ခရိုအေးရှားကို အကြိတ်အနယ်ကစားခဲ့ရပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ စပိန်အသင်း ကွာတားဖိုင်နယ်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘယ်သူမှမထင်မှတ်တဲ့အနေအထားကနေ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ခဲ့တဲ့ ခရိုအေးရှားအသင်းဟာ

အဲဒီတုန်းက ခြေစွမ်းမျိုးထက် တစ်ဆင့်နိမ့်သွားပေမယ့် စိတ်ဓာတ်ပိုင်းက အခုအချိန်အထိ ကောင်းမွန်နေဆဲပါပဲ။

စပိန်အသင်းကို (၃-၁)ဂိုးနဲ့ရှုံးနေတာကနေ ချေပဂိုးတွေလိုက်သွင်းပြီး အချိန်ပိုအထိဆွဲခေါ်သွားနိုင်ပေမယ့်

ကစားသမားအင်အားပိုင်းနဲ့ သက်ကြီးကစားသမားများနေတာကြောင့် (၅-၃)ဂိုးရလဒ်နဲ့အရှုံးပေးခဲ့ရတာပါ။

တိုက်စစ်မှာ အားထားရတဲ့ဝါရင့်ကစားသမားပါရီဆစ် မပါနိုင်တာကြောင့်လည်း ခရိုအေးရှားအသင်းတိုက်စစ်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရတယ်။

ပြီးခဲ့တဲ့အုပ်စုပွဲတွေတုန်းက အပိုင်အခွင့်အရေးတွေလွဲချော်ခဲ့လို့ ကိုယ့်အသင်းပရိသတ်တွေက အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ

ဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတဲ့ စပိန်တိုက်စစ်မှူးမိုရာတာဟာ

အခုပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး သူ့ရဲ့တိုးအားကြောင့် တောင်ပံတိုက်စစ်ကစားသမားတွေ Space ရခဲ့သလို

ကိုယ်တိုင်လည်း အရေးပါတဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း မိနစ်(၂၀)လောက်မှာ ကွင်းလယ်လူပတ်ဒရီ ပြန်ပေးတဲ့ဘောလုံးကို စပိန်ဂိုးသမားအူနိုင်းဆီမွန် မသပ်မရပ်နဲ့ထိန်းခဲ့တာကနေ ဂိုးဝင်သွားခဲ့လို့ ခရိုအေးရှားအဖွင့်ဂိုးရခဲ့ပါတယ်။

စပိန်အသင်း ဒီပွဲမှာအနိုင်ရခဲ့တာက အူနိုင်းဆီမွန်အတွက် ဖြေသိမ့်စရာဖြစ်ခဲ့ပြီး မဟုတ်ရင်တော့ သူဟာ ဒီပွဲရဲ့ ဗီလိန်ဖြစ်ဖို့သေချာနေပါပြီ။

စပိန်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းချိတ်ဆက်မှုက အားနည်းချက်တွေရှိနေပြီး ကိုကီ၊ ဘူးစကွက်စ်၊ ပတ်ဒရီတို့ရဲ့ ကွင်းလယ်ဟာ တိုက်စစ်ကို လုံလောက်တဲ့ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ကြဘူး။

ဒါပေမဲ့ (၃၈)မိနစ်မှာ စပိန်တို့ချေပဂိုးပြန်ရခဲ့ပြီး ဂိုးရှေ့မှာရှုပ်ယှက်ခတ်နေတဲ့အနေအထားကနေ ဆာရာဘီယာက အပြင်းကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာပါ။

ဒီပွဲမှာ ညာခြမ်းက တိုက်စစ်ကစားသမားဖာရန်တောရက်စ် ခြေစွမ်းပြခဲ့ပြီး ဒုတိယဂိုးက သူ ဖြတ်တင်ပေးလိုက်တာကနေ အက်ဇ်ပီလီကွယ်တာက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ် ၃၀၄ ရက်ရှိပြီဖြစ်တဲ့ အက်ဇ်ပီလီကွယ်တာဟာ စပိန်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့တာဖြစ်သလို ယူရိုပြိုင်ပွဲမှာ စပိန်အသင်းအတွက် ဂိုးသွင်းခဲ့တဲ့

အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(၇၆)မိနစ်မှာ ပြစ်ဒဏ်ဘောကနေ ပေါတောရက်စ် ကွက်တိလှမ်းတင်ပေးလိုက်တာကို ဖာရန်တောရက်စ် တစ်ချက်ထိန်းပြီး တတိယမြောက်ဂိုး သွင်းယူခဲ့တာကြောင့်

စပိန်အသင်း ကွာတားဖိုင်နယ်တက်ပြီလို့ အားလုံးက ယူဆခဲ့ကြတာပါ။

ဒါပေမဲ့ လက်ကျန်(၁၀)မိနစ်ကျော်မှာ ခရိုအေးရှားအသင်းရဲ့ ရုန်းအားက ကြောက်စရာကောင်းခဲ့ပြီး (၈၅)မိနစ်မှာ အိုရီဆစ်၊ နာကျင်အချိန်ပိုမှာ ပါဆယ်လစ်တို့က

ဂိုးတွေဆက်တိုက်သွင်းယူခဲ့လို့ ပွဲက အသက်ပြန်ဝင်လာပါတယ်။

အချိန်ပိုမှာတော့ ခရိုအေးရှားအသင်းကစားသမားတွေ ချေပဂိုးရဖို့ ရုန်းခဲ့ရတာရယ်၊ သက်ကြီးကစားသမားတွေများနေတာရယ်ကြောင့် ကစားအားကျသွားပြီး

အချိန်ပို(၁၀)မိနစ်လောက်မှာ မိုရာတာက ဦးဆောင်ဂိုးပြန်သွင်းယူခဲ့တယ်။

မိုရာတာဟာ ယူရိုပြိုင်ပွဲမှာ (၅)ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးတောရက်စ်နဲ့အတူ ယူရိုသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

မိနစ်ပိုင်းအကြာမှာပဲ အိုယာဇာဘယ်လ်က ပဉ္စမမြောက်ဂိုးသွင်းယူလိုက်ချိန်မှာတော့ ခရိုအေးရှားတို့ ကစားအားရော၊ စိတ်ဓာတ်ပါကျဆင်းသွားပြီး

ပွဲအပြီးမှာ (၅-၃)ဂိုးရလဒ်နဲ့ စပိန်အသင်း ကွာတားဖိုင်နယ်တက်ခွင့်ရရှိခဲ့ပါတယ်။

စပိန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ နှစ်ပွဲဆက် (၅)ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပြီး ဒီပွဲမှာနှစ်သင်းပေါင်းသွင်းဂိုးက (၈)ဂိုးအထိရှိတာကြောင့်

၁၉၆၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တုန်းက ပြင်သစ်(၅ဂိုး-၄ဂိုး)ယူဂိုဆလားဗီးယားပွဲနောက်ပိုင်း နှစ်သင်းပေါင်းသွင်းဂိုးအများဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ႐ိုေအးရွားကို အႀကိတ္အနယ္ကစားခဲ့ရၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ စပိန္အသင္း ကြာတားဖိုင္နယ္တက္

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဘယ္သူမွမထင္မွတ္တဲ့အေနအထားကေန ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ခဲ့တဲ့ ခ႐ိုေအးရွားအသင္းဟာ အဲဒီတုန္းက ေျခစြမ္းမ်ိဳးထက္ တစ္ဆင့္နိမ့္သြားေပမယ့္ စိတ္ဓာတ္ပိုင္းက အခုအခ်ိန္အထိ ေကာင္းမြန္ေနဆဲပါပဲ။ စပိန္အသင္းကို (၃-၁)ဂိုးနဲ႔ရႈံးေနတာကေန ေခ်ပဂိုးေတြလိုက္သြင္းၿပီး အခ်ိန္ပိုအထိဆြဲေခၚသြားႏိုင္ေပမယ့္ ကစားသမားအင္အားပိုင္းနဲ႔ သက္ႀကီးကစားသမားမ်ားေနတာေၾကာင့္ (၅-၃)ဂိုးရလဒ္နဲ႔အရႈံးေပးခဲ့ရတာပါ။

တိုက္စစ္မွာ အားထားရတဲ့ဝါရင့္ကစားသမားပါရီဆစ္ မပါႏိုင္တာေၾကာင့္လည္း ခ႐ိုေအးရွားအသင္းတိုက္စစ္အတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့ရတယ္။ ၿပီးခဲ့တဲ့အုပ္စုပြဲေတြတုန္းက အပိုင္အခြင့္အေရးေတြလြဲေခ်ာ္ခဲ့လို႔ ကိုယ့္အသင္းပရိသတ္ေတြက အသက္အႏၲရာယ္ၿခိမ္းေျခာက္တဲ့အထိ ဆိုး႐ြားတဲ့အေျခအေနနဲ႔ရင္ဆိုင္ခဲ့ရတဲ့ စပိန္တိုက္စစ္မႉးမိုရာတာ အခုပြဲမွာ အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး သူ႔ရဲ႕တိုးအားေၾကာင့္ ေတာင္ပံတိုက္စစ္ကစားသမားေတြ Space ရခဲ့သလို ကိုယ္တိုင္လည္း အေရးပါတဲ့ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္း မိနစ္(၂၀)ေလာက္မွာ ကြင္းလယ္လူပတ္ဒရီ ျပန္ေပးတဲ့ေဘာလုံးကို စပိန္ဂိုးသမားအူႏိုင္းဆီမြန္ မသပ္မရပ္နဲ႔ထိန္းခဲ့တာကေန ဂိုးဝင္သြားခဲ့လို႔ ခ႐ိုေအးရွားအဖြင့္ဂိုးရခဲ့ပါတယ္။ စပိန္အသင္း ဒီပြဲမွာအႏိုင္ရခဲ့တာက အူႏိုင္းဆီမြန္အတြက္ ေျဖသိမ့္စရာျဖစ္ခဲ့ၿပီး မဟုတ္ရင္ေတာ့ သူဟာ ဒီပြဲရဲ႕ ဗီလိန္ျဖစ္ဖို႔ေသခ်ာေနပါၿပီ။ စပိန္အသင္းရဲ႕ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းခ်ိတ္ဆက္မႈက အားနည္းခ်က္ေတြရွိေနၿပီး ကိုကီ၊ ဘူးစကြက္စ္၊ ပတ္ဒရီတို႔ရဲ႕ ကြင္းလယ္ဟာ တိုက္စစ္ကို လုံေလာက္တဲ့ပံ့ပိုးမႈေတြ မလုပ္ႏိုင္ခဲ့ၾကဘူး။

ဒါေပမဲ့ (၃၈)မိနစ္မွာ စပိန္တို႔ေခ်ပဂိုးျပန္ရခဲ့ၿပီး ဂိုးေရွ႕မွာရႈပ္ယွက္ခတ္ေနတဲ့အေနအထားကေန ဆာရာဘီယာက အျပင္းကန္ခ်က္နဲ႔ ဂိုးသြင္းယူခဲ့တာပါ။ ဒီပြဲမွာ ညာျခမ္းက တိုက္စစ္ကစားသမားဖာရန္ေတာရက္စ္ ေျခစြမ္းျပခဲ့ၿပီး ဒုတိယဂိုးက သူ ျဖတ္တင္ေပးလိုက္တာကေန အက္ဇ္ပီလီကြယ္တာက ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္ ၃၀၄ ရက္ရွိၿပီျဖစ္တဲ့ အက္ဇ္ပီလီကြယ္တာဟာ စပိန္ကစားသမားဘ၀ ပထမဆုံးဂိုးသြင္းယူခဲ့တာျဖစ္သလို ယူ႐ိုၿပိဳင္ပြဲမွာ စပိန္အသင္းအတြက္ ဂိုးသြင္းခဲ့တဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

(၇၆)မိနစ္မွာ ျပစ္ဒဏ္ေဘာကေန ေပါေတာရက္စ္ ကြက္တိလွမ္းတင္ေပးလိုက္တာကို ဖာရန္ေတာရက္စ္ တစ္ခ်က္ထိန္းၿပီး တတိယေျမာက္ဂိုး သြင္းယူခဲ့တာေၾကာင့္ စပိန္အသင္း ကြာတားဖိုင္နယ္တက္ၿပီလို႔ အားလုံးက ယူဆခဲ့ၾကတာပါ။

ဒါေပမဲ့ လက္က်န္(၁၀)မိနစ္ေက်ာ္မွာ ခ႐ိုေအးရွားအသင္းရဲ႕ ႐ုန္းအားက ေၾကာက္စရာေကာင္းခဲ့ၿပီး (၈၅)မိနစ္မွာ အိုရီဆစ္၊ နာက်င္အခ်ိန္ပိုမွာ ပါဆယ္လစ္တို႔က ဂိုးေတြဆက္တိုက္သြင္းယူခဲ့လို႔ ပြဲက အသက္ျပန္ဝင္လာပါတယ္။

အခ်ိန္ပိုမွာေတာ့ ခ႐ိုေအးရွားအသင္းကစားသမားေတြ ေခ်ပဂိုးရဖို႔ ႐ုန္းခဲ့ရတာရယ္၊ သက္ႀကီးကစားသမားေတြမ်ားေနတာရယ္ေၾကာင့္ ကစားအားက်သြားၿပီး အခ်ိန္ပို(၁၀)မိနစ္ေလာက္မွာ မိုရာတာက ဦးေဆာင္ဂိုးျပန္သြင္းယူခဲ့တယ္။

မိုရာတာဟာ ယူ႐ိုၿပိဳင္ပြဲမွာ (၅)ဂိုးေျမာက္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ဂႏၴဝင္တိုက္စစ္မႉးေတာရက္စ္နဲ႔အတူ ယူ႐ိုသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

မိနစ္ပိုင္းအၾကာမွာပဲ အိုယာဇာဘယ္လ္က ပၪၥမေျမာက္ဂိုးသြင္းယူလိုက္ခ်ိန္မွာေတာ့ ခ႐ိုေအးရွားတို႔ ကစားအားေရာ၊ စိတ္ဓာတ္ပါက်ဆင္းသြားၿပီး ပြဲအၿပီးမွာ (၅-၃)ဂိုးရလဒ္နဲ႔ စပိန္အသင္း ကြာတားဖိုင္နယ္တက္ခြင့္ရရွိခဲ့ပါတယ္။

စပိန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲမွာ ႏွစ္ပြဲဆက္ (၅)ဂိုးသြင္းယူခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ စံခ်ိန္တင္ခဲ့ၿပီး ဒီပြဲမွာႏွစ္သင္းေပါင္းသြင္းဂိုးက (၈)ဂိုးအထိရွိတာေၾကာင့္ ၁၉၆၀ ၿပိဳင္ပြဲ ဆီမီးဖိုင္နယ္တုန္းက ျပင္သစ္(၅ဂိုး-၄ဂိုး)ယူဂိုဆလားဗီးယားပြဲေနာက္ပိုင္း ႏွစ္သင္းေပါင္းသြင္းဂိုးအမ်ားဆုံးပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။