El Clasico ရန်စတွေကြောင့် PSG အသင်းမှာ ဆက်ဆံရေးခပ်တန်းတန်းဖြစ်နေတဲ့ မက်ဆီနဲ့ရာမို့စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့နာမည်ကျော်ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ရာမို့စ်ဟာ အခုအချိန်မှာ အသင်းဖော်တွေဖြစ်နေပေမယ့် တစ်ချိန်က စပိန်လာလီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ပြိုင်ဘက်တွေဖြစ်ခဲ့တာကြောင့်

အဲဒီရန်စတွေက အခုအချိန်အထိမပြေလည်သေးဘဲ သူတို့နှစ်ယောက်ကြားမှာ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးမရှိဘူးလို့ မီဒီယာတွေကဖော်ပြနေကြပါတယ်။

ရာမို့စ်နဲ့ မက်ဆီတို့ဟာ ပြီးခဲ့တဲ့နွေရာသီမှာ သူတို့နှစ်ပေါင်းအကြာကြီးကစားခဲ့တဲ့ ရီးယဲလ်၊ ဘာစီလိုနာအသင်းတို့နဲ့လမ်းခွဲခဲ့ပြီးတော့ PSG အသင်းဆီတစ်ပြိုင်နက်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လာလီဂါမှာတုန်းက ရီးယဲလ်နဲ့ဘာစီလိုနာတို့ဆုံတွေ့ပြီဆိုရင် အသင်းခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ ရာမို့စ်နဲ့မက်ဆီတို့ဟာ ကိုယ့်အသင်းအနိုင်ရရေးအတွက် အသည်းပေါက်မတတ်ကစားခဲ့ကြသလို မကြာခဏဆိုသလို နှစ်ယောက်သား ပြဿနာတက်လေ့ရှိပါတယ်။

အခုအချိန်မှာ PSG အသင်းဖော်တွေဖြစ်နေပေမယ့် မက်ဆီနဲ့ရာမို့စ်တို့ကတော့ အရင်က ရန်ငြိုးရန်စတွေမပြေသေးဘဲ

တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်းသာနေကြတယ်လို့ သူတို့နှစ်ယောက်နဲ့ရင်းနှီးတဲ့သူတစ်ဦးက ပြင်သစ်သတင်းစာ L’Equipe ကို ဖွင့်ချခဲ့ပါတယ်။

“El Clasico မှာ ဆယ်စုနှစ်တစ်ခုလောက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ ရန်ဘက်နှစ်ယောက်က လွယ်လွယ်နဲ့ခင်မင်ရင်းနှီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး”လို့ဆိုခဲ့ပါတယ်။

PSG အသင်းမှာ မက်ဆီရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေက အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ပါရီဒက်စ်၊ ဒီမာရီယာနဲ့ ဘာစီလိုနာအသင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိတွဲဖက်ကစားခဲ့တဲ့ နေမာတို့ပဲဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ PSG အသင်းအတွက် (၈)ပွဲကစားအပြီး၊ (၃)ဂိုးသွင်းယူခဲ့ပေမယ့် ရာမို့စ်ကတော့ ဒဏ်ရာကြောင့်

အခုအချိန်အထိ အသင်းသစ်အတွက် ပွဲထွက်မကစားနိုင်သေးဘဲ အခုတစ်ပတ်အစောပိုင်းကမှ အသင်းနဲ့အတူလေ့ကျင့်ခန်းစဆင်းနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

El Clasico ရန္စေတြေၾကာင့္ PSG အသင္းမွာ ဆက္ဆံေရးခပ္တန္းတန္းျဖစ္ေနတဲ့ မက္ဆီနဲ႔ရာမို႔စ္

PSG အသင္းရဲ႕နာမည္ေက်ာ္ကစားသမားႏွစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔ရာမို႔စ္ဟာ အခုအခ်ိန္မွာ အသင္းေဖာ္ေတြျဖစ္ေနေပမယ့္ တစ္ခ်ိန္က စပိန္လာလီဂါမွာ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၾကတဲ့ၿပိဳင္ဘက္ေတြျဖစ္ခဲ့တာေၾကာင့္ အဲဒီရန္စေတြက အခုအခ်ိန္အထိမေျပလည္ေသးဘဲ သူတို႔ႏွစ္ေယာက္ၾကားမွာ ခင္မင္ရင္းႏွီးတဲ့ဆက္ဆံေရးမရွိဘူးလို႔ မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။

ရာမို႔စ္နဲ႔ မက္ဆီတို႔ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ သူတို႔ႏွစ္ေပါင္းအၾကာႀကီးကစားခဲ့တဲ့ ရီးယဲလ္၊ ဘာစီလိုနာအသင္းတို႔နဲ႔လမ္းခြဲခဲ့ၿပီးေတာ့ PSG အသင္းဆီတစ္ၿပိဳင္နက္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ လာလီဂါမွာတုန္းက ရီးယဲလ္နဲ႔ဘာစီလိုနာတို႔ဆုံေတြ႕ၿပီဆိုရင္ အသင္းေခါင္းေဆာင္ႏွစ္ေယာက္ျဖစ္တဲ့ ရာမို႔စ္နဲ႔မက္ဆီတို႔ဟာ ကိုယ့္အသင္းအႏိုင္ရေရးအတြက္ အသည္းေပါက္မတတ္ကစားခဲ့ၾကသလို မၾကာခဏဆိုသလို ႏွစ္ေယာက္သား ျပႆနာတက္ေလ့ရွိပါတယ္။

အခုအခ်ိန္မွာ PSG အသင္းေဖာ္ေတြျဖစ္ေနေပမယ့္ မက္ဆီနဲ႔ရာမို႔စ္တို႔ကေတာ့ အရင္က ရန္ၿငိဳးရန္စေတြမေျပေသးဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္တန္းတန္းသာေနၾကတယ္လို႔ သူတို႔ႏွစ္ေယာက္နဲ႔ရင္းႏွီးတဲ့သူတစ္ဦးက ျပင္သစ္သတင္းစာ L’Equipe ကို ဖြင့္ခ်ခဲ့ပါတယ္။

“El Clasico မွာ ဆယ္စုႏွစ္တစ္ခုေလာက္ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၾကတဲ့ ရန္ဘက္ႏွစ္ေယာက္က လြယ္လြယ္နဲ႔ခင္မင္ရင္းႏွီးဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး”လို႔ဆိုခဲ့ပါတယ္။ PSG အသင္းမွာ မက္ဆီရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းေတြက အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေဖာ္ေတြျဖစ္တဲ့ ပါရီဒက္စ္၊ ဒီမာရီယာနဲ႔ ဘာစီလိုနာအသင္းမွာ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိတြဲဖက္ကစားခဲ့တဲ့ ေနမာတို႔ပဲျဖစ္ပါတယ္။ မက္ဆီဟာ ဒီရာသီမွာ PSG အသင္းအတြက္ (၈)ပြဲကစားအၿပီး၊ (၃)ဂိုးသြင္းယူခဲ့ေပမယ့္ ရာမို႔စ္ကေတာ့ ဒဏ္ရာေၾကာင့္ အခုအခ်ိန္အထိ အသင္းသစ္အတြက္ ပြဲထြက္မကစားႏိုင္ေသးဘဲ အခုတစ္ပတ္အေစာပိုင္းကမွ အသင္းနဲ႔အတူေလ့က်င့္ခန္းစဆင္းေနတာျဖစ္ပါတယ္။