El Clasico ပွဲကို ဘာနေဗျူ းကွင်းဆီရွှေ့ပေးဖို့ လာလီဂါတောင်းဆိုမှုကို နှစ်သင်းစလုံးပယ်ချ

Photo- Internet
Photo- Internet

ဘာစီလိုနာမြို့မှာ စပိန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေပေါ်ပေါက်နေတဲ့ အတွက်လာမယ့်အောက်တိုဘာ ၂၆ မှာ နူးကမ့်ကွင်းမှာ ကျင်းပမယ့် El Clasico ပွဲကို ဘာနေဗျူ းကွင်းဆီပြောင်းရွှေ့ပေးဖို့ လာလီဂါအဖွဲ့ချုပ် ကစပိန်ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး ကော်မတီထံတောင်းဆိုထားပေမယ့် နှစ်သင်းစလုံးက ပြင်းပယ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က စပိန်တရားရုံးချုပ်က ကာတာလန်ဒေသလွတ်လပ်ရေးအတွက်လှုပ်ရှားတဲ့ ခေါင်းဆောင် ၉ ဦးကို ထောင်ဒဏ် ၉ နှစ်ကနေ ၁၃ နှစ်အထိချမှတ်လိုက်ပြီးတဲ့နောက် ဘာစီလိုနာမြို့မှာ ဆန့်ကျင်ကန့်ကွက်မှုတွေပေါ်ပေါက်နေပြီး  အကြမ်းဖက်မှုတွေရှိလာလို့ ရဲက ရာဘာကျည်နဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လူစုလူဝေးကိုဖြိုခွဲ ခဲ့ရပါတယ်။

Photo- Internet

ဒါကြောင့်လည်း လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့် နူးကမ့်ကွင်းကပွဲကို ဘာနေဗျူ းဆီရွှေ့ဖို့တောင်းဆိုခဲ့တာဖြစ်ပြီး မတ်လမှာကစားရမယ့် ဒုတိယအကျော့ကို နူးကမ့်မှာ ပြန်ကစားပေးမယ်လို့ တင်ပြထားတယ်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးသတင်းအရ ဒီလိုရွှေ့ဖို့မလိုအပ်ဖူး ဆိုပြီးနှစ်သင်းစလုံးက ပယ်ချထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာက ငြင်းပယ်ခဲ့တဲ့အပြင် ရီးရဲလ်ကလည်း ကွင်းပြောင်းမယ့်အစား ပွဲရွှေ့ဖို့သာအလိုရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကာတာလန်အစိုးရက
ဒေသတွင်းအားကစားပွဲတွေ အားလုံးကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

Photo- Internet

ဘာစီလိုနာလေဆိပ်မှာဆိုရင်လည်း လေယာဉ်ခရီးစဉ် ၁၀၀ ကျော်လည်းဖျက်သိမ်းခဲ့ရပါတယ်။ လေဆိပ်ကနေအသွားအလာ မလုပ်နိုင်တဲ့အတွက် ခရီးသည်ထောင်နဲ့ချီကာ သောင်တင်နေပြီး အဲဒီအထဲမှာ နိုင်ငံတကာပွဲတွေကနေ ပြန်ရောက်လာတဲ့ ကွင်းလယ်လူ ရာကီတစ်လည်းပါဝင်ကာ လေဆိပ်ထဲကနေလမ်းလျှောက်ထွက်ခဲ့ရပါတယ်။

Photo- Internet

ဘာစီလိုနာအသင်းအခြေစိုက်တဲ့ ကာတာလန်ဒေသဟာ စပိန်မှာအချမ်းသာဆုံးဖြစ်ပြီး စပိန်နိုင်ငံကနေခွဲထွက်ဖို့ တောင်းဆိုနေတာလည်းကြာခဲ့ပါပြီ။ ၂၀၁၇ ကခွဲထွက်ေ်ရးအတွက် လူထုဆန္ဒခံယူပွဲကျင်းပခဲ့မှုနဲ့ ပတ်သက်ပြီး ခွဲထွက်ရေးလှုပ်ရှားမှုခေါင်းဆောင်တွေ အဖမ်းခံခဲ့ကြရပါတယ်။ ဘာစီလိုနာဟာလည်း ခွဲထွက်ရေးလှုပ်ရှားမှုကို အစဉ်တစိုက်ထောက်ခံခဲ့ပြီး တနင်္လာနေ့ကလည်း စပိန်တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။ဒီကန့်ကွက်မှုထဲမှာ နိုင်ငံရေးအရဆွေးနွေးမှုတွေမလုပ်ဘဲ အခုလိုဖမ်းဆီးထောင်ချခြင်းဟာ အဖြေမဟုတ်ဖူးလို့လည်း ဖော်ပြသွားပါတယ်။

Photo- Internet

Zawgyi

El Clasico ပြဲကို ဘာေနဗ်ဴ းကြင္းဆီေရႊ႕ေပးဖို႔ လာလီဂါေတာင္းဆိုမႈကို ႏွစ္သင္းစလုံးပယ္ခ်

ဘာစီလိုနာၿမိဳ႕မွာ စပိန္အစိုးရဆန္႔က်င္ေရး ဆႏၵျပမႈေတြေပၚေပါက္ေနတဲ႔ အတြက္လာမယ္႔ေအာက္တိုဘာ ၂၆ မွာ ႏူးကမ့္ကြင္းမွာ က်င္းပမယ္႔ El Clasico ပြဲကို ဘာေနဗ်ဴ းကြင္းဆီေျပာင္းေရႊ႕ေပးဖို႔ လာလီဂါအဖြဲ႔ခ်ဳပ္ ကစပိန္ေဘာလုံးအဖြဲ႔ခ်ဳပ္ ၿပိဳင္ပြဲက်င္းပေရး ေကာ္မတီထံေတာင္းဆိုထားေပမယ္႔ ႏွစ္သင္းစလုံးက ျပင္းပယ္ထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ႔ တနလၤာေန႔က စပိန္တရားရုံးခ်ဳပ္က ကာတာလန္ေဒသလြတ္လပ္ေရးအတြက္လႈပ္ရွားတဲ႔ ေခါင္းေဆာင္ ၉ ဦးကို ေထာင္ဒဏ္ ၉ ႏွစ္ကေန ၁၃ ႏွစ္အထိခ်မွတ္လိုက္ၿပီးတဲ႔ေနာက္ ဘာစီလိုနာၿမိဳ႕မွာ ဆန္႔က်င္ကန္႔ကြက္မႈေတြေပၚေပါက္ေနၿပီး  အၾကမ္းဖက္မႈေတြရွိလာလို႔ ရဲက ရာဘာက်ည္နဲ႔ မ်က္ရည္ယိုဗုံးေတြ အသုံးျပဳၿပီး လူစုလူေ၀းကိုၿဖိဳခြဲ ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း လုံၿခံဳေရးစိုးရိမ္ရတဲ႔အေျခအေနေၾကာင့္ ႏူးကမ့္ကြင္းကပြဲကို ဘာေနဗ်ဴ းဆီေရႊ႕ဖို႔ေတာင္းဆိုခဲ့တာျဖစ္ၿပီး မတ္လမွာကစားရမယ္႔ ဒုတိယအေက်ာ႔ကို ႏူးကမ့္မွာ ျပန္ကစားေပးမယ္လို႔ တင္ျပထားတယ္ျဖစ္ပါတယ္။ ဒါေပမယ္႔ ေနာက္ဆုံးသတင္းအရ ဒီလိုေရႊ႕ဖို႔မလိုအပ္ဖူး ဆိုၿပီးႏွစ္သင္းစလုံးက ပယ္ခ်ထားတယ္လို႔ သိရပါတယ္။ ဘာစီလိုနာက ျငင္းပယ္ခဲ့တဲ႔အျပင္ ရီးရဲလ္ကလည္း ကြင္းေျပာင္းမယ္႔အစား ပြဲေရႊ႕ဖို႔သာအလိုရွိေနတာျဖစ္ပါတယ္။ လက္ရွိမွာလည္း ကာတာလန္အစိုးရက ေဒသတြင္းအားကစားပြဲေတြ အားလုံးကို ရပ္ဆိုင္းဖို႔ အမိန္႔ထုတ္ျပန္ထားပါတယ္။

ဘာစီလိုနာေလဆိပ္မွာဆိုရင္လည္း ေလယာဥ္ခရီးစဥ္ ၁၀၀ ေက်ာ္လည္းဖ်က္သိမ္းခဲ့ရပါတယ္။ ေလဆိပ္ကေနအသြားအလာ မလုပ္ႏိုင္တဲ႔အတြက္ ခရီးသည္ေထာင္နဲ႔ခ်ီကာ ေသာင္တင္ေနၿပီး အဲဒီအထဲမွာ ႏိုင္ငံတကာပြဲေတြကေန ျပန္ေရာက္လာတဲ႔ ကြင္းလယ္လူ ရာကီတစ္လည္းပါ၀င္ကာ ေလဆိပ္ထဲကေနလမ္းေလွ်ာက္ထြက္ခဲ့ရပါတယ္။

ဘာစီလိုနာအသင္းအေျခစိုက္တဲ႔ ကာတာလန္ေဒသဟာ စပိန္မွာအခ်မ္းသာဆုံးျဖစ္ၿပီး စပိန္ႏိုင္ငံကေနခြဲထြက္ဖို႔ ေတာင္းဆိုေနတာလည္းၾကာခဲ့ပါၿပီ။ ၂၀၁၇ ကခြဲထြက္ေ္ရးအတြက္ လူထုဆႏၵခံယူပြဲက်င္းပခဲ့မႈနဲ႔ ပတ္သက္ၿပီး ခြဲထြက္ေရးလႈပ္ရွားမႈေခါင္းေဆာင္ေတြ အဖမ္းခံခဲ့ၾကရပါတယ္။ ဘာစီလိုနာဟာလည္း ခြဲထြက္ေရးလႈပ္ရွားမႈကို အစဥ္တစိုက္ေထာက္ခံခဲ့ၿပီး တနလၤာေန႔ကလည္း စပိန္တရားရုံးခ်ဳပ္ရဲ႕ဆုံးျဖတ္ခ်က္ကို ကန္႔ကြက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ဒီကန္႔ကြက္မႈထဲမွာ ႏိုင္ငံေရးအရေဆြးေႏြးမႈေတြမလုပ္ဘဲ အခုလိုဖမ္းဆီးေထာင္ခ်ျခင္းဟာ အေျဖမဟုတ္ဖူးလို႔လည္း ေဖာ္ျပသြားပါတယ္။