကီးလာၿပီျဖစ္ေပမယ့္ စိန္ေခၚမႈေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ေနၿပီး ပရိသတ္အမ်ားစုက သူ႕ကို ကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ထားၾကပါတယ္။

Photo Credit

အဲဒီအထဲမွာ ေပၚတူဂီအသင္းလည္း ပါ၀င္ခဲ့ၿပီး ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆု မက္ဆီရရွိခဲ့ၿပီးေနာက္ ျပန္လည္တု႔ံျပန္တဲ့အေနနနဲ႔ အသင္းရဲ႕တရား၀င္တြစ္တာမွာ သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးကစားသမားဆုိတဲ့စာေရးသားကာ ေရာ္နယ္ဒိုရဲ႕ပုံနဲ႔အတူ ပို႔စ္တင္ခဲ့ပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ ေပၚတူဂီသမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးကစားသမားအျဖစ္ အျငင္းပြားဖြယ္မရွိ ရပ္တည္ေနၿပီး ယူ႐ို ၂၀၁၆ၿပိဳင္ပြဲမွာ လက္ေရြးစင္အသင္း ပထမဆုံးေမဂ်ာဖလားရရွိဖို႔ ကူညီေပးႏိုင္ခဲ့သလုိ ပထမဆုံးအႀကိမ္က်င္းပတဲ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

Photo Credit

သူဟာ ေပၚတူဂီအသင္းအတြက္ ပဲြေပါင္း ၁၆၀မွာ ၉၃ဂိုးအထိသြင္းယူထားၿပီး ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ထာ၀ရလက္ေရြးစင္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ၁၀၉ ဂိုးနဲ႔ရပ္တည္ေနတဲ့ အီရန္ဂႏၳ၀င္တုိက္စစ္မွဴး အလီဒါယီရဲ႕မွတ္တမ္းကို ေက်ာ္ျဖတ္ႏိုင္ဖို႔ နီးစပ္ေနပါတယ္။

Photo Credit

ေရာ္နယ္ဒိုဟာ အေသးစားဒဏ္ရာျပႆနာေၾကာင့္ မီလန္ၿမိဳ႕ရွိ အဲဒီဆုေပးပြဲအခမ္းအနားကို မတက္ေရာက္ခဲ့ဘဲ အေကာင္းဆံုးဆုျငင္းဆန္ခံခဲ့ရတာကို ေက်ာ္ျဖတ္ခ့ဲၿပီးျဖစ္တယ္လုိ႔ အဓိပၸာယ္ရတဲ့ပို႔စ္တစ္ခု အင္စတာဂရမ္မွာ တင္ခဲ့ပါတယ္။

Photo Credit

Unicode

FIFA Best မက်ဆီဖြစ်လာချိန်မှာ ရော်နယ်ဒိုကို The best ever အဖြစ် သတ်မှတ်လိုက်တဲ့ ပေါ်တူဂီအသင်း

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ၂၀၁၉ ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုစာရင်းမှာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကို မယှဉ်နိုင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်ကို အပြည့်အဝထောက်ခံသွားခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်လိုက်ပါတယ်။
ရော်နယ်ဒိုဟာ အဲဒီဆုပထမဆုံးအကြိမ်ပေးအပ်ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ်မှာ ပထမဆုံးဆုရှင်အဖြစ် မက်ဆီကို ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ပြီး နောက်တစ်နှစ်မှာလည်း မက်ဆီကိုပဲ ကျော်ဖြတ်ကာ အဲဒီအကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အသက်ကြီးလာပြီဖြစ်ပေမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံးကျော်ဖြတ်နေပြီး ပရိသတ်အများစုက သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားကြပါတယ်။
အဲဒီအထဲမှာ ပေါ်တူဂီအသင်းလည်း ပါဝင်ခဲ့ပြီး ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆု မက်ဆီရရှိခဲ့ပြီးနောက် ပြန်လည်တုံ့ပြန်တဲ့အနေနနဲ့ အသင်းရဲ့တရားဝင်တွစ်တာမှာ သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားဆိုတဲ့စာရေးသားကာ ရော်နယ်ဒိုရဲ့ပုံနဲ့အတူ ပို့စ်တင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားအဖြစ် အငြင်းပွားဖွယ်မရှိ ရပ်တည်နေပြီး ယူရို ၂၀၁၆ပြိုင်ပွဲမှာ လက်ရွေးစင်အသင်း ပထမဆုံးမေဂျာဖလားရရှိဖို့ ကူညီပေးနိုင်ခဲ့သလို ပထမဆုံးအကြိမ်ကျင်းပတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
သူဟာ ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း ၁၆၀မှာ ၉၃ဂိုးအထိသွင်းယူထားပြီး ဘောလုံးသမိုင်းတစ်လျှောက် ထာဝရလက်ရွေးစင်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၀၉ ဂိုးနဲ့ရပ်တည်နေတဲ့ အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီရဲ့မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပါတယ်။
ရော်နယ်ဒိုဟာ အသေးစားဒဏ်ရာပြဿနာကြောင့် မီလန်မြို့ရှိ အဲဒီဆုပေးပွဲအခမ်းအနားကို မတက်ရောက်ခဲ့ဘဲ အကောင်းဆုံးဆုငြင်းဆန်ခံခဲ့ရတာကို ကျော်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ပို့စ်တစ်ခု အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။