El Clasico ကိုပွဲကို ထပ်မံရွှေ့ဆိုင်းရဖို့ရှိနေ

Photo-Internet
Photo-Internet

လာမယ့် ဒီဇင်ဘာ ၁၈ ကျရင်နူးကမ့်မှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ယှဉ်ပြိုင် ကစားမယ့် El Clasico ပွဲကို ထပ်မံရွှေ့ဆိုင်းရမယ့်အခြေအနေရှိနေတယ်လို့ သိရပါတယ်။ ဒီပွဲကို အောက်တိုဘာ ၂၆ ကယှဉ်ပြိုင်ဖို့သတ်မှတ်ခဲ့တာဖြစ်ပေမယ့် ကာတာလန်ဒေသမှာ ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့လို့ ဒီဇင်ဘာ ၁၈ ကိုရွှေ့ထားရတာပါ။

ဒါပေမယ့်လည်း စပိန်လက်အောက်ကနေ ကာတာလန်ဒေသလွတ်မြောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့  ‘Tsunami Democratic’  ကအဲဒီပွဲစဉ်ကျင်းပမယ့်နေ့မှာ ဆန္ဒပြမှုတွေပြုလုပ်ဖို့ စည်းရုံးလှုံဆော်နေတာကြောင့် ပွဲကိုထပ်ပြီးရွှေကရမယ့် အရေးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Photo-Internet

ဒီအဖွဲ့ဟာ ပွဲစဉ်မတိုင်မီ နူးကမ့်နဲ့နီးစပ်တဲ့နေရာ ၄ ခုမှာ သူတို့အဖွဲ့ဝင်အင်အား ၁၈၀၀၀ နဲ့အတူ ဆန္ဒပြမှုတွေပြုလုပ်ဖို့ ဆိုရှယ်မီဒီယာ တွေကနေ လှုံဆော်နေတာပါ။ El Clasico ပွဲကို ဒီဇင်ဘာ ၁၈ ဒေသစံတော်ချိန်ညနေ ၇ နာရီမှာကျင်းပဖို့သတ်မှတ်ထားပြီး အဲဒီအဖွဲ့ဝင်အားလုံးနီးပါးဟာ ဒီပွဲစဉ်အတွက် လက်မှတ်ရရှိထားပြီးဖြစ်လို့ စိုးရိမ်မှုတွေရှိနေကြတာပါ။

Photo-Internet

ဒီအဖွဲ့ဝင်တွေကွင်းထဲရောက်လာမယ်ဆိုရင် တင်းမာမှုဖြစ်လာအောင်လုပ်မယ့်အခြေအနေရှိနေလို့ လုံခြုံရေးအရပြဿ     နာရှိနိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။ ဒါကြောင့်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်၊ လာလီဂါအဖွဲ့ တို့နဲ့အတူဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Photo-Internet

ပြီးခဲ့တဲ့ နွေရာသီအတွင်းမှာ စပိန်အစိုးရဟာ ကာတာလန်ဒေသခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင် ၉ ဦးကိုထောင်ချလိုက်ပြီးတဲ့နောက် ကာတာလန်ဒေသမှာ မကျေနပ်မှုတွေဖြစ်ပေါ်လာပြီး ဆန္ဒပြလာကြတာဖြစ်ပါတယ်။  Tsunami Democratic အဖွဲ့ဆိုရင် အောက်တိုဘာလအတွင်း ဆန္ဒပြမှုတွေအတွင်းမှာ ဘာစီလိုနာမြို့က El Prat လေဆိပ်ကိုတောင် စီးနင်းထားတဲ့အထိဖြစ်ခဲ့ပါတယ်။

Photo-Internet

Zawgyi

El Clasico ကိုပြဲကို ထပ္မံေရႊ႕ဆိုင္းရဖို႔ရွိေန

လာမယ္႔ ဒီဇင္ဘာ ၁၈ က်ရင္ႏူးကမ့္မွာ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္ တို႔ယွဥ္ၿပိဳင္ ကစားမယ္႔ El Clasico ပြဲကို ထပ္မံေရႊ႕ဆိုင္းရမယ္႔အေျခအေနရွိေနတယ္လို႔ သိရပါတယ္။ ဒီပြဲကို ေအာက္တိုဘာ ၂၆ ကယွဥ္ၿပိဳင္ဖို႔သတ္မွတ္ခဲ့တာျဖစ္ေပမယ္႔ ကာတာလန္ေဒသမွာ ဆႏၵျပမႈေတြေပၚေပါက္ခဲ့လို႔ ဒီဇင္ဘာ ၁၈ ကိုေရႊ႕ထားရတာပါ။

ဒါေပမယ္႔လည္း စပိန္လက္ေအာက္ကေန ကာတာလန္ေဒသလြတ္ေျမာက္ေရးအဖြဲ႔တစ္ခုျဖစ္တဲ႔  ‘Tsunami Democratic’  ကအဲဒီပြဲစဥ္က်င္းပမယ္႔ေန႔မွာ ဆႏၵျပမႈေတြျပဳလုပ္ဖို႔ စည္းရုံးလႈံေဆာ္ေနတာေၾကာင့္ ပြဲကိုထပ္ၿပီးေရႊကရမယ္႔ အေရးနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဒီအဖြဲ႔ဟာ ပြဲစဥ္မတိုင္မီ ႏူးကမ့္နဲ႔နီးစပ္တဲ႔ေနရာ ၄ ခုမွာ သူတို႔အဖြဲ႔၀င္အင္အား ၁၈၀၀၀ နဲ႔အတူ ဆႏၵျပမႈေတြျပဳလုပ္ဖို႔ ဆိုရွယ္မီဒီယာ ေတြကေန လႈံေဆာ္ေနတာပါ။ El Clasico ပြဲကို ဒီဇင္ဘာ ၁၈ ေဒသစံေတာ္ခ်ိန္ညေန ၇ နာရီမွာက်င္းပဖို႔သတ္မွတ္ထားၿပီး အဲဒီအဖြဲ႔၀င္အားလုံးနီးပါးဟာ ဒီပြဲစဥ္အတြက္ လက္မွတ္ရရွိထားၿပီးျဖစ္လို႔ စိုးရိမ္မႈေတြရွိေနၾကတာပါ။

ဒီအဖြဲ႔၀င္ေတြကြင္းထဲေရာက္လာမယ္ဆိုရင္ တင္းမာမႈျဖစ္လာေအာင္လုပ္မယ္႔အေျခအေနရွိေနလို႔ လုံၿခံဳေရးအရျပႆ     နာရွိႏိုင္တယ္လို႔ ရဲတပ္ဖြဲ႔က ယူဆေနပါတယ္။ ဒါေၾကာင့္လည္း စပိန္ေဘာလုံးအဖြဲ႔ခ်ဳပ္၊ လာလီဂါအဖြဲ႔ တို႔နဲ႔အတူေဆြးေႏြးမႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ႔ ေႏြရာသီအတြင္းမွာ စပိန္အစိုးရဟာ ကာတာလန္ေဒသခြဲထြက္ေရးလႈပ္ရွားမႈ ေခါင္းေဆာင္ ၉ ဦးကိုေထာင္ခ်လိုက္ၿပီးတဲ႔ေနာက္ ကာတာလန္ေဒသမွာ မေက်နပ္မႈေတြျဖစ္ေပၚလာၿပီး ဆႏၵျပလာၾကတာျဖစ္ပါတယ္။  Tsunami Democratic အဖြဲ႔ဆိုရင္ ေအာက္တိုဘာလအတြင္း ဆႏၵျပမႈေတြအတြင္းမွာ ဘာစီလိုနာၿမိဳ႕က El Prat ေလဆိပ္ကိုေတာင္ စီးနင္းထားတဲ႔အထိျဖစ္ခဲ့ပါတယ္။