FA ဖလားဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ချယ်လ်ဆီး ဆုံတွေ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ ဖလား(၄)လုံးလမ်းကြောင်းပေါ်ရောက်နေတဲ့ မန်စီးတီးအသင်းဟာ FA ဖလားဆီမီးဖိုင်နယ်အဆင့်မှာ ခြေတက်နေတဲ့ ချယ်လ်ဆီးနဲ့ဆုံတွေ့နေတာကြောင့် သူတို့ရဲ့ ဖလား(၄)လုံးချန်ပီယံမျှော်လင့်ချက်အတွက် ချယ်လ်ဆီးကို ကျော်ဖြတ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ မန်စီးတီးအသင်းဟာ ကွာတားဖိုင်နယ်မှာ အဲဗာတန်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရပြီး FA ဖလားဆီမီးဖိုင်နယ်ကို (၃)နှစ်ဆက်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တူချယ်လ်လက်ထက်မှာ ပုံစံကောင်းပြသနေတဲ့ ချယ်လ်ဆီးအသင်းကလည်း ပရီးမီးယားလိဂ်မှာ တန်းဆင်းရတော့မယ့် ရှက်ဖီးယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ(၂)ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ ဒီရာသီပရီးမီးယားလိဂ်ပထမအကျော့အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆုံတွေ့ခဲ့ပြီး နည်းပြဟောင်းလမ်းပတ်လက်ထက်မှာ မန်စီးတီးအသင်းကို (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးအသင်းကို တူချယ်လ်ကိုင်တွယ်ခဲ့ချိန်ကစလို့ ရလဒ်ကောင်းတွေဆက်တိုက်ရယူနေပြီး FA ဖလားကွာတားဖိုင်နယ်ပွဲအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး(၁၄)ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။

တူချယ်လ်အနေနဲ့ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နဲ့ အခု FA ဖလားဆီမီးဖိုင်နယ်အဆင့်တွေ တက်ရောက်နိုင်အောင်စွမ်းဆောင်ထားပြီး ဆုဖလားအောင်မြင်မှုရဖို့ ပစ်မှတ်ထားနေသလို ဂွါဒီယိုလာကလည်း မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ FA ဖလား၊ ချန်ပီယံလိဂ်စတဲ့ ဆုဖလား(၄)လုံးကို တစ်ပြိုင်နက်ရယူနိုင်တဲ့ ပထမဆုံးပရီးမီးယားလိဂ်အသင်းဖြစ်အောင် ကြိုးပမ်းနေတာကြောင့် အခုပွဲကတော့ ဒီနည်းပြနှစ်ဦးထဲက တစ်ဦးဟာ ဖလားတစ်လုံးကို သေချာပေါက်လက်လွှတ်ရတော့မှာဖြစ်ပါတယ်။

နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ လက်စတာအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ဆုံတွေ့နေတာဖြစ်ပါတယ်။ လက်စတာအသင်းဟာ ကွာတားဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် FA ဖလားဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

FA ဖလားဆီမီးဖိုင်နယ်ပွဲတွေကို လာမယ့်ဧပြီလ(၁၇)ရက်ကျရင် ဝင်ဘလေကွင်းမှာယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ မေလ(၁၅)ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ်ရောဂါဆိုးကြောင့် စီးပွားရေးထိခိုက်မှုတွေရှိနေတဲ့အတွက် FA ဖလားပြိုင်ပွဲဆုကြေးသတ်မှတ်မှုက မနှစ်ကထက် ပိုနည်းသွားပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံအသင်းဟာ ပေါင်(၃.၆)သန်း၊ ဒုတိယရတဲ့အသင်းက ပေါင်(၁.၈)သန်းရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံအသင်း ပေါင်(၁.၈)သန်းနဲ့ ဒုတိယအသင်း ပေါင်(၉၀၀,၀၀၀)သာရရှိမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

FA ဖလားဆီမီးဖိုင္နယ္မွာ မန္စီးတီးနဲ႔ခ်ယ္လ္ဆီး ဆုံေတြ႕

ဒီရာသီ ဖလား(၄)လုံးလမ္းေၾကာင္းေပၚေရာက္ေနတဲ့ မန္စီးတီးအသင္းဟာ FA ဖလားဆီမီးဖိုင္နယ္အဆင့္မွာ ေျခတက္ေနတဲ့ ခ်ယ္လ္ဆီးနဲ႔ဆုံေတြ႕ေနတာေၾကာင့္ သူတို႔ရဲ႕ ဖလား(၄)လုံးခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ ခ်ယ္လ္ဆီးကို ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။ မန္စီးတီးအသင္းဟာ ကြာတားဖိုင္နယ္မွာ အဲဗာတန္အသင္းကို (၂-ဝ)ဂိုးနဲ႔ အႏိုင္ရၿပီး FA ဖလားဆီမီးဖိုင္နယ္ကို (၃)ႏွစ္ဆက္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ တူခ်ယ္လ္လက္ထက္မွာ ပုံစံေကာင္းျပသေနတဲ့ ခ်ယ္လ္ဆီးအသင္းကလည္း ပရီးမီးယားလိဂ္မွာ တန္းဆင္းရေတာ့မယ့္ ရွက္ဖီးယူႏိုက္တက္အသင္းကို အိမ္ကြင္းမွာ(၂)ဂိုးျပတ္အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။

ခ်ယ္လ္ဆီးနဲ႔ မန္စီးတီးအသင္းတို႔ဟာ ဒီရာသီပရီးမီးယားလိဂ္ပထမအေက်ာ့အျဖစ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဆုံေတြ႕ခဲ့ၿပီး နည္းျပေဟာင္းလမ္းပတ္လက္ထက္မွာ မန္စီးတီးအသင္းကို (၃-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းကို တူခ်ယ္လ္ကိုင္တြယ္ခဲ့ခ်ိန္ကစလို႔ ရလဒ္ေကာင္းေတြဆက္တိုက္ရယူေနၿပီး FA ဖလားကြာတားဖိုင္နယ္ပြဲအပါအဝင္ ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၄)ပြဲဆက္ ရႈံးပြဲမရွိခဲ့ပါဘူး။ တူခ်ယ္လ္အေနနဲ႔ ခ်ယ္လ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္နဲ႔ အခု FA ဖလားဆီမီးဖိုင္နယ္အဆင့္ေတြ တက္ေရာက္ႏိုင္ေအာင္စြမ္းေဆာင္ထားၿပီး ဆုဖလားေအာင္ျမင္မႈရဖို႔ ပစ္မွတ္ထားေနသလို ဂြါဒီယိုလာကလည္း မန္စီးတီးအသင္းကို ပရီးမီးယားလိဂ္၊ လိဂ္ဖလား၊ FA ဖလား၊ ခ်န္ပီယံလိဂ္စတဲ့ ဆုဖလား(၄)လုံးကို တစ္ၿပိဳင္နက္ရယူႏိုင္တဲ့ ပထမဆုံးပရီးမီးယားလိဂ္အသင္းျဖစ္ေအာင္ ႀကိဳးပမ္းေနတာေၾကာင့္ အခုပြဲကေတာ့ ဒီနည္းျပႏွစ္ဦးထဲက တစ္ဦးဟာ ဖလားတစ္လုံးကို ေသခ်ာေပါက္လက္လႊတ္ရေတာ့မွာျဖစ္ပါတယ္။

ေနာက္ထပ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ လက္စတာအသင္းနဲ႔ ေဆာက္သမ္တန္အသင္းတို႔ ဆုံေတြ႕ေနတာျဖစ္ပါတယ္။ လက္စတာအသင္းဟာ ကြာတားဖိုင္နယ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ၁၉၈၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ FA ဖလားဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။ FA ဖလားဆီမီးဖိုင္နယ္ပြဲေတြကို လာမယ့္ဧၿပီလ(၁၇)ရက္က်ရင္ ဝင္ဘေလကြင္းမွာယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ဗိုလ္လုပြဲကိုေတာ့ ေမလ(၁၅)ရက္မွာ က်င္းပသြားမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ကိုဗစ္ေရာဂါဆိုးေၾကာင့္ စီးပြားေရးထိခိုက္မႈေတြရွိေနတဲ့အတြက္ FA ဖလားၿပိဳင္ပြဲဆုေၾကးသတ္မွတ္မႈက မႏွစ္ကထက္ ပိုနည္းသြားၿပီး ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံအသင္းဟာ ေပါင္(၃.၆)သန္း၊ ဒုတိယရတဲ့အသင္းက ေပါင္(၁.၈)သန္းရရွိခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ခ်န္ပီယံအသင္း ေပါင္(၁.၈)သန္းနဲ႔ ဒုတိယအသင္း ေပါင္(၉၀၀,၀၀၀)သာရရွိမွာျဖစ္ပါတယ္။