FA ဖလားပြိုင်ပွဲမှာ ယူနိုက်တက်ကို ထပ်မံ ကယ်တင်ခဲ့တဲ့ တွမ်မီနေး

FAဖလား တတိယအဆင့်တုန်းက ဝက်ဖို့ဒ်နဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူခဲ့တဲ့ တွမ်မီနေးဟာ အခု ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း သူ့ရဲ့သွင်းဂိုးနဲ့ ယူနိုက်တက်အသင်းကို ကွာတားဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ကစားသမားအပြောင်းအလဲတချို့လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ပွဲတွေတုန်းက ပွဲထွက်ခွင့်ပျောက်ခဲ့တဲ့ မာစီယဲလ်ကို ပထမကစားသမားအဖြစ် ပြန်သုံးခဲ့သလို ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်အစား ဗန်ဒီဘိခ်နဲ့ မာတစ်တို့ကို ထည့်သွင်းခဲ့တယ်။ အိုးလ်ထရက်ဖို့ဒ်ကို တစ်ကျော့ပြန်လာတဲ့ နည်းပြဒေးဗစ်မွိုက်စ်ကတော့ အိမ်ရှင်အသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်း ကစားပုံက အားရစရာ မရှိခဲ့ပါဘူး။

ပွဲချိန်တစ်လျောက်လုံး ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုလွှမ်းမိုးထားခဲ့ပေမယ့် ခံစစ်ကိုအထိုင်ချကစားနေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကစားပုံကြောင့် အပိုင်အခွင့်အရေးတွေတော့ သိပ်မရခဲ့ပါဘူး။ ဒီပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ဗန်ဒီဘိခ် ကစားပုံ မဆိုးပေမယ့် ဘရူနိုဖာနန်ဒက်စ်ကို ဖိအားပေးနိုင်ဖို့ဆိုရင်တော့ အခုထက်ပိုပြီး ရဲရဲတင်းတင်းကစားဖို့ လိုပါသေးတယ်။

ယူနိုက်တက် ကစားပုံကောင်းပေမယ့် ဝက်စ်ဟမ်းခံစစ်က အမှားမရှိလို့ ဂိုးရဖို့ ရုန်းကန်နေရပြီး ထောင့်ကန်ဘောကနေ လင်ဒီလော့ဖ်ရဲ့ခေါင်းတိုက်ချက်ကို ဖေဘီယန်စကီး လက်စွမ်းပြကာကွယ်ခဲ့သလို ရပ်ရှ်ဖို့ဒ်နဲ့ One by One တွေ့တဲ့အနေအထားမှာလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြန်တယ်။

ဝက်စ်ဟမ်းအသင်းဟာ တန်ပြန်တိုက်စစ်တွေကနေ ယူနိုက်တက်ကို ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမယ့် ဒီကလန်ရိုက်စ်၊ ဆိုချက်၊ ဖော်နယ်လ်၊ ဘိုဝင်တို့ အားလုံးပျက်နေတာကြောင့် တိုက်စစ်က ဘာမှကို မလုပ်ပြနိုင်ခဲ့ဘူး။ ဒီဂီယာအစား ဝင်ကစားတဲ့ ဟန်ဒါဆန်လည်း ခက်ခက်ခဲခဲ ဖမ်းရတာဆိုလို့ တစ်လုံးမှ မရှိဘဲ Clean sheet ရယူနိုင်ခဲ့တယ်။

ပွဲချိန်မိနစ် ၇၀​ ကျော်မှာ ဆိုးလ်ရှားက မာတစ်ကိုထုတ်ပြီး တိုက်စစ်ကို ပိုမိုလိုက်ကစားနိုင်တဲ့ တွမ်မီနေး၊ ဗန်ဒီဘိခ်နေရာမှာ ဘရူနိုဖာနန်ဒက်စ်တို့ကို လူစားထိုးခဲ့တယ်။ ဘရူနို ဝင်လာပြီးနောက်ပိုင်း တိုက်စစ်ကစားပုံကောင်းလာပေမယ့် ဝက်စ်ဟမ်းအသင်းခံစစ်ကလည်း အကောင်းဆုံးဟန့်တားနိုင်ခဲ့တယ်။

မိနစ် ၉၀ ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေလို့ အချိန်ပို ဆက်ကစားတာမှာတော့ ၉၇ မိနစ်မှာ ပယ်နယ်တီဧရိယာအတွင်း ရပ်ရှ်ဖို့ဒ် ပေးလိုက်တဲ့ဘောလုံးကို တွမ်မီနေးက မနားတမ်းမြေမကျကန်သွင်းခဲ့တာကြောင့် ယူနိုက်တက် ဂိုးရရှိခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်လို့ ယူနိုက်တက်အသင်းက ၁-၀ ဂိုးနဲ့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလားပြိုင်ပွဲမှာ အိမ်ကွင်း ၉ ပွဲဆက်အနိုင်ရခဲ့တာကြောင့် ၁၉၀၈ ခုနှစ်ကနေ ၁၉၁၂ ခုနှစ်အတွင်း တင်ရှိခဲ့တဲ့ FA ဖလား အိမ်ကွင်း နိုင်ပွဲဆက်စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့ပါပြီ။

Zawgyi

FA ဖလားၿပိဳင္ပြဲမွာ ယူႏိုက္တက္ကို ထပ္မံ ကယ္တင္ခဲ့တဲ့ တြမ္မီေနး

FAဖလား တတိယအဆင့္တုန္းက ဝက္ဖို႔ဒ္နဲ႔ပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုး သြင္းယူခဲ့တဲ့ တြမ္မီေနးဟာ အခု ဝက္စ္ဟမ္းနဲ႔ပြဲမွာလည္း သူ႔ရဲ႕သြင္းဂိုးနဲ႔ ယူႏိုက္တက္အသင္းကို ကြာတားဖိုင္နယ္ ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ကစားသမားအေျပာင္းအလဲတခ်ိဳ႕လုပ္ခဲ့ၿပီး ၿပီးခဲ့တဲ့ပြဲေတြတုန္းက ပြဲထြက္ခြင့္ေပ်ာက္ခဲ့တဲ့ မာစီယဲလ္ကို ပထမကစားသမားအျဖစ္ ျပန္သုံးခဲ့သလို ကြင္းလယ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္အစား ဗန္ဒီဘိခ္နဲ႔ မာတစ္တို႔ကို ထည့္သြင္းခဲ့တယ္။ အိုးလ္ထရက္ဖို႔ဒ္ကို တစ္ေက်ာ့ျပန္လာတဲ့ နည္းျပေဒးဗစ္မြိဳက္စ္ကေတာ့ အိမ္ရွင္အသင္းကို အေကာင္းဆုံးတုံ႔ျပန္ႏိုင္ဖို႔ ျပင္ဆင္ခဲ့ေပမယ့္ ဝက္စ္ဟမ္းအသင္း ကစားပုံက အားရစရာ မရွိခဲ့ပါဘူး။

ပြဲခ်ိန္တစ္ေလ်ာက္လုံး ယူႏိုက္တက္အသင္းက ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပြဲကိုလႊမ္းမိုးထားခဲ့ေပမယ့္ ခံစစ္ကိုအထိုင္ခ်ကစားေနတဲ့ ဝက္စ္ဟမ္းအသင္းရဲ႕ ကစားပုံေၾကာင့္ အပိုင္အခြင့္အေရးေတြေတာ့ သိပ္မရခဲ့ပါဘူး။ ဒီပြဲမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ ဗန္ဒီဘိခ္ ကစားပုံ မဆိုးေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္ကို ဖိအားေပးႏိုင္ဖို႔ဆိုရင္ေတာ့ အခုထက္ပိုၿပီး ရဲရဲတင္းတင္းကစားဖို႔ လိုပါေသးတယ္။ ယူႏိုက္တက္ ကစားပုံေကာင္းေပမယ့္ ဝက္စ္ဟမ္းခံစစ္က အမွားမရွိလို႔ ဂိုးရဖို႔ ႐ုန္းကန္ေနရၿပီး ေထာင့္ကန္ေဘာကေန လင္ဒီေလာ့ဖ္ရဲ႕ေခါင္းတိုက္ခ်က္ကို ေဖဘီယန္စကီး လက္စြမ္းျပကာကြယ္ခဲ့သလို ရပ္ရွ္ဖို႔ဒ္နဲ႔ One by One ေတြ႕တဲ့အေနအထားမွာလည္း အေကာင္းဆုံးကာကြယ္ႏိုင္ခဲ့ျပန္တယ္။

ဝက္စ္ဟမ္းအသင္းဟာ တန္ျပန္တိုက္စစ္ေတြကေန ယူႏိုက္တက္ကို ထိုးေဖာက္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ဒီကလန္႐ိုက္စ္၊ ဆိုခ်က္၊ ေဖာ္နယ္လ္၊ ဘိုဝင္တို႔ အားလုံးပ်က္ေနတာေၾကာင့္ တိုက္စစ္က ဘာမွကို မလုပ္ျပႏိုင္ခဲ့ဘူး။ ဒီဂီယာအစား ဝင္ကစားတဲ့ ဟန္ဒါဆန္လည္း ခက္ခက္ခဲခဲ ဖမ္းရတာဆိုလို႔ တစ္လုံးမွ မရွိဘဲ Clean sheet ရယူႏိုင္ခဲ့တယ္။ ပြဲခ်ိန္မိနစ္ ၇၀​ ေက်ာ္မွာ ဆိုးလ္ရွားက မာတစ္ကိုထုတ္ၿပီး တိုက္စစ္ကို ပိုမိုလိုက္ကစားႏိုင္တဲ့ တြမ္မီေနး၊ ဗန္ဒီဘိခ္ေနရာမွာ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကို လူစားထိုးခဲ့တယ္။ ဘ႐ူႏို ဝင္လာၿပီးေနာက္ပိုင္း တိုက္စစ္ကစားပုံေကာင္းလာေပမယ့္ ဝက္စ္ဟမ္းအသင္းခံစစ္ကလည္း အေကာင္းဆုံးဟန္႔တားႏိုင္ခဲ့တယ္။ မိနစ္ ၉၀ ျပည့္တဲ့အထိ ဂိုးမရွိသေရက်ေနလို႔ အခ်ိန္ပို ဆက္ကစားတာမွာေတာ့ ၉၇ မိနစ္မွာ ပယ္နယ္တီဧရိယာအတြင္း ရပ္ရွ္ဖို႔ဒ္ ေပးလိုက္တဲ့ေဘာလုံးကို တြမ္မီေနးက မနားတမ္းေျမမက်ကန္သြင္းခဲ့တာေၾကာင့္ ယူႏိုက္တက္ ဂိုးရရွိခဲ့ပါတယ္။ လက္က်န္မိနစ္ေတြမွာ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္လို႔ ယူႏိုက္တက္အသင္းက ၁-၀ ဂိုးနဲ႔ ဝက္စ္ဟမ္းကို အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ FA ဖလားၿပိဳင္ပြဲမွာ အိမ္ကြင္း ၉ ပြဲဆက္အႏိုင္ရခဲ့တာေၾကာင့္ ၁၉၀၈ ခုႏွစ္ကေန ၁၉၁၂ ခုႏွစ္အတြင္း တင္ရွိခဲ့တဲ့ FA ဖလား အိမ္ကြင္း ႏိုင္ပြဲဆက္စံခ်ိန္ကို ျပန္လည္ရယူႏိုင္ခဲ့ပါၿပီ။