El Clasico ပွဲရောက်မှဝတ်မယ့်အင်္ကျီကို ကြိုရောင်းနေရတဲ့အထိအခြေအနေဆိုးနေတဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ လာမယ့်ဧပြီရောက်မှကစားရမယ့် El Clasico ပွဲမှာဝတ်မယ့်အင်္ကျီဒီဇိုင်းကိုအခုကတည်းက ကြိုတင်ရောင်းချ နေရတဲ့အထိအခြေအနေဆိုးရွားနေတယ်လို့ သိရပါတယ်။ ကာတာလန်ဒေသ အလံတော်ကို အိမ်ကွင်းအရောင်နဲ့ရောစပ်ထုတ်လုပ်ထားတဲ့ ဒီအင်္ကျီဟာ ဧပြီလအတွင်းမှာကစားမယ့် El Clasico ပွဲရောက် မှ ဝတ်ဖို့သတ်မှတ်ထားတဲ့အင်္ကျီလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဟာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အခက်တွေ့နေရတဲ့အတွက် ဒီအင်္ကျီကိုတစ်ထည်ပေါင် ၈၀ နဲ့ကြိုတင်ရောင်းချဖို့ စီစဥ်လိုက်ရတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ မကြာသေးခင်က ကလပ် ၁၉ ခုထံကိုပြောင်းရွှေ့ကြေးပေါင် ၁၁၂ သန်းပေးအပ်ဖို့ကျန် ရှိနေသေးကြောင်း သူတို့ရဲ့ဘဏ္ဍာရေးအစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။

ဒီအထဲမှာ ကော်တင်ဟိုအတွက် လီဗာပူးကိုပေးရဦးမယ့် ပေါင် ၂၆ သန်းလည်းပါဝင်ပါတယ်။ သတင်းတွေအရ ဘာစီလိုနာဟာဘဏ်တွေကိုပေးရမယ့်အကြွေးတွေလည်းရှိနေပြီး အချိန်နောက်ဆုတ်ပေးဖို့တောင်းဆိုထားရတယ်လို့ ဆိုပါတယ်။ ဒီသတင်းတွေထွက်လာပြီးနောက် အခုလို အင်္ကျီကြိုတင်ရောင်းချဖို့ လုပ်တာဟာ ကလပ်ရဲ့အခြေအနေဆိုးရွားမှုကို ဖော်ပြနေတယ်လို့ သုံးသပ်ကြပါတယ်။

ဧပြီလကျရင် ဘာနေဗျူးကွင်းမှာ ဝတ်မယ့်အင်္ကျီကို ကလပ်ရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ ပူယိုးလ်ကနမူနာ ဝတ်ပြကာ ကလပ်ရဲ့ တရားဝင်ဝက်ဆိုက်ဘ်ကနေတစ်ဆင့် ကြော်ငြာခဲ့ပါတယ်။ ဒါ့အပြင် ပွဲမှာဝတ်မယ့် အင်္ကျီ နဲ့အတူတူထုတ်လုပ်ထားတဲ့ အင်္ကျီကိုလည်း ကလပ်ရဲ့သစ္စာရှိပရိသတ်တွေအတွက် ထပ်မံရောင်းချပေးဦးမှာ ဖြစ်ပြီး တစ်ထည်ကိုပေါင် ၁၃၀ အထိတန်ကြေးရှိမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကလပ်တွေကိုပေးရမယ့် ငွေကျန်ပေါင် ၁၁၂ သန်းအပြင် ဘဏ်တွေကိုပေးဖို့အတွက် ပေါင် ၁၇၈ သန်းကျန်ရှိနေသေးတာပါ။ လက်ရှိမှာအကြွေးတွေကိုပေါင်းလိုက်ရင် ပေါင် ၅၃၅ သန်းအထိရှိနေတယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာအရပ်ရပ်ဝင်ငွေပေါင် ၁ ဘီလီယံကျော်တဲ့ ပထမဆုံးဘောလုံး အသင်းဖြစ်လာဖို့အထိ ရည်မှန်းထားပေမယ့် ကလပ်ရဲ့စီမံခန့်ခွဲမှုအမှားတွေအပြင် ကိုဗစ်ကပ်ဘေးကြောင့် ဝင်ငွေများစွာထိခိုက်ခဲ့ရပြီး အခုလိုအကြွေးတွေမဆပ်နိုင်သေးတဲ့ အထိဖြစ်နေရတာပါ။ လက်ရှိအခြေအနေ ကြောင့် တစ်ပတ်ကိုလစာပေါင် ၅ သိန်းအထိရနေတဲ့ မက်ဆီတစ်ယောက် ရာသီကုန်ရင်အသင်းကနေထွက်ရဖို့ ပိုမိုနီးစပ်လာခဲ့ပြီလို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

El Clasico ပြဲေရာက္မွဝတ္မယ့္အက်ႌကို ႀကိဳေရာင္းေနရတဲ့အထိအေျခအေနဆိုးေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ လာမယ့္ဧၿပီေရာက္မွကစားရမယ့္ El Clasico ပြဲမွာဝတ္မယ့္အက်ႌဒီဇိုင္းကိုအခုကတည္းက ႀကိဳတင္ေရာင္းခ် ေနရတဲ့အထိအေျခအေနဆိုး႐ြားေနတယ္လို႔ သိရပါတယ္။ ကာတာလန္ေဒသ အလံေတာ္ကို အိမ္ကြင္းအေရာင္နဲ႔ေရာစပ္ထုတ္လုပ္ထားတဲ့ ဒီအက်ႌဟာ ဧၿပီလအတြင္းမွာကစားမယ့္ El Clasico ပြဲေရာက္မွ ဝတ္ဖို႔သတ္မွတ္ထားတဲ့အက်ႌလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာဟာ ဘ႑ာေရးအက်ပ္အတည္း ေၾကာင့္ အခက္ေတြ႕ေနရတဲ့အတြက္ ဒီအက်ႌကိုတစ္ထည္ေပါင္ ၈၀ နဲ႔ႀကိဳတင္ေရာင္းခ်ဖို႔ စီစဥ္လိုက္ရတာျဖစ္ပါတယ္။

ဘာစီလိုနာဟာ မၾကာေသးခင္က ကလပ္ ၁၉ ခုထံကိုေျပာင္းေ႐ႊ႕ေၾကးေပါင္ ၁၁၂ သန္းေပးအပ္ဖို႔က်န္ ရွိေနေသးေၾကာင္း သူတို႔ရဲ႕ဘ႑ာေရးအစီရင္ခံစာထဲမွာ ေဖာ္ျပခဲ့ပါတယ္။ ဒီအထဲမွာ ေကာ္တင္ဟိုအတြက္ လီ ဗာပူးကိုေပးရဦးမယ့္ ေပါင္ ၂၆ သန္းလည္းပါဝင္ပါတယ္။ သတင္းေတြအရ ဘာစီလိုနာဟာဘဏ္ေတြကိုေပး ရမယ့္အေႂကြးေတြလည္းရွိေနၿပီး အခ်ိန္ေနာက္ဆုတ္ေပးဖို႔ေတာင္းဆိုထားရတယ္လို႔ ဆိုပါတယ္။ ဒီသတင္း ေတြထြက္လာၿပီးေနာက္ အခုလို အက်ႌႀကိဳတင္ေရာင္းခ်ဖို႔ လုပ္တာဟာ ကလပ္ရဲ႕အေျခအေနဆိုး႐ြားမႈကို ေဖာ္ျပေနတယ္လို႔ သုံးသပ္ၾကပါတယ္။

ဧၿပီလက်ရင္ ဘာေနဗ်ဴးကြင္းမွာ ဝတ္မယ့္အက်ႌကို ကလပ္ရဲ႕ေနာက္ခံလူေဟာင္းျဖစ္တဲ့ ပူယိုးလ္ကနမူနာ ဝတ္ျပကာ ကလပ္ရဲ႕ တရားဝင္ဝက္ဆိုက္ဘ္ကေနတစ္ဆင့္ ေၾကာ္ျငာခဲ့ပါတယ္။ ဒါ့အျပင္ပြဲမွာဝတ္မယ့္ အက်ႌ နဲ႔အတူတူထုတ္လုပ္ထားတဲ့ အက်ႌကိုလည္း ကလပ္ရဲ႕သစၥာရွိပရိသတ္ေတြအတြက္ ထပ္မံေရာင္းခ်ေပးဦးမွာ ျဖစ္ၿပီး တစ္ထည္ကိုေပါင္ ၁၃၀ အထိတန္ေၾကးရွိမွာျဖစ္ပါတယ္။ ဘာစီလိုနာဟာ ကလပ္ေတြကိုေပးရမယ့္ ေငြက်န္ေပါင္ ၁၁၂ သန္းအျပင္ ဘဏ္ေတြကိုေပးဖို႔အတြက္ ေပါင္ ၁၇၈ သန္းက်န္ရွိေနေသးတာပါ။ လက္ရွိမွာအေႂကြးေတြကိုေပါင္းလိုက္ရင္ ေပါင္ ၅၃၅ သန္းအထိရွိေနတယ္လို႔လည္း သိရပါတယ္။

ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီမွာအရပ္ရပ္ဝင္ေငြေပါင္ ၁ ဘီလီယံေက်ာ္တဲ့ ပထမဆုံးေဘာလုံး အသင္းျဖစ္လာဖို႔အထိ ရည္မွန္းထားေပမယ့္ ကလပ္ရဲ႕စီမံခန႔္ခြဲမႈအမွားေတြအျပင္ ကိုဗစ္ကပ္ေဘးေၾကာင့္ ဝင္ေငြမ်ားစြာထိခိုက္ခဲ့ရၿပီး အခုလိုအေႂကြးေတြမဆပ္ႏိုင္ေသးတဲ့ အထိျဖစ္ေနရတာပါ။ လက္ရွိအေျခအေန ေၾကာင့္ တစ္ပတ္ကိုလစာေပါင္ ၅ သိန္းအထိရေနတဲ့ မက္ဆီတစ္ေယာက္ ရာသီကုန္ရင္အသင္းကေနထြက္ ရဖို႔ ပိုမိုနီးစပ္လာခဲ့ၿပီလို႔လည္း သိရပါတယ္။