Deadline Day ရဲ့ နောက်ဆုံးအချိန်မှာဘယ်သူတွေဘယ်အသင်းဆီရောက်ကြသလဲ?

photo internet

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကတော့ပြီးဆုံးခဲ့ပါပြီ။ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ဘယ်သူတွေ ဘယ်အသင်းဆီရောက်သွားလဲဆိုတာကိုတင်ဆက်ပေးပါမယ်။ အရင်ဦးဆုံးယူနိုက်တက် အပြောင်းအရွှေ့သတင်း ကိုဖော်ပြပေးပါမယ်။ ယူနိုက်တက်အသင်းဟာ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အင်ဟာလိုကို ရာသီအကုန်ထိ အဌားဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၀ အရွယ် ဝက်ဖိုဒ်တိုက်စစ်မှူးဟောင်း အင်ဟာလိုကို ယူနိုက်တက်အနေနဲ့ လုပ်ခလစာအားဖြင့် တစ်ပတ်လျှင် ပေါင် ၁ သိန်း ပေးချေသွားရမှာဖြစ်ပါတယ်။

photo internet

အင်ဟာလိုကိုခေါ်ယူဖို့စပါးအသင်းကလည်းကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ယူနိုက်တက်မှာပဲ ကစားချင်တာကြောင့် ယူနိုက်တက်ကိုသာရွေးချယ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေအရသိရပါတယ်။ အင်ဟာလိုဟာဝက်ဖို့ဒ်မှာ (၅၅)ပွဲကစားပေးခဲ့ပြီးတော့ သွင်းဂိုး(၁၆)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဆောက်အန်းအသင်းက လူငယ်ဂိုးသမားလေး နေသန်ဘစ်ရှော့ပ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ သူဟာ ကြာသပတေးနေ့တုန်းက ကာရင်းတန်ကိုရောက်လာပြီး စာချုပ်ချုပ်ခဲ့ပါတယ်။ ဆောက်အန်းအသင်းဘက်က ဒီအပြောင်းအရွှေ့ကို တရားဝင်အတည်ပြုပေးခဲ့ပါတယ်။

photo internet

အေစီမီလန်အသင်းဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်း၏ ကွင်းလယ်လူ အလက်ဆစ် ဆယ်လီမယ်ကာကို အဌားခေါ်ယူခဲ့ပြီး ရာသီကုန်မှာ အပြီးသတ်ဝယ်ယူသွားမှာဖြစ်ပါတယ်။လီဗာပူးကစားသမား ဟောင်း၊ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ အမ်မရီချန်ကတော့ ဒေါ့မွန်အသင်းဆီရောက်ရှိခဲ့ပါတယ်။ ရာသီကုန်အထိအငှားနဲ့ခေါ်တာဖြစ်ပြီး အငှားပြီးဆုံးရင် ပေါင်၂၃သန်းနဲ့ဝယ်ယူခွင့်ပါဝင်ပါတယ်။ မန်ချက် စတာ စီးတီး အသင်းရဲ့ နောက်ခံလူ အန်ဂီလီနို ကို ဂျာမန် ဘွန်ဒစ်လီဂါ ကလပ် ရက်ဘူးလိုက်ပ်ဇစ် ထံ ရာသီကုန်လျှင် ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်နဲ့အတူအငှား စေလွှတ် လိုက်တယ်လို့သိရပါတယ်။လက်စတာအသင်း ကတော့ ဝုဗ်နောက်တန်းကစားသမား ရိုင်ယန်းဘန်းနက်ကို ရာသီကုန်အထိအငှားနဲ့ခေါ်လိုက်ပါပြီ။ ဘာစီလိုနာအသင်းဟာ ပေါ်တူဂီကလပ် ဘရာဂါအသင်းရဲ့ အသက် ၂၀ ရွယ် ထရွင်ကာအို လူငယ်ကစားသမားကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါပြီး၊ ထရွင်ကာအိုဟာ ဒီဇန်နဝါရီမှာ ဘာကာကိုပူးပေါင်းဦးမှာမဟုတ်ပါဘူး။ နွေရာသီအတွက်ကြိုဝယ်ထားတာဖြစ်ပါတယ်။ သူ့အတွက် ကနဦးပေးချေငွေက ယူရို၂၆သန်းဖြစ်ပြီး ၃၁သန်းအထိတိုးတက်သွားနိုင်ပါတယ်။

photo internet

ဆောက်သမ်တန်အသင်းက ပေါ်တူဂီသားညာနောက်ခံလူ ဆီးဒရစ်ဆောရက်စ်ဟာ အာဆင်နယ်ကိုပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဆောက်သမ်ပ်တန်နဲ့ဆီးဒရစ်တို့ရဲ့စာချုပ်က ဒီနွေရာသီမှာကုန်ဆုံးမှာပါ။ သူဟာ ဆောက်သမ်တန်ကို ၂၀၁၅မှာ စပို့တင်းအသင်းကနေရောက်လာတာဖြစ်ပြီး ၁၃၈ပွဲကစားပေးခဲ့ပါတယ်။ ကာရာဘောင်းဖလားပွဲမှာ ယူနိုက်တက်ဘက်ကို ညဘက်ဂိုးသွင်းပြီး နောက်တစ်နေ့မနက်စာမေးပွဲသွားဖြေခဲ့တဲ့ ဆယ်ကျော်သက်ကျောင်းသားလေးရို့ချ်ဒေးလ်က ၁၇နှစ်သား လုခ်မာသီးဆွန်ကတော့ ဝုဗ်လ်အသင်းနဲ့ ဆေးစစ်နေပြီဖြစ်ပါတယ်။ အခုဇန်နဝါရီအတွက်တော့မဟုတ်သေးပါဘူး။ နွေရာသီကျမှရောက်လာမှာပါ။ သူ့အတွက် ခန့်မှန်းကုန်ကျငွေက ပေါင်တစ်သန်းဝန်းကျင်ဖြစ်ပါတယ်။

photo internet

အက်သလက်တီကိုအသင်းကတော့ တရုတ်စူပါလိဂ်မှာသွားကစားနေတဲ့ ယန်းနစ်ကာရက်စကိုကို အငှားနဲ့ပြန်ခေါ်လိုက်ပြန်ပါပြီ။ ကာရက်စကိုဟာ ရောက်လာတာနဲ့ အသင်းသားတွေနဲ့အတူ လေ့ကျင့်ရေးဆင်းနေပြီဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ အသင်းကတော့ ရှက်ဖီး ယူနိုက်တက် အသင်း ကနေ ယူနိုက်တက် ကစားသမားဟောင်း ရာဗယ်မောရစ်ဆင် ကို ခေါ်ယူလိုက်ပြီ လို့ သိရပါတယ် ။ ရှက်ဖီး ယူနိုက်တက် အသင်း ရဲ့ နောက်ထပ် ကစား သမား တစ်ဦး ဖြစ်တဲ့ မက် ဒပ်ဖီ ဟာ လည်း ပဲလေ့စ် နည်းပြဟောင်း အလန်ပါဂျူး ကိုင်တွယ် နေတဲ့ နယ်သာလန် ကလပ် ADO Dean Haag အသင်းဆီ ကို အငှား ပြောင်းရွှေ့ သွားခဲ့ပြီ လို့ သိရ ပါတယ် ။ ရှက်ဖီးယူနိုက်တက်ကတော့ နော်ဝေသားကွင်းလယ်ကစားသမား ဆန်ဒါဘာ့ချ်ကို ပေါင်၁၇သန်းနဲ့ ဘရာမောလိမ်းဆီခေါ်ယူလိုက်တာဖြစ်ပါတယ်။ Genkအသင်းကဘာ့ခ်ျဟာ ၄နှစ်ခွဲစာချုပ်လက်မှတ်ထိုးခဲ့တာပါ။ ပါးမား တောင်ပံကစားသမား ဂျာဗင်ဟိုကတော့ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးမိနစ် မှာ ကာတာ ကလပ် အယ်လ်ဆတ် ဆီကို ပြောင်းရွှေ့ ဖို့ သဘောတူ သွားခဲ့တယ်လို့ သိရပါတယ်။

photo internet

ကစားသမားအပြောင်းအရွှေ့မရှိတဲ့အသင်းတွေလည်းရှိပါတယ်။ လီဗာပူးအသင်း ရဲ့အပြောင်းအရွှေ့ကတော့ သတင်းတွေထွက်ခဲ့ပေမယ့် ထူးခြားမှုမရှိခဲ့ပါဘူး။ ချဲလ်ဆီး အသင်းကလည်း ဈေးကွက် မပိတ်ခင်မှာ ကစားသမားအသစ်တွေ ခေါ်ယူဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ဖြစ်မြောက် မလာခဲ့ပါဘူး။

photo internet

(Zawgyi Version)

Deadline Day ရဲ႕ ေနာက္ဆုံးအခ်ိန္မွာဘယ္သူေတြဘယ္အသင္းဆီေရာက္ၾကသလဲ?

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ကေတာ့ၿပီးဆုံးခဲ့ပါၿပီ။ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးအခ်ိန္မွာ ဘယ္သူေတြ ဘယ္အသင္းဆီေရာက္သြားလဲဆိုတာကိုတင္ဆက္ေပးပါမယ္။ အရင္ဦးဆုံးယူႏိုက္တက္ အေျပာင္းအေ႐ႊ႕သတင္းကိုေဖာ္ျပေပးပါမယ္။ ယူႏိုက္တက္အသင္းဟာ တ႐ုတ္ကလပ္ ရွန္ဟိုင္းရွန္ဟြာအသင္းရဲ႕ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉး အင္ဟာလိုကို ရာသီအကုန္ထိ အဌားျဖင့္ ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ အသက္ ၃၀ အ႐ြယ္ ဝက္ဖိုဒ္တိုက္စစ္မႉးေဟာင္း အင္ဟာလိုကို ယူႏိုက္တက္အေနနဲ႔ လုပ္ခလစာအားျဖင့္ တစ္ပတ္လွ်င္ ေပါင္ ၁ သိန္း ေပးေခ်သြားရမွာျဖစ္ပါတယ္။

အင္ဟာလိုကိုေခၚယူဖို႔စပါးအသင္းကလည္းကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ယူႏိုက္တက္မွာပဲ ကစားခ်င္တာေၾကာင့္ ယူႏိုက္တက္ကိုသာေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြအရသိရပါတယ္။ အင္ဟာလိုဟာဝက္ဖို႔ဒ္မွာ (၅၅)ပြဲကစားေပးခဲ့ၿပီးေတာ့ သြင္းဂိုး(၁၆)ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မႉးတစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ဟာ ေဆာက္အန္းအသင္းက လူငယ္ဂိုးသမားေလး ေနသန္ဘစ္ေရွာ့ပ္ကို အၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။ သူဟာ ၾကာသပေတးေန႔တုန္းက ကာရင္းတန္ကိုေရာက္လာၿပီး စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။ ေဆာက္အန္းအသင္းဘက္က ဒီအေျပာင္းအေ႐ႊ႕ကို တရားဝင္အတည္ျပဳေပးခဲ့ပါတယ္။

ေအစီမီလန္အသင္းဟာ ဘယ္လ္ဂ်ီယံကလပ္ အန္ဒါလက္ခ်္အသင္း၏ ကြင္းလယ္လူ အလက္ဆစ္ ဆယ္လီမယ္ကာကို အဌားေခၚယူခဲ့ၿပီး ရာသီကုန္မွာ အၿပီးသတ္ဝယ္ယူသြားမွာျဖစ္ပါတယ္။လီဗာပူးကစားသမား ေဟာင္း၊ ဂ်ဴဗင္တပ္စ္အသင္းကြင္းလယ္လူ အမ္မရီခ်န္ကေတာ့ ေဒါ့မြန္အသင္းဆီေရာက္ရွိခဲ့ပါတယ္။ ရာသီကုန္အထိအငွားနဲ႔ေခၚတာျဖစ္ၿပီး အငွားၿပီးဆုံးရင္ ေပါင္၂၃သန္းနဲ႔ဝယ္ယူခြင့္ပါဝင္ပါတယ္။ မန္ခ်က္ စတာ စီးတီး အသင္းရဲ႕ ေနာက္ခံလူ အန္ဂီလီႏို ကို ဂ်ာမန္ ဘြန္ဒစ္လီဂါ ကလပ္ ရက္ဘူးလိုက္ပ္ဇစ္ ထံ ရာသီကုန္လွ်င္ ေပါင္ ၂၅ သန္းျဖင့္ အၿပီးသတ္ဝယ္ယူခြင့္နဲ႔အတူအငွား ေစလႊတ္ လိုက္တယ္လို႔သိရပါတယ္။လက္စတာအသင္း ကေတာ့ ဝုဗ္ေနာက္တန္းကစားသမား ႐ိုင္ယန္းဘန္းနက္ကို ရာသီကုန္အထိအငွားနဲ႔ေခၚလိုက္ပါၿပီ။ ဘာစီလိုနာအသင္းဟာ ေပၚတူဂီကလပ္ ဘရာဂါအသင္းရဲ႕ အသက္ ၂၀ ႐ြယ္ ထ႐ြင္ကာအို လူငယ္ကစားသမားကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ပါၿပီး၊ ထ႐ြင္ကာအိုဟာ ဒီဇန္နဝါရီမွာ ဘာကာကိုပူးေပါင္းဦးမွာမဟုတ္ပါဘူး။ ေႏြရာသီအတြက္ႀကိဳဝယ္ထားတာျဖစ္ပါတယ္။ သူ႔အတြက္ ကနဦးေပးေခ်ေငြက ယူ႐ို၂၆သန္းျဖစ္ၿပီး ၃၁သန္းအထိတိုးတက္သြားႏိုင္ပါတယ္။

ေဆာက္သမ္တန္အသင္းက ေပၚတူဂီသားညာေနာက္ခံလူ ဆီးဒရစ္ေဆာရက္စ္ဟာ အာဆင္နယ္ကိုေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။ ေဆာက္သမ္ပ္တန္နဲ႔ဆီးဒရစ္တို႔ရဲ႕စာခ်ဳပ္က ဒီေႏြရာသီမွာကုန္ဆုံးမွာပါ။ သူဟာ ေဆာက္သမ္တန္ကို ၂၀၁၅မွာ စပို႔တင္းအသင္းကေနေရာက္လာတာျဖစ္ၿပီး ၁၃၈ပြဲကစားေပးခဲ့ပါတယ္။ ကာရာေဘာင္းဖလားပြဲမွာ ယူႏိုက္တက္ဘက္ကို ညဘက္ဂိုးသြင္းၿပီး ေနာက္တစ္ေန႔မနက္စာေမးပြဲသြားေျဖခဲ့တဲ့ ဆယ္ေက်ာ္သက္ေက်ာင္းသားေလး႐ို႕ခ်္ေဒးလ္က ၁၇ႏွစ္သား လုခ္မာသီးဆြန္ကေတာ့ ဝုဗ္လ္အသင္းနဲ႔ ေဆးစစ္ေနၿပီျဖစ္ပါတယ္။ အခုဇန္နဝါရီအတြက္ေတာ့မဟုတ္ေသးပါဘူး။ ေႏြရာသီက်မွေရာက္လာမွာပါ။ သူ႔အတြက္ ခန႔္မွန္းကုန္က်ေငြက ေပါင္တစ္သန္းဝန္းက်င္ျဖစ္ပါတယ္။

အက္သလက္တီကိုအသင္းကေတာ့ တ႐ုတ္စူပါလိဂ္မွာသြားကစားေနတဲ့ ယန္းနစ္ကာရက္စကိုကို အငွားနဲ႔ျပန္ေခၚလိုက္ျပန္ပါၿပီ။ ကာရက္စကိုဟာ ေရာက္လာတာနဲ႔ အသင္းသားေတြနဲ႔အတူ ေလ့က်င့္ေရးဆင္းေနၿပီျဖစ္ပါတယ္။ မစ္ဒယ္ဘေရာ့ အသင္းကေတာ့ ရွက္ဖီး ယူႏိုက္တက္ အသင္း ကေန ယူႏိုက္တက္ ကစားသမားေဟာင္း ရာဗယ္ေမာရစ္ဆင္ ကို ေခၚယူလိုက္ၿပီ လို႔ သိရပါတယ္ ။ ရွက္ဖီး ယူႏိုက္တက္ အသင္း ရဲ႕ ေနာက္ထပ္ ကစား သမား တစ္ဦး ျဖစ္တဲ့ မက္ ဒပ္ဖီ ဟာ လည္း ပဲေလ့စ္ နည္းျပေဟာင္း အလန္ပါဂ်ဴး ကိုင္တြယ္ ေနတဲ့ နယ္သာလန္ ကလပ္ ADO Dean Haag အသင္းဆီ ကို အငွား ေျပာင္းေ႐ႊ႕ သြားခဲ့ၿပီ လို႔ သိရ ပါတယ္ ။ ရွက္ဖီးယူႏိုက္တက္ကေတာ့ ေနာ္ေဝသားကြင္းလယ္ကစားသမား ဆန္ဒါဘာ့ခ်္ကို ေပါင္၁၇သန္းနဲ႔ ဘရာေမာလိမ္းဆီေခၚယူလိုက္တာျဖစ္ပါတယ္။ Genkအသင္းကဘာ့ခ္်ဟာ ၄ႏွစ္ခြဲစာခ်ဳပ္လက္မွတ္ထိုးခဲ့တာပါ။ ပါးမား ေတာင္ပံကစားသမား ဂ်ာဗင္ဟိုကေတာ့ အေျပာင္းအေ႐ႊ႕ရဲ႕ ေနာက္ဆုံးမိနစ္ မွာ ကာတာ ကလပ္ အယ္လ္ဆတ္ ဆီကို ေျပာင္းေ႐ႊ႕ ဖို႔ သေဘာတူ သြားခဲ့တယ္လို႔ သိရပါတယ္။

ကစားသမားအေျပာင္းအေ႐ႊ႕မရွိတဲ့အသင္းေတြလည္းရွိပါတယ္။ လီဗာပူးအသင္း ရဲ႕အေျပာင္းအေ႐ႊ႕ကေတာ့ သတင္းေတြထြက္ခဲ့ေပမယ့္ ထူးျခားမႈမရွိခဲ့ပါဘူး။ ခ်ဲလ္ဆီး အသင္းကလည္း ေဈးကြက္ မပိတ္ခင္မွာ ကစားသမားအသစ္ေတြ ေခၚယူဖို႔ စီစဥ္ထားခဲ့ေပမယ့္လည္း ျဖစ္ေျမာက္ မလာခဲ့ပါဘူး။