FA ဖလားကွာတားဖိုင်နယ်မှာ အဝေးကွင်းပွဲကျပ်တွေ ကစားရမယ့် မန်ချက်စတာ(၂)သင်း

FA ဖလားကွာတားဖိုင်နယ်အဆင့်အတွက် ပွဲစဉ်တွေထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာမြို့ခံ (၂)သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ လက်စတာ၊ အဲဗာတန်တို့နဲ့ အဝေးကွင်းပွဲကျပ်တွေ ကစားရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပဉ္စမအဆင့်မှာ ဝက်စ်ဟမ်းကို တွမ်မီနေးရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ခဲ့တာဖြစ်သလို သူတို့နဲ့ ရင်ဆိုင်ရမယ့် လက်စတာအသင်းကလည်း ဘရိုက်တန်ကို (၁-ဝ)ဂိုးဆိုတဲ့ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာ အနိုင်ရခဲ့တာပါ။ ယူနိုက်တက်နဲ့ လက်စတာအသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက လက်စတာကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး (၂)ဂိုးစီသရေကျခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်စတာကွင်းမှာ ၂၀၁၄-၁၅ ရာသီတုန်းက (၅-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၃)ပွဲနိုင်၊ (၃)ပွဲသရေနဲ့ ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်လိုပဲ မန်စီးတီးအသင်းကလည်း အဲဗာတန်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ပဉ္စမအဆင့်မှာ ဆွမ်ဆီးအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ကစားခဲ့ပြီး အဲဗာတန်အသင်းကတော့ အိမ်ကွင်းမှာ စပါးအသင်းကို အကြိတ်အနယ်ကစားပြီးမှ (၅-၄)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဗာတန်အသင်းဟာ ၂၀၁၆-၁၇ ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးကို (၄)ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်ပိုင်း အိမ်ကွင်းမှာ တစ်ပွဲမှ မနိုင်တော့ဘဲ (၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ ရှက်ဖီးယူနိုက်တက်၊ ဘုန်းမောက်အသင်းက ဆောက်သမ်တန်အသင်းကို အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် မတ်လ(၂၀)ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေတာဖြစ်ပါတယ်။

Everton vs Man City
Bournemouth vs Southampton
Leicester vs Man Utd
Chelsea vs Sheff Utd

Zawgyi

FA ဖလားကြာတားဖိုင္နယ္မွာ အေဝးကြင္းပြဲက်ပ္ေတြ ကစားရမယ့္ မန္ခ်က္စတာ(၂)သင္း

FA ဖလားကြာတားဖိုင္နယ္အဆင့္အတြက္ ပြဲစဥ္ေတြထြက္ေပၚလာခဲ့ၿပီး မန္ခ်က္စတာၿမိဳ႕ခံ (၂)သင္းျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္စီးတီးအသင္းတို႔ဟာ လက္စတာ၊ အဲဗာတန္တို႔နဲ႔ အေဝးကြင္းပြဲက်ပ္ေတြ ကစားရေတာ့မွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပၪၥမအဆင့္မွာ ဝက္စ္ဟမ္းကို တြမ္မီေနးရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္ခဲ့တာျဖစ္သလို သူတို႔နဲ႔ ရင္ဆိုင္ရမယ့္ လက္စတာအသင္းကလည္း ဘ႐ိုက္တန္ကို (၁-ဝ)ဂိုးဆိုတဲ့ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔သာ အႏိုင္ရခဲ့တာပါ။ ယူႏိုက္တက္နဲ႔ လက္စတာအသင္းတို႔ဟာ ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းက လက္စတာကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး (၂)ဂိုးစီသေရက်ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ လက္စတာကြင္းမွာ ၂၀၁၄-၁၅ ရာသီတုန္းက (၅-၃)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း (၃)ပြဲႏိုင္၊ (၃)ပြဲသေရနဲ႔ ရႈံးပြဲမရွိေအာင္ကစားႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္လိုပဲ မန္စီးတီးအသင္းကလည္း အဲဗာတန္အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ပၪၥမအဆင့္မွာ ဆြမ္ဆီးအသင္းကို (၃-၁)ဂိုးနဲ႔ အႏိုင္ကစားခဲ့ၿပီး အဲဗာတန္အသင္းကေတာ့ အိမ္ကြင္းမွာ စပါးအသင္းကို အႀကိတ္အနယ္ကစားၿပီးမွ (၅-၄)ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။ အဲဗာတန္အသင္းဟာ ၂၀၁၆-၁၇ ရာသီတုန္းက ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ မန္စီးတီးကို (၄)ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း အိမ္ကြင္းမွာ တစ္ပြဲမွ မႏိုင္ေတာ့ဘဲ (၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။ တျခားပြဲစဥ္ေတြမွာေတာ့ ခ်ယ္လ္ဆီးအသင္းက အိမ္ကြင္းမွာ ရွက္ဖီးယူႏိုက္တက္၊ ဘုန္းေမာက္အသင္းက ေဆာက္သမ္တန္အသင္းကို အိမ္ကြင္းပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ FA ဖလားကြာတားဖိုင္နယ္ပြဲစဥ္ေတြကို လာမယ့္ မတ္လ(၂၀)ရက္မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ မန္စီးတီးအသင္းက ဗိုလ္စြဲဖို႔ ထိပ္ဆုံးက ေရပန္းစားေနတာျဖစ္ပါတယ္။

Everton vs Man CityBournemouth vs Southampton
Leicester vs Man Utd
Chelsea vs Sheff Utd