FIFA 21 ရဲ့ အကောင်းဆုံး အသင်းမှာ မက်ဆီ ချန်လှပ်ခြင်း ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

EA Sports ကနေပြီး FIFA 21 Team of the Year ကို ကြေညာခဲ့ရမှာ ပထမဆုံး အကြိမ်အဖြစ် လီယွန်နယ် မက်ဆီ ပါဝင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။ လူပေါင်း ( ၁၀ ) သန်းကျော် မဲမေးမှုနဲ့အတူ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ရော်နယ်ဒို ၊ လီဝမ်ဒေါစကီး နှင့် ဒီဘရိုင်းအပါအဝင် အခြားသော ကစားသမားတွေအတွက် ကြီးမားတဲ့ in-game upgrades တွေ ရရှိမှာ ဖြစ်ပါတယ်။

ဖလား ( ၃ ) လုံးချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှ လီဝမ်ဒေါစကီး ၊ နူအာ ၊ ဒေးဗီးစ် နှင့် ကင်းမစ် တို့ ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းမှ ဗန်ဒိုက် နှင့် အလက်ဇန္ဒား အာနိုးတို့ ရွေးချယ်ခံခဲ့ရပါတယ်။ အဆိုပါ အသင်းကို ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ / ၂၀ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဖလား ( ၃ ) လုံး ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ( ၄၇ ) ပွဲမှာ ( ၅၅ ) ဂိုးထိ သွင်းယူခဲ့တဲ့ လီဝမ်ဒေါစကီးက စွမ်းဆောင်ရည် သတ်မှတ်ချက် ( ၉၉ ) ရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့အတူ ( ၉၈ ) သာ ရရှိခဲ့ပါတယ်။

မက်ဆီအနေနဲ့ FIFA 11 စတင်ကတည်းက ပြီးခဲ့တဲ့ နှစ်အထိ အကောင်းဆုံးအသင်းမှာ နှစ်စဉ်ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၁၉ / ၂၀ ဘောလုံးရာသီမှာ ( ၃၁ ) ဂိုး သွင်းယူခဲ့ပြီး လက်ရှိရာသီမှာ ( ၁၄ ) ဂိုး သွင်းယူထားပေမယ့် ဘာစီလိုနာအသင်းက ရုန်းကန်နေရတဲ့အတွက် ယခုလို ချန်လှပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

FIFA 21 Team of the Year အပြည့်အစုံ

ဂိုးသမား – နူအာ ( ဘိုင်ယန်မြူးနစ်) ဘယ်နောက်ခံ – ဒေးဗီးစ် ( ဘိုင်ယန်မြူးနစ် ) ဗဟိုခံစစ် – ရာမို့စ် ( ရီးရဲမက်ဒရစ် ) ဗဟိုခံစစ် – ဗန်ဒိုက် ( လီဗာပူး ) ညာနောက်ခံ – အာနိုး ( လီဗာပူး ) ကွင်းလယ် – ကင်းမစ် ( ဘိုင်ယန်မြူးနစ် ) ကွင်းလယ် – ဒီဘရိုင်း ( မန်စီးတီး ) ကွင်းလယ် – ဖာနန်ဒက်စ် ( မန်ယူ ) ဘယ်တောင်ပံ – ရော်နယ်ဒို ( ဂျူဗင်တပ် ) တိုက်စစ် – လီဝမ်ဒေါစကီး ( ဘိုင်ယန်မြူးနစ် ) ညာတောင်ပံ – အမ်ဘာပေ ( ပီအက်စ်ဂျီ)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

FIFA 21 ရဲ႕ အေကာင္းဆုံး အသင္းမွာ မက္ဆီ ခ်န္လွပ္ျခင္း ခံရ

EA Sports ကေနၿပီး FIFA 21 Team of the Year ကို ေၾကညာခဲ့ရမွာ ပထမဆုံး အႀကိမ္အျဖစ္ လီယြန္နယ္ မက္ဆီ ပါဝင္ျခင္း မရွိခဲ့တာ ေတြ႕ရပါတယ္။ လူေပါင္း ( ၁၀ ) သန္းေက်ာ္ မဲေမးမႈနဲ႔အတူ အေကာင္းဆုံးအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ေရာ္နယ္ဒို ၊ လီဝမ္ေဒါစကီး ႏွင့္ ဒီဘ႐ိုင္းအပါအဝင္ အျခားေသာ ကစားသမားေတြအတြက္ ႀကီးမားတဲ့ in-game upgrades ေတြ ရရွိမွာ ျဖစ္ပါတယ္။ ဖလား ( ၃ ) လုံးခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းမွ လီဝမ္ေဒါစကီး ၊ ႏူအာ ၊ ေဒးဗီးစ္ ႏွင့္ ကင္းမစ္ တို႔ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းမွ ဗန္ဒိုက္ ႏွင့္ အလက္ဇႏၵား အာႏိုးတို႔ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ အဆိုပါ အသင္းကို ေၾကညာၿပီး နာရီပိုင္းအတြင္းမွာပဲ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ သတ္မွတ္ခ်က္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၉ / ၂၀ ေဘာလုံးရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဖလား ( ၃ ) လုံး ရရွိခဲ့ၿပီး ၿပိဳင္ပြဲစုံ ( ၄၇ ) ပြဲမွာ ( ၅၅ ) ဂိုးထိ သြင္းယူခဲ့တဲ့ လီဝမ္ေဒါစကီးက စြမ္းေဆာင္ရည္ သတ္မွတ္ခ်က္ ( ၉၉ ) ရရွိမယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ဂ်ဴဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုနဲ႔အတူ ( ၉၈ ) သာ ရရွိခဲ့ပါတယ္။ မက္ဆီအေနနဲ႔ FIFA 11 စတင္ကတည္းက ၿပီးခဲ့တဲ့ ႏွစ္အထိ အေကာင္းဆုံးအသင္းမွာ ႏွစ္စဥ္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ ၂၀၁၉ / ၂၀ ေဘာလုံးရာသီမွာ ( ၃၁ ) ဂိုး သြင္းယူခဲ့ၿပီး လက္ရွိရာသီမွာ ( ၁၄ ) ဂိုး သြင္းယူထားေပမယ့္ ဘာစီလိုနာအသင္းက ႐ုန္းကန္ေနရတဲ့အတြက္ ယခုလို ခ်န္လွပ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

FIFA 21 Team of the Year အျပည့္အစုံ

ဂိုးသမား – ႏူအာ ( ဘိုင္ယန္ျမဴးနစ္) ဘယ္ေနာက္ခံ – ေဒးဗီးစ္ ( ဘိုင္ယန္ျမဴးနစ္ ) ဗဟိုခံစစ္ – ရာမို႔စ္ ( ရီးရဲမက္ဒရစ္ ) ဗဟိုခံစစ္ – ဗန္ဒိုက္ ( လီဗာပူး ) ညာေနာက္ခံ – အာႏိုး ( လီဗာပူး ) ကြင္းလယ္ – ကင္းမစ္ ( ဘိုင္ယန္ျမဴးနစ္ ) ကြင္းလယ္ – ဒီဘ႐ိုင္း ( မန္စီးတီး ) ကြင္းလယ္ – ဖာနန္ဒက္စ္ ( မန္ယူ ) ဘယ္ေတာင္ပံ – ေရာ္နယ္ဒို ( ဂ်ဴဗင္တပ္ ) တိုက္စစ္ – လီဝမ္ေဒါစကီး ( ဘိုင္ယန္ျမဴးနစ္ ) ညာေတာင္ပံ – အမ္ဘာေပ ( ပီအက္စ္ဂ်ီ)