FA စည်းမျဉ်းသစ်ကြောင့် ဆိုးလ်ရှားအပါအဝင် နည်းပြတချို့ အနာဂတ်မသေချာဖြစ်နေ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က ပြဌာန်းလိုက်တဲ့ စည်းမျဉ်းသစ်ကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှား၊ လိဒ်စ်အသင်းနည်းပြ ဘီယဲလ်ဆာအပါအဝင် နည်းပြတချို့ရဲ့ အနာဂတ်က မသေမချာတော့ပါဘူး။

ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ Post-Brexit Immigration ဥပဒေအရ ဆိုးလ်ရှားနဲ့ ဘီယဲလ်ဆာတို့ဟာ အင်္ဂလန်နိုင်ငံမှာ ဆက်ပြီး အလုပ်လုပ်ခွင့်ရဖို့ မသေချာသလို ပရီးမီးယားလိဂ်နဲ့ ကျန်တဲ့လိဂ်ပြိုင်ပွဲက ကလပ်အသင်းတချို့ရဲ့ နည်းပြတွေလည်း မကြာခင်ကာလအတွင်း သူတို့ရဲ့အနာဂတ်အပေါ် ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

FA က ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းသစ်အရ နည်းပြတစ်ဦးအနေနဲ့ အင်္ဂလန်မှာ ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်မယ်ဆိုရင် Governing Body Endorsement (GBE) သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ အဆင်ပြေမှာပါ။

အဲဒီသတ်မှတ်ချက်က နည်းပြတစ်ဦးဟာ ထိပ်တန်းလိဂ်က ကလပ်အသင်းတစ်သင်းကို (၂)ရာသီဆက် ဒါမှမဟုတ် (၅)နှစ်အတွင်း (၃)ရာသီအထိ ကိုင်တွယ်ခဲ့ဖူးသူဖြစ်မှသာ GBE အသိအမှတ်ပြုလက်မှတ်ရရှိမှာဖြစ်ပြီး အင်္ဂလန်မှာဆက်လက် အလုပ်လုပ်ခွင့်ရမှာဖြစ်ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ နည်းပြတော်တော်များများက အဲဒီစည်းမျဉ်းနဲ့ ကိုက်ညီတဲ့အနေအထားမှာ မရှိတာကြောင့် သက်ဆိုင်ရာကလပ်အသင်းတာဝန်ရှိသူတွေလည်း ဒီကိစ္စအပေါ် ခေါင်းခဲနေလောက်ပါပြီ။ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတုန်းက ယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ အဲဒီမတိုင်ခင် နော်ဝေကလပ် မိုလ်ဒီအသင်းကို ကိုင်တွယ်ခဲ့ပြီး သူဟာ လက်ရှိအနေအထားအရ GBE အသိအမှတ်ပြုခံရဖို့ မသေချာပါဘူး။

အဲဒီလိုပဲ ပြီးခဲ့တဲ့(၅)နှစ်အတွင်း မာဆေးလ်၊ လာဇီယို၊ လိုင်လီအသင်းတွေမှာ ကာလအနည်းငယ်ကြာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူ ဘီယဲလ်ဆာဟာလည်း ၂၀၁၈ ခုနှစ်မှာ လိဒ်စ်အသင်းနည်းပြဖြစ်လာပေမယ့် အဲဒီမတိုင်ခင် ၂၀၁၇၊ ဒီဇင်ဘာလကတည်းက ကလပ်လက်မဲ့ဖြစ်ခဲ့တာကြောင့် GBE အသိအမှတ်ပြုချက်ရဖို့ မလွယ်တဲ့အနေအထားပါပဲ။

တစ်ခုရှိတာက နည်းပြတစ်ဦးဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အဆင့်သတ်မှတ်ချက် အဆင့်(၁)ကနေ (၅၀)အတွင်းမှာ ရပ်တည်နိုင်တဲ့ နိုင်ငံအသင်းတစ်သင်းကို (၅)နှစ်ကြာကိုင်တွယ်ခဲ့ဖူးမယ်ဆိုရင်တော့ GBE အသိအမှတ်ပြုလက်မှတ်ရရှိမှာဖြစ်ပါတယ်။

အခု စည်းမျဉ်းက ပြည်ပကလပ်အသင်းကနေ အင်္ဂလန်ကို ပြောင်းရွှေ့လာတဲ့နည်းပြတွေအပေါ်မှာသာ အကျိုးသက်ရောက်မှာဖြစ်ပြီး အရင်ကတည်းက အင်္ဂလန်မှာ နည်းပြအဖြစ်ဆောင်ရွက်နေသူတွေကတော့ GBE မရှိလည်းအဆင်ပြေပါတယ်။

ဥပမာပြောရရင် အာဆင်နယ်နည်းပြ အာတီတာဟာ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းကို မပြောင်းရွှေ့ခင် မန်စီးတီးလက်ထောက်နည်းပြအဖြစ် ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့တာကြောင့် GBE အသိအမှတ်ပြုလက်မှတ် မရလည်း အာဆင်နယ်အသင်းကို ဆက်လက်ကိုင်တွယ်ခွင့်ရမှာပါ။

Brexit ရဲ့ ရိုက်ခတ်မှုက နည်းပြတွေအပေါ်မှာသာမကဘဲ ကစားသမားခေါ်ယူခဲ့တဲ့ကိစ္စမှာလည်း အကန့်အသတ်တွေရှိလာမှာဖြစ်ပြီး အင်္ဂလန်ပြင်ပက ကစားသမားတွေ ခေါ်ယူတဲ့နေရာမှာ အရင်လို လွယ်ကူမယ့်အနေအထား မရှိနိုင်တော့ပါဘူး။

Zawgyi

FA စည္းမ်ဥ္းသစ္ေၾကာင့္ ဆိုးလ္ရွားအပါအဝင္ နည္းျပတခ်ိဳ႕ အနာဂတ္မေသခ်ာျဖစ္ေန

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ (FA)က ျပဌာန္းလိုက္တဲ့ စည္းမ်ဥ္းသစ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွား၊ လိဒ္စ္အသင္းနည္းျပ ဘီယဲလ္ဆာအပါအဝင္ နည္းျပတခ်ိဳ႕ရဲ႕ အနာဂတ္က မေသမခ်ာေတာ့ပါဘူး။ ၿပီးခဲ့တဲ့လက ထုတ္ျပန္ခဲ့တဲ့ Post-Brexit Immigration ဥပေဒအရ ဆိုးလ္ရွားနဲ႔ ဘီယဲလ္ဆာတို႔ဟာ အဂၤလန္ႏိုင္ငံမွာ ဆက္ၿပီး အလုပ္လုပ္ခြင့္ရဖို႔ မေသခ်ာသလို ပရီးမီးယားလိဂ္နဲ႔ က်န္တဲ့လိဂ္ၿပိဳင္ပြဲက ကလပ္အသင္းတခ်ိဳ႕ရဲ႕ နည္းျပေတြလည္း မၾကာခင္ကာလအတြင္း သူတို႔ရဲ႕အနာဂတ္အေပၚ ထိခိုက္မႈေတြရွိလာႏိုင္ပါတယ္။ FA က ထုတ္ျပန္ခဲ့တဲ့ စည္းမ်ဥ္းသစ္အရ နည္းျပတစ္ဦးအေနနဲ႔ အဂၤလန္မွာ ကလပ္အသင္းတစ္သင္းကို ကိုင္တြယ္မယ္ဆိုရင္ Governing Body Endorsement (GBE) သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီမွ အဆင္ေျပမွာပါ။ အဲဒီသတ္မွတ္ခ်က္က နည္းျပတစ္ဦးဟာ ထိပ္တန္းလိဂ္က ကလပ္အသင္းတစ္သင္းကို (၂)ရာသီဆက္ ဒါမွမဟုတ္ (၅)ႏွစ္အတြင္း (၃)ရာသီအထိ ကိုင္တြယ္ခဲ့ဖူးသူျဖစ္မွသာ GBE အသိအမွတ္ျပဳလက္မွတ္ရရွိမွာျဖစ္ၿပီး အဂၤလန္မွာဆက္လက္ အလုပ္လုပ္ခြင့္ရမွာျဖစ္ပါတယ္။

လက္ရွိပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ နည္းျပေတာ္ေတာ္မ်ားမ်ားက အဲဒီစည္းမ်ဥ္းနဲ႔ ကိုက္ညီတဲ့အေနအထားမွာ မရွိတာေၾကာင့္ သက္ဆိုင္ရာကလပ္အသင္းတာဝန္ရွိသူေတြလည္း ဒီကိစၥအေပၚ ေခါင္းခဲေနေလာက္ပါၿပီ။ ၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာလတုန္းက ယူႏိုက္တက္အသင္းနည္းျပ ေမာ္ရင္ဟိုရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ခံခဲ့ရတဲ့ ဆိုးလ္ရွားဟာ အဲဒီမတိုင္ခင္ ေနာ္ေဝကလပ္ မိုလ္ဒီအသင္းကို ကိုင္တြယ္ခဲ့ၿပီး သူဟာ လက္ရွိအေနအထားအရ GBE အသိအမွတ္ျပဳခံရဖို႔ မေသခ်ာပါဘူး။ အဲဒီလိုပဲ ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္း မာေဆးလ္၊ လာဇီယို၊ လိုင္လီအသင္းေတြမွာ ကာလအနည္းငယ္ၾကာ နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့သူ ဘီယဲလ္ဆာဟာလည္း ၂၀၁၈ ခုႏွစ္မွာ လိဒ္စ္အသင္းနည္းျပျဖစ္လာေပမယ့္ အဲဒီမတိုင္ခင္ ၂၀၁၇၊ ဒီဇင္ဘာလကတည္းက ကလပ္လက္မဲ့ျဖစ္ခဲ့တာေၾကာင့္ GBE အသိအမွတ္ျပဳခ်က္ရဖို႔ မလြယ္တဲ့အေနအထားပါပဲ။ တစ္ခုရွိတာက နည္းျပတစ္ဦးဟာ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)ရဲ႕ အဆင့္သတ္မွတ္ခ်က္ အဆင့္(၁)ကေန (၅၀)အတြင္းမွာ ရပ္တည္ႏိုင္တဲ့ ႏိုင္ငံအသင္းတစ္သင္းကို (၅)ႏွစ္ၾကာကိုင္တြယ္ခဲ့ဖူးမယ္ဆိုရင္ေတာ့ GBE အသိအမွတ္ျပဳလက္မွတ္ရရွိမွာျဖစ္ပါတယ္။

အခု စည္းမ်ဥ္းက ျပည္ပကလပ္အသင္းကေန အဂၤလန္ကို ေျပာင္းေ႐ႊ႕လာတဲ့နည္းျပေတြအေပၚမွာသာ အက်ိဳးသက္ေရာက္မွာျဖစ္ၿပီး အရင္ကတည္းက အဂၤလန္မွာ နည္းျပအျဖစ္ေဆာင္႐ြက္ေနသူေတြကေတာ့ GBE မရွိလည္းအဆင္ေျပပါတယ္။ ဥပမာေျပာရရင္ အာဆင္နယ္နည္းျပ အာတီတာဟာ ၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္အသင္းကို မေျပာင္းေ႐ႊ႕ခင္ မန္စီးတီးလက္ေထာက္နည္းျပအျဖစ္ ၂၀၁၆ ကေန ၂၀၁၉ ခုႏွစ္အထိ ေဆာင္႐ြက္ခဲ့တာေၾကာင့္ GBE အသိအမွတ္ျပဳလက္မွတ္ မရလည္း အာဆင္နယ္အသင္းကို ဆက္လက္ကိုင္တြယ္ခြင့္ရမွာပါ။ Brexit ရဲ႕ ႐ိုက္ခတ္မႈက နည္းျပေတြအေပၚမွာသာမကဘဲ ကစားသမားေခၚယူခဲ့တဲ့ကိစၥမွာလည္း အကန႔္အသတ္ေတြရွိလာမွာျဖစ္ၿပီး အဂၤလန္ျပင္ပက ကစားသမားေတြ ေခၚယူတဲ့ေနရာမွာ အရင္လို လြယ္ကူမယ့္အေနအထား မရွိႏိုင္ေတာ့ပါဘူး။