FA ဖလားပွဲစဉ်မှာ ဘောလုံးဝင်ကန်ခဲ့တဲ့ ဆယ်လီစတားတစ်ယောက်

လိဒ်ယူနိုက်တက်ကို လိဂ်တူးကလပ် ခရော်လီအသင်းက ၃-ဝနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ UK ဆယ်လီစတားတစ်ယောက် ပါဝင် ဘောလုံးကစားသွားခဲ့ပါတယ်။ သူကတော့ ရုပ်သံရှိုးအစီအစဉ်စတားဖြစ်သူ မာ့ခ်ရိုက်ပါ။

အသက် ၃၃နှစ်အရွယ် ဆယ်လီ မာ့ခ်ရိုက်ဟာ အနုပညာ ဆိုင်ရာ သတင်းထောက်တစ်ယောက်လည်း ဖြစ်ပြီး၊ သူဟာ မင်းသမီး မီရှဲလ်ကီးဂန်းနဲ့ လက်ထက် ထားသူဖြစ်ပါတယ်။

ခရော်လီအသင်း အိမ်ကွင်းက အက်ဖ်အေဖလားတတိယအကျော့ပွဲစဉ်မှာ သူက မိနစ်ပိုင်းမျှသာပါဝင်ခဲ့တာပါ။ ဒါပေမယ့် အဲဒါဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ပွဲဦးထွက်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်၃၃နှစ်အရွယ်ဆယ်လီကြီးဟာ လူသိများထင်ရှားတဲ့ဘဝကို မရောက်ခင် ၂၀၀၆-၀၇ရာသီ တုန်းကခရော်လီမှာကစားခဲ့ဖူးပါတယ်။ အခုလည်း အနိုင်ရနေတာ သေချာချိန် နောက်ဆုံးမိနစ်၉၀ဝန်းကျင်မှာ မှမာ့ခ်ရိုက် ကွင်းအတွင်း ဝင်လာခဲ့တာပါ။

အဲဒီပွဲမှာ ဆယ်လီကြီးရခဲ့တဲ့အချက်အလက်ကတော့ ဘောလုံး၁ချက်ထိ၊ ပေးပို့အားထုတ်မှု ၁ကြိမ်၊ အောင်မြင်တဲ့ပေးပို့မှု ၁ကြိမ်တို့ဖြစ်ပါတယ်။တကယ်တော့ မက်ခ်ဟာ ငယ်စဉ်ကလေးဘဝက အာဆင်နယ်၊ဝက်စ်ဟမ်းနဲ့ စပါး အကယ်ဒမီအသင်းတွေမှာ ကစား ခဲ့သူတစ်ယောက်ပါ။ ၂၀၀၅ခုနှစ် မှာတော့ စပါးအကယ်ဒမီကနေ ထွက်ခွာခဲ့ရပါတယ်။

စပါးအသင်းက သူ့ကိုစွန့်လွှတ်လိုက်ပြီးတဲ့နောက် လိဂ်တန်းမဲ့ကလပ်တစ်ခုကိုရောက်ရှိသွားခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာမှ အစီအစဉ်တင်ဆက်သူဖြစ်လာတာပါ။ အခုအချိန်မှာ အဓိက အသက်မွေးဝမ်းကြောင်းက ရုပ်သံတင်ဆက်တဲ့ အလုပ်ဖြစ်ပေမယ့် ဘောလုံးကန်တာကို မစွန့်လွှတ်နိုင်တဲ့ မာ့ခ်ဟာ စာချုပ်မရှိတဲ့ကစားသမားအဖြစ် ကလပ်နဲ့ ပူးပေါင်းထားတာဖြစ်ပါတယ်။

“စပါးကနေထွက်လာခဲ့ရတဲ့ နေ့က ကျွန်တော့်ဘဝမှာ အဆိုးရွားဆုံး နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်အော်ဟစ်ငိုယိုခဲ့ရပါတယ်။မိသားစုတွေ၊ သူငယ်ချင်းတွေဘယ်သူ့ကိုမှမမြင်ချင်ခဲ့ပါဘူး။ကစားသမားဘဝ အတွက် တော်တော်စိတ်ဓါတ်ကျခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကလပ်တွေသွားပြီး ထင်တိုင်းကြဲနေခဲ့ပါသေးတယ်။”

“အရက်တွေသောက်၊ စားချင်သမျှစားနဲ့ ဝိတ်က တက်လာခဲ့တယ်။ အဲဒါနဲ့ နောက် အသင်းတစ်ခုကိုရောက်တော့ လေ့ကျင့်ရေးတွေမှာ ခက်ခက်ခဲခဲ ကစားခဲ့ရတယ်” ဆိုပြီး မာ့ခ်ကပြောဆိုထားပါတယ်။ လောလောဆယ် ခရော်လီအသင်းကတော့ လိဒ်ကို ၃-ဝနဲ့ အနိုင်ရခဲ့လို့ အက်ဖ်အေဖလား စတုတ္ထ အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါ တယ်။

zawgyi

FA ဖလားပြဲစဥ္မွာ ေဘာလုံးဝင္ကန္ခဲ့တဲ့ ဆယ္လီစတားတစ္ေယာက္

လိဒ္ယူႏိုက္တက္ကို လိဂ္တူးကလပ္ ခေရာ္လီအသင္းက ၃-ဝနဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္မွာ UK ဆယ္လီစတားတစ္ေယာက္ ပါဝင္ ေဘာလုံးကစားသြားခဲ့ပါတယ္။ သူကေတာ့ ႐ုပ္သံရႈိးအစီအစဥ္စတားျဖစ္သူ မာ့ခ္႐ိုက္ပါ။ အသက္ ၃၃ႏွစ္အ႐ြယ္ ဆယ္လီ မာ့ခ္႐ိုက္ဟာ အႏုပညာ ဆိုင္ရာ သတင္းေထာက္တစ္ေယာက္လည္း ျဖစ္ၿပီး၊ သူဟာ မင္းသမီး မီရွဲလ္ကီးဂန္းနဲ႔ လက္ထက္ ထားသူျဖစ္ပါတယ္။

ခေရာ္လီအသင္း အိမ္ကြင္းက အက္ဖ္ေအဖလားတတိယအေက်ာ့ပြဲစဥ္မွာ သူက မိနစ္ပိုင္းမွ်သာပါဝင္ခဲ့တာပါ။ ဒါေပမယ့္ အဲဒါဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ပြဲဦးထြက္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္၃၃ႏွစ္အ႐ြယ္ဆယ္လီႀကီးဟာ လူသိမ်ားထင္ရွားတဲ့ဘဝကို မေရာက္ခင္ ၂၀၀၆-၀၇ရာသီ တုန္းကခေရာ္လီမွာကစားခဲ့ဖူးပါတယ္။ အခုလည္း အႏိုင္ရေနတာ ေသခ်ာခ်ိန္ ေနာက္ဆုံးမိနစ္၉၀ဝန္းက်င္မွာ မွမာ့ခ္႐ိုက္ ကြင္းအတြင္း ဝင္လာခဲ့တာပါ။

အဲဒီပြဲမွာ ဆယ္လီႀကီးရခဲ့တဲ့အခ်က္အလက္ကေတာ့ ေဘာလုံး၁ခ်က္ထိ၊ ေပးပို႔အားထုတ္မႈ ၁ႀကိမ္၊ ေအာင္ျမင္တဲ့ေပးပို႔မႈ ၁ႀကိမ္တို႔ျဖစ္ပါတယ္။တကယ္ေတာ့ မက္ခ္ဟာ ငယ္စဥ္ကေလးဘဝက အာဆင္နယ္၊ဝက္စ္ဟမ္းနဲ႔ စပါး အကယ္ဒမီအသင္းေတြမွာ ကစား ခဲ့သူတစ္ေယာက္ပါ။ ၂၀၀၅ခုႏွစ္ မွာေတာ့ စပါးအကယ္ဒမီကေန ထြက္ခြာခဲ့ရပါတယ္။

စပါးအသင္းက သူ႔ကိုစြန႔္လႊတ္လိုက္ၿပီးတဲ့ေနာက္ လိဂ္တန္းမဲ့ကလပ္တစ္ခုကိုေရာက္ရွိသြားခဲ့ပါေသးတယ္။ အဲဒီေနာက္ပိုင္းမွာမွ အစီအစဥ္တင္ဆက္သူျဖစ္လာတာပါ။ အခုအခ်ိန္မွာ အဓိက အသက္ေမြးဝမ္းေၾကာင္းက ႐ုပ္သံတင္ဆက္တဲ့ အလုပ္ျဖစ္ေပမယ့္ ေဘာလုံးကန္တာကို မစြန႔္လႊတ္ႏိုင္တဲ့ မာ့ခ္ဟာ စာခ်ဳပ္မရွိတဲ့ကစားသမားအျဖစ္ ကလပ္နဲ႔ ပူးေပါင္းထားတာျဖစ္ပါတယ္။

“စပါးကေနထြက္လာခဲ့ရတဲ့ ေန႔က ကြၽန္ေတာ့္ဘဝမွာ အဆိုး႐ြားဆုံး ေန႔တစ္ေန႔ ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ေအာ္ဟစ္ငိုယိုခဲ့ရပါတယ္။မိသားစုေတြ၊ သူငယ္ခ်င္းေတြဘယ္သူ႔ကိုမွမျမင္ခ်င္ခဲ့ပါဘူး။ကစားသမားဘဝ အတြက္ ေတာ္ေတာ္စိတ္ဓါတ္က်ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ကလပ္ေတြသြားၿပီး ထင္တိုင္းႀကဲေနခဲ့ပါေသးတယ္။”

“အရက္ေတြေသာက္၊ စားခ်င္သမွ်စားနဲ႔ ဝိတ္က တက္လာခဲ့တယ္။ အဲဒါနဲ႔ ေနာက္ အသင္းတစ္ခုကိုေရာက္ေတာ့ ေလ့က်င့္ေရးေတြမွာ ခက္ခက္ခဲခဲ ကစားခဲ့ရတယ္” ဆိုၿပီး မာ့ခ္ကေျပာဆိုထားပါတယ္။ ေလာေလာဆယ္ ခေရာ္လီအသင္းကေတာ့ လိဒ္ကို ၃-ဝနဲ႔ အႏိုင္ရခဲ့လို႔ အက္ဖ္ေအဖလား စတုတၳ အဆင့္ကို တက္လွမ္းခြင့္ရရွိခဲ့ပါ တယ္။