EPL သွင်းဂိုးရအောင် ထည့်ကစားတော့မှ Panenka ကန်ချက်နဲ့ အရှက်ကွဲရတဲ့ အဂူရို

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီပွဲနိုင်တာနဲ့ ချန်ပီယံဖြစ်မယ့် မန်စီးတီးဟာ ချဲလ်ဆီးကို စတာလင်းရဲ့ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပေမယ့်

ဇီယက်ချ်ရဲ့ချေပဂိုးနဲ့ အလွန်ဆိုရဲ့နောက်ဆုံးမိနစ် time bomb အနိုင်ဂိုးတွေကြောင့် ဆုဖလား ကိုင်မြှောက်ဖို့ ထပ်စောင့်ရဦးမှာပါ။

တကယ်တော့ ဒီပွဲဟာ ချန်ပီယံလိဂိဗိုလ်လုပွဲအကြို ခြေသွေးပွဲလို့ ပြောနိုင်ပါတယ်။ ဒီပွဲမှာ ဗီလိန်ဖြစ်သွားတာကတော့ ဒီလကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့်တိုက်စစ်မှုး အဂူရိုပါပဲ။

မန်စီးတီးအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အဂူရိုကို နည်းပြ ဂွာဒီယိုလာက ဒီပွဲမှာ ပွဲထွက်လူစာရင်းအဖြစ် အသုံးပြုလာခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုးတွေ ထပ်ရစေဖို့
အခွင့်အရေးပေးခဲ့တာပါ။

ပွဲထဲမှာလည်း အဂူရိုဟာ ပင်နယ်တီကန်ရတဲ့ အခွင့်အရေး ရရှိခဲ့ပြီး ဂိုးရမယ့် အခြေအနေနဲ့ နီးစပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အဂူရိုဟာ ဒီပင်နယ်တီကို ပုံမှန်ကန်နေကျ သူ့ရဲ့ပုံစံအတိုင်းမကန်ဘဲ ဘောလုံးလောကမှာ Panenka ကန်ချက်လို့ ခေါ်ကြတဲ့ပုံစံကို ကန်သွင်းခဲ့ပါတယ်။

ဒါပေမယ့် အဂူရိုရဲပ ကန်ချက်က အတော်ဆိုးရွားခဲ့ပြီး ချဲလ်ဆီးဂိုးသမား မန်ဒီအတွက် နေရာယူထားတဲ့ နေရာကနေတောင် သိပ်မရွေ့လိုက်ရဘဲ အေးဆေးသာသာယာယာ ဖမ်းယူခဲ့တာပါ။

အဂူရိုရဲ့ စတန့်ထွင်ပြီး ကန်သွင်းခဲ့တဲ့ ကန်ချက် ဂိုးမဝင်တဲ့အချိန်မှာ နည်းပြဂွာဒီယိုလာ ပေါက်ကွဲခဲ့တာကို ကွင်းထဲမှာရှိတဲ့ ရုပ်သံကင်မရာတွေက ပြသခဲ့ပြီး

ဘောလုံးပွဲကြေညာသူတွေဖြစ်တဲ့ စပါးကစားသမားဟောင်း ေ၈ျမီရက်နက်နဲ့ မန်စီးတီးကစားသမားဟောင်း မီကာရစ်ချက်တို့ကလည်း

အဂူရိုရဲ့ကန်ချက်ဟာ မြင်ဖူးခဲ့သမျှ Panenka ကန်ချက်တွေထဲမှာ အဆိုးဆုံးပဲလို့ ဝေဖန်ခဲ့ကြပါတယ်။

တကယ်လို့ ဒီဂိုးသွားဝင်ထားခဲ့မယ်ဆိုရင် မန်စီးတီးက ၂ဂိုးပြတ် ဦးဆောင်ထားလိုက်နိုင်မှာဖြစ်ပြီး အခုပွဲ မန်စီးတီးရဲ့ အရှုံးဟာ အဂူရို စတန့်ထွင်လို့ပဲ ပြောရမှာပါ။

ဒီလိုကန်သွင်းချက်မျိုးကို ဘောလုံးစကေးကောင်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့ ဘောလုံးသမားတေဗွတောင် တစ်ခါတရံမှသာ ကန်သွင်းကြတာပါ။

၂၀၀၆ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဇီဒန်းက အီတလီဖက်ကို သာမန်ပွဲချိန်အတွင်းရတဲ့ ပင်နယ်တီကို Panenka စတိုင်ကန်ချက်နဲ့ ဂိုးသွင်းယူပြခဲ့ဖူးပါတယ်။

ဘောလုံးလောကမှာ တော့တီ၊ ပီယာလို၊ ရော်နယ်ဒို၊ ကာကာ၊ အွန်နရီ၊ ဂျူနင်ဟို စတဲ့ နာမည်ကြီးဘောလုံးသမားတွေလည်း Panenka ကန်ချက်နဲ႕ ပင်နယ်တီသွင်းဂိုးတွေ ရယူခဲ့ဖူးပါတယ်။

အဂူရိုက ပွဲအပြီးမှာ သူ့ရဲ့ ပင်နယ်တီလွဲချော်ခဲ့တဲ့အဖြစ်အတွက် အသင်းကစားဖော်တွေနဲ့ ပရိသတ်တွေကိုတောင်းပန်ထားပြီး

သူ့ Panenka ကန်ချက်နဲ့ကန်ဖို့ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်ပဲ ဆိုပြီး သူ့ရဲ့ တွီတာအကောင့်မှာ ရေးသားထားပါတယ်။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

EPL သြင္းဂိုးရေအာင္ ထည္႔ကစားေတာ႔မွ Panenka ကန္ခ်က္နဲ႔ အရွက္ကြဲရတဲ႔ အဂူရို

ဒီပြဲႏိုင္တာနဲ႔ ခ်န္ပီယံျဖစ္မယ္႔ မန္စီးတီးဟာ ခ်ဲလ္ဆီးကို စတာလင္းရဲ႕ဂိုးနဲ႔ ဦးေဆာင္ကစားခဲ႔ေပမယ္႔ ဇီယက္ခ်္ရဲ႕ေခ်ပဂိုးနဲ႔ အလြန္ဆိုရဲ႕ေနာက္ဆံုးမိနစ္ time bomb အႏိုင္ဂိုးေတြေၾကာင္႔ ဆုဖလား
ကိုင္ေျမွာက္ဖို႔ ထပ္ေစာင္႔ရဦးမွာပါ။

တကယ္ေတာ႔ ဒီပြဲဟာ ခ်န္ပီယံလိဂိဗိုလ္လုပြဲအၾကိဳ ေျခေသြးပြဲလို႔ ေျပာႏိုင္ပါတယ္။ ဒီပြဲမွာ ဗီလိန္ျဖစ္သြားတာကေတာ႔ ဒီလကုန္မွာ အသင္းကေန ထြက္ခြာေတာ႔မယ္႔ တိုက္စစ္မႈး အဂူရိုပါပဲ။

မန္စီးတီးအသင္းရဲ႕ ထာ၀ရဂိုးသြင္းအမ်ားဆံုးကစားသမားျဖစ္တဲ႔ အဂူရိုကို နည္းျပ ဂြာဒီယိုလာက ဒီပြဲမွာ ပြဲထြက္လူစာရင္းအျဖစ္ အသံုးျပဳလာခဲ႔ျပီး ပရီးမီးယားလိဂ္သြင္းဂိုးေတြ ထပ္ရေစဖို႔
အခြင္႔အေရးေပးခဲ႔တာပါ။ ပြဲထဲမွာလည္း အဂူရိုဟာ ပင္နယ္တီကန္ရတဲ႔ အခြင္႔အေရး ရရွိခဲ႔ျပီး ဂိုးရမယ္႔ အေျခအေနနဲ႔ နီးစပ္ခဲ႔ပါေသးတယ္။

ဒါေပမယ္႔ အဂူရိုဟာ ဒီပင္နယ္တီကို ပံုမွန္ကန္ေနက် သူ႔ရဲ႔ပံုစံအတိုင္းမကန္ဘဲ ေဘာလံုးေလာကမွာ Panenka ကန္ခ်က္လို႔ ေခၚၾကတဲ႔ပံုစံကို ကန္သြင္းခဲ႔ပါတယ္။

ဒါေပမယ္႔ အဂူရိုရဲပ ကန္ခ်က္က အေတာ္ဆိုးရြားခဲ႔ျပီး ခ်ဲလ္ဆီးဂိုးသမား မန္ဒီအတြက္ ေနရာယူထားတဲ႔ ေနရာကေနေတာင္ သိပ္မေရြ႔လိုက္ရဘဲ ေအးေဆးသာသာယာယာ ဖမ္းယူခဲ႔တာပါ။

အဂူရိုရဲ႕ စတန္႔ထြင္ျပီး ကန္သြင္းခဲ႔တဲ႔ ကန္ခ်က္ ဂိုးမ၀င္တဲ႔အခ်ိန္မွာ နည္းျပဂြာဒီယိုလာ ေပါက္ကြဲခဲ႔တာကို ကြင္းထဲမွာရွိတဲ႔ ရုပ္သံကင္မရာေတြက ျပသခဲ႔ျပီး ေဘာလံုးပြဲေၾကညာသူေတြျဖစ္တဲ႔
စပါးကစားသမားေဟာင္း ေ၈်မီရက္နက္နဲ႔ မန္စီးတီးကစားသမားေဟာင္း မီကာရစ္ခ်က္တို႔ကလည္း အဂူရိုရဲ႔ကန္ခ်က္ဟာ ျမင္ဖူးခဲ႔သမွ် Panenka ကန္ခ်က္ေတြထဲမွာ အဆိုးဆံုးပဲလို႔ ေ၀ဖန္ခဲ႔ၾကပါတယ္။

တကယ္လို႔ ဒီဂိုးသြား၀င္ထားခဲ႔မယ္ဆိုရင္ မန္စီးတီးက ၂ဂိုးျပတ္ ဦးေဆာင္ထားလိုက္ႏိုင္မွာျဖစ္ျပီး အခုပြဲ မန္စီးတီးရဲ႔ အရံႈးဟာ အဂူရို စတန္႔ထြင္လို႔ပဲ ေျပာရမွာပါ။

ဒီလိုကန္သြင္းခ်က္မ်ိဳးကို ေဘာလံုးစေကးေကာင္းျပီး ကိုယ္႔ကိုကိုယ္ ယံုၾကည္ခ်က္ရွိတဲ႔ ေဘာလံုးသမားေတဗြေတာင္ တစ္ခါတရံမွသာ ကန္သြင္းၾကတာပါ။ ၂၀၀၆ ကမၻာ႔ဖလားဖိုင္နယ္မွာ ဇီဒန္းက
အီတလီဖက္ကို သာမန္ပြဲခ်ိန္အတြင္းရတဲ႔ ပင္နယ္တီကို Panenka စတိုင္ကန္ခ်က္နဲ႔ ဂိုးသြင္းယူျပခဲ႔ဖူးပါတယ္။

ေဘာလံုးေလာကမွာ ေတာ႔တီ၊ ပီယာလို၊ ေရာ္နယ္ဒို၊ ကာကာ၊ အြန္နရီ၊ ဂ်ဴနင္ဟို စတဲ႔ နာမည္ၾကီးေဘာလံုးသမားေတြလည္း Panenka ကန္ခ်က္နဲ႕ ပင္နယ္တီသြင္းဂိုးေတြ ရယူခဲ႔ဖူးပါတယ္။

အဂူ႐ိုက ပြဲအၿပီးမွာ သူ႕ရဲ႕ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့အျဖစ္အတြက္ အသင္းကစားေဖာ္ေတြနဲ႕ ပရိသတ္ေတြကိုေတာင္းပန္ထားၿပီး

သူ႕ Panenka ကန္ခ်က္နဲ႕ကန္ဖို႕ေရြးခ်ယ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ဟာ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ပဲ ဆိုၿပီး သူ႕ရဲ႕ တြီတာအေကာင့္မွာ ေရးသားထားပါတယ္။