FIFA 21 ဂိမ်းကြောင့် အီဘရာဟီမိုဗစ်ဘက်က ရပ်တည်မယ့်သူအများကြီးရှိလာတော့မယ်လို့ ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

FIFA 21 ဂိမ်းမှာ ကစားသမားတွေနဲ့ ထပ်တူနီးပါးတူညီတဲ့ပုံတွေကို ခွင့်ပြုချက်မရဘဲ သုံးခဲ့မှုအတွက် အီဘရာဟီမိုဗစ်ကစတင်အရေးဆိုလိုက်မှုကို ကျန်တဲ့ကစားသမား ၃၀၀ အထိပူးပေါင်းပါဝင်တော့မယ်လို့ မိုဗစ်ရဲ့အေးဂျင့်ဖြစ်တဲ့ မိုင်နိုရွိုင်အိုလာက ပြောလိုက်ပါတယ်။

ဖီဖာရဲ့ ဂိမ်းခွေတွေကိုထုတ်လုပ်နေတဲ့ EA Sports ဟာ မိုဗစ်အပြင် ဂါရတ်ဘေးလ်နဲ့အခြားသော နာမည်ကျော်အများအပြားရဲ့ ပုံစံတူကိုဂိမ်းခွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့တာကြောင့် ပုံရိပ်အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး ဘယ်သူ့ခွင့်ပြုချက်ရယူခဲ့သလဲဆိုတာကို မိုဗစ်က တွစ်တာကနေ မကြာသေးခင်က မေးခွန်းထုတ်ခဲ့ပြီး ဒါကိုစုံစမ်းမှုတွေလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒါကို ဂါရတ်ဘေးလ်ကလည်း ထောက်ခံခဲ့ပြီးနောက် အခြားသောကစားသမားအများအပြားကလည်း ပူးပေါင်းဖို ပြင်ဆင်လာကြတာပါ။ မိုဗစ်ကဆိုရင် FIFA, EA Sport ဟာသူပုံရိပ်ကို ဘယ်သူ့ခွင့်ပြုချက်နဲ့ အသုံးပြုခဲ့တာလည်းဆိုတာ သူမသိကြောင်း၊ သူဟာ FIFPro ရဲ့အဖွဲ့ဝင်မဟုတ်သလို ဟုတ်ခဲ့ရင်လည်း သူ့ခွင့်ပြုချက်မရဘဲ ပုံရိပ်အသုံးပြုခွင့်ပေးမှာ မဟုတ်ကြောင်း တွစ်တာပေါ်တင်ခဲ့ပါတယ်။

FIFA EA Sport ဟာ မိုဗစ်ရဲ့ကလပ်ဖြစ်တဲ့ အေစီမီလန်နဲ့ရော ဘေးလ်ရဲ့ကလပ်ဖြစ်တဲ့ စပါးနဲ့ပါ သဘောတူညီချက်ရယူထားတာကြောင့် အဲဒီအသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ပုံရိပ်တွေ၊ ကွင်းတွေနဲ့ အင်္ကျီတွေ ကိုအသုံးပြုခွင့်ရှိထားပါတယ်။

ဒါပေမယ့် သူတို့ ကြားသဘောတူညီချက်ဟာ ကစားသမားတွေရဲ့သဘောထားမဟုတ်လို့ မိုဗစ်ကစပြီး အရေးဆိုခဲ့တာဖြစ်ပါတယ်။

ရွိုင်အိုလာ ကလည်း FIFPro ၊ EA Sport နဲ့ အေစီမီလန်တို့ဟာ မိုဗစ်ရဲ့ပုံရိပ်ကိုအသုံးပြုခွင့်မရှိကြောင်း တွစ်တာပေါ်တင်ခဲ့ပါတယ်။

ဒါပေမယ့် FIFPro ကကြေညာချက်ထုတ်ပြန်ရာမှာ သူတို့ဟာ နိုင်ငံပေါင်း ၆၀ နီးပါးက ကစားသမားသမဂ္ဂတွေကနေတစ်ဆင့် ကစားသမား တွေရဲ့ပုံရိပ်အသုံးပြုခွင့်ကို ရယူထားတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့ကြီးဖြစ်ကြောင်း၊ဒါကြောင့် သူတို့ပုံရိပ်တွေကို အလက်ထရောနစ်နည်းပညာသုံးအနုပညာဖန်တီးမှုပြုလုပ်ပိုင်ခွင့်ရှိထားကြောင်း၊

FIFPro နဲ့ဗီဒီယိုဂိမ်းကုမ္ပဏီတွေအကြားဆက်သွယ်မှုဟာ ဒီကုမ္ပဏီတွေရဲ့ အခြားသောသဘောတူညီချက်တွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း FIFPro ဟာရလာတဲ့ ဝင်ငွေတွေကို ကစားသမားတွေရဲ့ဥပဒေစားရိတ်၊ ကစားသမားဘဝအဆုံးသတ်ချိန် ပြင်ဆင်မှုတွေ၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ တွေအတွက်ထောက်ပံ့ပေးနေတာဖြစ်ကြောင်း ဖော်ပြသွားပါတယ်။

EA Sports ကလည်း သူတို့ဟာ ကစားသမားပေါင်း ၆၅၀၀၀ နီးပါးကို ကိုယ်စားပြုထားတဲ့ FIFPro ရဲ့ခွင့်ပြုချက်နဲ့အသုံးပြုနေတာဖြစ်လို့ အသုံးပြုခွင့်နဲ့ ပတ်သက်ရင် သူတို့နဲ့သက်ဆိုင်ခြင်းမရှိဘဲ FIFPro ၊ ကစားသမားတွေနဲ့သူတို့ရဲ့အစည်းအရုံးတွေ ကြားကပြဿနာသာဖြစ် ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

FIFA 21 ဂိမ္းေၾကာင့္ အီဘရာဟီမိုဗစ္ဘက္က ရပ္တည္မယ့္သူအမ်ားႀကီးရွိလာေတာ့မယ္လို႔ ဆို

FIFA 21 ဂိမ္းမွာကစားသမားေတြနဲ႔ ထပ္တူနီးပါးတူညီတဲ့ပုံေတြကို ခြင့္ျပဳခ်က္မရဘဲ သုံးခဲ့မႈအတြက္ အီဘရာဟီမိုဗစ္ကစတင္အေရးဆိုလိုက္ မႈကို က်န္တဲ့ကစားသမား ၃၀၀ အထိပူးေပါင္းပါဝင္ေတာ့မယ္လို႔ မိုဗစ္ရဲ႕ေအးဂ်င့္ျဖစ္တဲ့ မိုင္ႏို႐ြိဳင္အိုလာက ေျပာလိုက္ပါတယ္။ ဖီဖာရဲ႕ ဂိမ္းေခြေတြကိုထုတ္လုပ္ေနတဲ့ EA Sports ဟာ မိုဗစ္အျပင္ ဂါရတ္ေဘးလ္နဲ႔အျခားေသာ နာမည္ေက်ာ္အမ်ားအျပားရဲ႕ ပုံစံတူကိုဂိမ္းေခြထဲမွာ ထည့္သြင္းအသုံးျပဳခဲ့တာေၾကာင့္ ပုံရိပ္အသုံးျပဳခြင့္နဲ႔ ပတ္သက္ၿပီး ဘယ္သူ႔ခြင့္ျပဳခ်က္ရယူခဲ့သလဲဆိုတာကို မိုဗစ္က တြစ္တာကေန မၾကာေသးခင္က ေမးခြန္းထုတ္ခဲ့ၿပီး ဒါကိုစုံစမ္းမႈေတြလုပ္သြားမယ္လို႔ ဆိုခဲ့ပါတယ္။

ဒါကို ဂါရတ္ေဘးလ္ကလည္း ေထာက္ခံခဲ့ၿပီးေနာက္ အျခားေသာကစားသမားအမ်ားအျပားကလည္း ပူးေပါင္းဖို ျပင္ဆင္လာၾကတာပါ။ မိုဗစ္ကဆိုရင္ FIFA, EA Sport ဟာသူပုံရိပ္ကို ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔ အသုံးျပဳခဲ့တာလည္းဆိုတာ သူမသိေၾကာင္း၊ သူဟာ FIFPro ရဲ႕အဖြဲ႕ဝင္မဟုတ္သလို ဟုတ္ခဲ့ရင္လည္း သူ႔ခြင့္ျပဳခ်က္မရဘဲ ပုံရိပ္အသုံးျပဳခြင့္ေပးမွာ မဟုတ္ေၾကာင္း တြစ္တာေပၚတင္ခဲ့ပါတယ္။ FIFA EA Sport ဟာ မိုဗစ္ရဲ႕ကလပ္ျဖစ္တဲ့ ေအစီမီလန္နဲ႔ေရာ ေဘးလ္ရဲ႕ကလပ္ျဖစ္တဲ့ စပါးနဲ႔ပါ သေဘာတူညီခ်က္ရယူထားတာေၾကာင့္ အဲဒီအသင္းမွာရွိတဲ့ ကစားသမားေတြရဲ႕ပုံရိပ္ေတြ၊ ကြင္းေတြနဲ႔ အက်ႌေတြ ကိုအသုံးျပဳခြင့္ရွိထားပါတယ္။

ဒါေပမယ့္ သူတို႔ ၾကားသေဘာတူညီခ်က္ဟာ ကစားသမားေတြရဲ႕သေဘာထားမဟုတ္လို႔ မိုဗစ္ကစၿပီး အေရးဆိုခဲ့တာျဖစ္ပါတယ္။ ႐ြိဳင္အိုလာ ကလည္း FIFPro ၊ EA Sport နဲ႔ ေအစီမီလန္တို႔ဟာ မိုဗစ္ရဲ႕ပုံရိပ္ကိုအသုံးျပဳခြင့္မရွိေၾကာင္း တြစ္တာေပၚတင္ခဲ့ပါတယ္။ ဒါေပမယ့္ FIFPro ကေၾကညာခ်က္ထုတ္ျပန္ရာမွာ သူတို႔ဟာ ႏိုင္ငံေပါင္း ၆၀ နီးပါးက ကစားသမားသမဂၢေတြကေနတစ္ဆင့္ ကစားသမား ေတြရဲ႕ပုံရိပ္အသုံးျပဳခြင့္ကို ရယူထားတဲ့ အက်ိဳးအျမတ္မယူတဲ့အဖြဲ႕ႀကီးျဖစ္ေၾကာင္း၊ဒါေၾကာင့္ သူတို႔ပုံရိပ္ေတြကို အလက္ထေရာနစ္နည္းပညာသုံးအႏုပညာဖန္တီးမႈျပဳလုပ္ပိုင္ခြင့္ရွိထားေၾကာင္း၊

FIFPro နဲ႔ဗီဒီယိုဂိမ္းကုမၸဏီေတြအၾကားဆက္သြယ္မႈဟာ ဒီကုမၸဏီေတြရဲ႕ အျခားေသာသေဘာတူညီခ်က္ေတြနဲ႔ လုံးဝသက္ဆိုင္ျခင္းမရွိေၾကာင္း FIFPro ဟာရလာတဲ့ ဝင္ေငြေတြကို ကစားသမားေတြရဲ႕ဥပေဒစားရိတ္၊ ကစားသမားဘဝအဆုံးသတ္ခ်ိန္ ျပင္ဆင္မႈေတြ၊ ႐ုပ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ ေတြအတြက္ေထာက္ပံ့ေပးေနတာျဖစ္ေၾကာင္း ေဖာ္ျပသြားပါတယ္။

EA Sports ကလည္း သူတို႔ဟာ ကစားသမားေပါင္း ၆၅၀၀၀ နီးပါးကို ကိုယ္စားျပဳထားတဲ့ FIFPro ရဲ႕ခြင့္ျပဳခ်က္နဲ႔အသုံးျပဳေနတာျဖစ္လို႔ အသုံးျပဳခြင့္နဲ႔ ပတ္သက္ရင္ သူတို႔နဲ႔သက္ဆိုင္ျခင္းမရွိဘဲ FIFPro ၊ ကစားသမားေတြနဲ႔သူတို႔ရဲ႕အစည္းအ႐ုံးေတြ ၾကားကျပႆနာသာျဖစ္ ေၾကာင္း တုံ႔ျပန္သြားခဲ့ပါတယ္။