Facebook မှာ Followers အများဆုံးဖြစ်နေတဲ့ နာမည်ကျော်ဘောလုံးသမားများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုရှယ်မီဒီယာလောကမှာ လူကြိုက်အများဆုံး App ထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Facebook ဟာ မနေ့ညတုန်းက နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့် (၆)နာရီကြာတဲ့အထိ ဆက်သွယ်မှုပျက်တောက်ခဲ့ပြီး Facebook နဲ့အတူ WhatsApp၊ Instagram စတဲ့ App တွေလည်း သုံးမရဖြစ်ခဲ့ပါတယ်။

အဲဒီနာရီပိုင်းအတွင်းမှာ ကမ္ဘာတစ်ဝန်းက Facebook Users တွေဟာ သူတို့ချစ်ခင်ရသူတွေနဲ့အဆက်အသွယ်ပျက်တောက်ခဲ့သလို ဘောလုံးပရိသတ်တွေကလည်း သူတို့အားပေးတဲ့ ဘောလုံးသမားတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို နာရီပိုင်းအတော်ကြာတဲ့အထိမမြင်တွေ့ခဲ့ရပါဘူး။

Facebook ပေါ်မှာ နာမည်ကျော်ဘောလုံးသမားတွေကို Follow လုပ်ထားတဲ့သူက သန်းနဲ့ချီရှိနေသလို အဲဒီထဲမှာ ဘယ်သူက Followers အများဆုံးလဲဆိုတာ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

Facebook ပေါ်မှာ Followers အများဆုံးဘောလုံးသမားကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဖြစ်ပြီး

သူ့ရဲ့ Followers အရေအတွက်က သန်း(၁၅၀)အထိရှိတဲ့အပြင် စီရော်နယ်လ်ဒိုဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Followers အများဆုံးအဖြစ် စံချိန်တင်ထားသူလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုပြီးရင်တော့ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ မက်ဆီက (၁၀၄)သန်းနဲ့ဒုတိယအများဆုံးဖြစ်နေပြီး သူနဲ့စီရော်နယ်လ်ဒိုကြားမှာ Followers အရေအတွက်က (၄၆)သန်းအထိကွာဟနေတာပါ။

စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့နောက်မှာ PSG နာမည်ကျော်ကစားသမားနေမာက (၈၇)သန်းနဲ့ရပ်တည်နေပြီး အံ့အားသင့်စရာကောင်းတာက ဘောလုံးသမားဘဝကနေ အနားယူသွားတာနှစ်တော်တော်ကြာနေပြီဖြစ်တဲ့

နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်၊ ရော်နယ်လ်ဒင်ဟိုတို့ဟာ အခုလက်ရှိဘောလုံးလောကမှာကျင်လည်နေတဲ့ ထိပ်သီးကစားသမားတချို့ထက်တောင် Followers ပိုများနေတာပါပဲ။

အင်္ဂလန်နဲ့ ယူနိုက်တက်ဂန္ထဝင်ကစားသမားဒေးဗစ်ဘက်ခမ်ရဲ့ Followers အရေအတွက်က (၅၅)သန်းအထိရှိသလို တစ်ချိန်က ပဥ္စလက်ဆန်တဲ့ခြေစွမ်းတွေနဲ့ပရိသတ်တွေရဲ့အသည်းနှလုံးကို

သိမ်းပိုက်ခဲ့သူ ဘရာဇီးလ်ဂန္ထဝင်ကြီးရော်နယ်လ်ဒင်ဟိုက (၅၂)သန်းနဲ့ အဆင့်(၄)၊ (၅)နေရာမှာတွေမှာ အသီးသီးရှိနေပါတယ်။

Followers အများဆုံးကစားသမား(၇)ဦးထဲမှာ ရီးယဲလ်အသင်းနာမည်ကျော်တိုက်စစ်မှူးဘန်ဇီမာ၊ ဘောလုံးသမားဘဝတစ်လျှောက် အေစီမီလန်၊ ရီးယဲလ်၊ ဘရာဇီးလ်အသင်းတို့နဲ့အတူ ကြီးမားတဲ့အောင်မြင်မှုရယူနိုင်ခဲ့တဲ့ ကာကာတို့လည်းပါဝင်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Facebook မွာ Followers အမ်ားဆုံးျဖစ္ေနတဲ့ နာမည္ေက်ာ္ေဘာလုံးသမားမ်ား

ဆိုရွယ္မီဒီယာေလာကမွာ လူႀကိဳက္အမ်ားဆုံး App ထဲမွာတစ္ခုအပါအဝင္ျဖစ္တဲ့ Facebook ဟာ မေန႔ညတုန္းက နည္းပညာပိုင္းဆိုင္ရာအခက္အခဲေၾကာင့္ (၆)နာရီၾကာတဲ့အထိ ဆက္သြယ္မႈပ်က္ေတာက္ခဲ့ၿပီး Facebook နဲ႔အတူ WhatsApp၊ Instagram စတဲ့ App ေတြလည္း သုံးမရျဖစ္ခဲ့ပါတယ္။ အဲဒီနာရီပိုင္းအတြင္းမွာ ကမာၻတစ္ဝန္းက Facebook Users ေတြဟာ သူတို႔ခ်စ္ခင္ရသူေတြနဲ႔အဆက္အသြယ္ပ်က္ေတာက္ခဲ့သလို ေဘာလုံးပရိသတ္ေတြကလည္း သူတို႔အားေပးတဲ့ ေဘာလုံးသမားေတြရဲ႕ လႈပ္ရွားမႈပုံရိပ္ေတြကို နာရီပိုင္းအေတာ္ၾကာတဲ့အထိမျမင္ေတြ႕ခဲ့ရပါဘူး။

Facebook ေပၚမွာ နာမည္ေက်ာ္ေဘာလုံးသမားေတြကို Follow လုပ္ထားတဲ့သူက သန္းနဲ႔ခ်ီရွိေနသလို အဲဒီထဲမွာ ဘယ္သူက Followers အမ်ားဆုံးလဲဆိုတာ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။ Facebook ေပၚမွာ Followers အမ်ားဆုံးေဘာလုံးသမားကေတာ့ အားလုံးသိၿပီးသားျဖစ္တဲ့အတိုင္း မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုျဖစ္ၿပီး သူ႔ရဲ႕ Followers အေရအတြက္က သန္း(၁၅၀)အထိရွိတဲ့အျပင္ စီေရာ္နယ္လ္ဒိုဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ Followers အမ်ားဆုံးအျဖစ္ စံခ်ိန္တင္ထားသူလည္းျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုၿပီးရင္ေတာ့ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မက္ဆီက (၁၀၄)သန္းနဲ႔ဒုတိယအမ်ားဆုံးျဖစ္ေနၿပီး သူနဲ႔စီေရာ္နယ္လ္ဒိုၾကားမွာ Followers အေရအတြက္က (၄၆)သန္းအထိကြာဟေနတာပါ။ စီေရာ္နယ္လ္ဒို၊ မက္ဆီတို႔ရဲ႕ေနာက္မွာ PSG နာမည္ေက်ာ္ကစားသမားေနမာက (၈၇)သန္းနဲ႔ရပ္တည္ေနၿပီး အံ့အားသင့္စရာေကာင္းတာက ေဘာလုံးသမားဘဝကေန အနားယူသြားတာႏွစ္ေတာ္ေတာ္ၾကာေနၿပီျဖစ္တဲ့ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္း ေဒးဗစ္ဘက္ခမ္၊ ေရာ္နယ္လ္ဒင္ဟိုတို႔ဟာ အခုလက္ရွိေဘာလုံးေလာကမွာက်င္လည္ေနတဲ့ ထိပ္သီးကစားသမားတခ်ိဳ႕ထက္ေတာင္ Followers ပိုမ်ားေနတာပါပဲ။

အဂၤလန္နဲ႔ ယူႏိုက္တက္ဂႏၴဝင္ကစားသမားေဒးဗစ္ဘက္ခမ္ရဲ႕ Followers အေရအတြက္က (၅၅)သန္းအထိရွိသလို တစ္ခ်ိန္က ပၪၥလက္ဆန္တဲ့ေျခစြမ္းေတြနဲ႔ပရိသတ္ေတြရဲ႕အသည္းႏွလုံးကို သိမ္းပိုက္ခဲ့သူ ဘရာဇီးလ္ဂႏၴဝင္ႀကီးေရာ္နယ္လ္ဒင္ဟိုက (၅၂)သန္းနဲ႔ အဆင့္(၄)၊ (၅)ေနရာမွာေတြမွာ အသီးသီးရွိေနပါတယ္။ Followers အမ်ားဆုံးကစားသမား(၇)ဦးထဲမွာ ရီးယဲလ္အသင္းနာမည္ေက်ာ္တိုက္စစ္မႉးဘန္ဇီမာ၊ ေဘာလုံးသမားဘဝတစ္ေလွ်ာက္ ေအစီမီလန္၊ ရီးယဲလ္၊ ဘရာဇီးလ္အသင္းတို႔နဲ႔အတူ ႀကီးမားတဲ့ေအာင္ျမင္မႈရယူႏိုင္ခဲ့တဲ့ ကာကာတို႔လည္းပါဝင္ခဲ့ၾကပါတယ္။