Esports လောကထဲဝင်ရောက်ပြီး စီးပွားရေးသောင်းကျန်းမယ့် လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လင်ဂတ်ဟာ ဝက်စ်ဟမ်းကို ရာသီဝက်အငှားသွားရောက်ကစားခဲ့ပြီးနောက် အတော်လေး ပြန်လည်တောက်ပလာခဲ့ကာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်အရွေးခံရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လင်ဂတ်ဟာ နယူးကာဆယ်အသင်းဘက်ကိုလည်း လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့အတူ ပွဲသိမ်းဂိုး သွင်းယူခဲ့ပါသေးတယ်။

တစ်မြန်နှစ်ရာသီတုန်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ပွဲထွက်ခွင့်ဝေးခဲ့တဲ့ လင်ဂတ်ဟာ လမ်းကြောင်းမှန်ပေါ်ပြန်လည် ရောက်ရှိလာပြီလို့ ဆိုရမလိုပါပဲ။

အကယ်ဒမီထွက် ကစားသမားလေးဟာ စီးပွားရေးပိုင်းလည်း သောင်းကျန်းထားပါသေးတယ်။

ဒါပေမယ့် တကယ့်ကမ္ဘာမှာမဟုတ်ဘဲ ဒစ်ဂျစ်တယ်လောကမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ လက်ရှိပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Rainbow Six Siege team ဆိုတဲ့ esport အသင်းတစ်သင်းကို ဝယ်ယူပြီး JLINGZ esports ရဲ့ လက်အောက်ကို ထည့်သွင်းခဲ့ပါတယ်။

လင်ဂတ်ကတော့ “ကျွန်တော်က esports လောကနဲ့ ရင်းနှီးခဲ့တာ အချိန်အတော်ကြာပါပြီ အခုတော့ ဒီလောကထဲကို တန်းဝင်ဖို့ အခွင့်အရေးရရှိခဲ့ပါပြီ။

ကျွန်တော်က ဘောလုံးလောက ပြင်ပမှာလည်း အမြဲတမ်း အလုပ်တွေရှုပ်နေတဲ့သူပါ။

ကျွန်တော်ဖက်ရှင်ပိုင်းကို ကျွမ်းကျင်လို့ အဝတ်အစားလုပ်ငန်းတွေလုပ်တယ်။ ဒါပေမယ့် ကျွန်တော် ဂိမ်းလောကကိုလည်း စိတ်ဝင်စားတယ်။

အခုဆို esports လောကက တဖြည်းဖြည်း ကြီးလာပြီ။

လူအတော်များများ ဒီလောကထဲမှာပါဝင်ပတ်သက်နေပါပြီ။

ကျွန်တော့်အသင်းကို တိုးတက်ကောင်းမွန်လာအောင် ကျွန်တော်စွမ်းဆောင်ပေးသွားမှာပါ”လို့ ပြောပါတယ်။

လင်ဂတ်ရဲ့အသင်းဟာ လာမယ့်ရာသီ ယူကေနဲ့ အိုင်ယာလန်ရဲ့ နိုင်ငံအဆင့် ဒုတိယတန်းလိဂ်မှာ ကစားမှာဖြစ်ပြီး first-person shooter ဂိမ်းတွေကို အဓိကကစားတဲ့အသင်း ဖြစ်ပါတယ်။

လင်ဂတ်ကတော့ သူ့ရဲ့အသင်းကို FIFA နဲ့ Call of Duty တို့မှာ ပိုမိုအောင်မြင်အောင် ပံ့ပိုးပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Esports ​ေလာကထဲ၀င္​ေရာက္ၿပီး စီးပြား​ေရး​​ေသာင္းက်န္းမယ့္ လင္ဂတ္

လင္ဂတ္ဟာ ဝက္စ္ဟမ္းကို ရာသီဝက္အငွားသြားေရာက္ကစားခဲ့ၿပီးေနာက္ အေတာ္ေလး ျပန္လည္ေတာက္ပလာခဲ့ကာ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ျပန္လည္အေ႐ြးခံရတဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ လင္ဂတ္ဟာ နယူးကာဆယ္အသင္းဘက္ကိုလည္း လွပတဲ့ ေဝ့ဝိုက္ကန္ခ်က္နဲ႔အတူ ပြဲသိမ္းဂိုး သြင္းယူခဲ့ပါေသးတယ္။

တစ္ျမန္ႏွစ္ရာသီတုန္းက အခက္အခဲ​ေတြနဲ႔ ရင္ဆိုင္ရၿပီး ပြဲထြက္ခြင့္​ေ၀းခဲ့တဲ့ လင္ဂတ္ဟာ လမ္း​ေၾကာင္းမွန္​ေပၚျပန္လည္ ​ေရာက္ရွိလာၿပီလို႔ ဆိုရမလိုပါပဲ။ အကယ္ဒမီထြက္ ကစားသမား​ေလးဟာ စီးပြား​ေရးပိုင္းလည္း ​ေသာင္းက်န္းထားပါ​ေသးတယ္။

ဒါေပမယ့္ တကယ့္ကမာၻမွာမဟုတ္ဘဲ ဒစ္ဂ်စ္တယ္ေလာကမွာ ျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ အဂၤလန္လက္ေ႐ြးစင္ ကစားသမားဟာ လက္ရွိပေရာ္ဖက္ရွင္နယ္အဆင့္ ၿပိဳင္ပြဲေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ Rainbow Six Siege team ဆိုတဲ့ esport အသင္းတစ္သင္းကို ဝယ္ယူၿပီး JLINGZ esports ရဲ႕ လက္ေအာက္ကို ထည့္သြင္းခဲ့ပါတယ္။

လင္ဂတ္ကေတာ့ “ကြၽန္ေတာ္က esports ေလာကနဲ႔ ရင္းႏွီးခဲ့တာ အခ်ိန္အေတာ္ၾကာပါၿပီ အခုေတာ့ ဒီေလာကထဲကို တန္းဝင္ဖို႔ အခြင့္အေရးရရွိခဲ့ပါၿပီ။ ကြၽန္ေတာ္က ေဘာလုံးေလာက ျပင္ပမွာလည္း အၿမဲတမ္း အလုပ္ေတြရႈပ္ေနတဲ့သူပါ။ ကြၽန္ေတာ္ဖက္ရွင္ပိုင္းကို ကြၽမ္းက်င္လို႔ အဝတ္အစားလုပ္ငန္းေတြလုပ္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဂိမ္းေလာကကိုလည္း စိတ္ဝင္စားတယ္။ အခုဆို esports ေလာကက တျဖည္းျဖည္း ႀကီးလာၿပီ။ လူအေတာ္မ်ားမ်ား ဒီ​ေလာကထဲမွာပါဝင္ပတ္သက္ေနပါၿပီ။ ကြၽန္ေတာ့္အသင္းကို တိုးတက္ေကာင္းမြန္လာေအာင္ ကြၽန္ေတာ္စြမ္းေဆာင္ေပးသြားမွာပါ”လို႔ ေျပာပါတယ္။

လင္ဂတ္ရဲ႕အသင္းဟာ လာမယ့္ရာသီ ယူေကနဲ႔ အိုင္ယာလန္ရဲ႕ ႏိုင္ငံအဆင့္ ဒုတိယတန္းလိဂ္မွာ ကစားမွာျဖစ္ၿပီး first-person shooter ဂိမ္းေတြကို အဓိကကစားတဲ့အသင္း ျဖစ္ပါတယ္။ လင္ဂတ္ကေတာ့ သူ႔ရဲ႕အသင္းကို FIFA နဲ႔ Call of Duty တို႔မွာ ပိုမိုေအာင္ျမင္ေအာင္ ပံ့ပိုးေပးမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။