(Comeback King) ယူနိုက်တက်ကို ပွဲသိမ်းခရာမမှုတ်သေးခင်မှာ ယူနိုက်တက် ရှုံးပြီလို့ မပြောပါနဲ့….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီပရီးမီးယားလိဂ်မှာ ပွဲရလဒ်တွေကို ပထမပိုင်းပြီးချိန်နဲ့သာဆုံးဖြတ်မယ်ဆိုရင် မန်ယူရောက်နေမယ့်နေရာက တန်းဆင်းဇုန်ဖြစ်တယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ မန်ယူအသင်းဟာ အဝေးကွင်းတွေမှာ နိုင်ပွဲစံချိန်တင်ပြီး အဆင့် ၆ နေရာအထိတက်လှမ်းလာခဲ့ပေမယ့် တာထွက်ဆိုးလွန်းလှပြီး ဦးဆောင်ဂိုးတွေ မကြာခဏပေးနေရတာပါ။

ဒါကြောင့် ဒီရာသီမှာပွဲတွေကို ၄၅ မိနစ်နဲ့ဆုံးဖြတ်မယ်ဆိုရင် မန်ယူဟာပထမဆုံး ၁၀ ပွဲမှာ တစ်ပွဲသာနိုင်ပြီး အဆင့် ၁၉ ဖြစ်နေမှာပါ။ မန်ယူဟာ ပြီးခဲ့တဲ့စနေနေ့ ကလည်း ဝက်စ်ဟမ်းကိုအဝေးကွင်းမှာ ၃-၁ နဲ့နိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးချိန်မှာ ၁-၀ နဲ့ရှုံးနေခဲ့တာပါ။

ဒါပေမယ့် ဒုတိယပိုင်းမှာ မန်ယူဟာ ၃ ဂိုးကို ၁၃ မိနစ်ကာလအတွင်းသွင်းယူပြီး နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကို ပေါ့ဂ်ဘာ၊ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပါတယ်။ ဒီလိုမျိုးဂိုးအရင်ပေးရတာဟာ ဒီရာသီမှာပထမဆုံးမဟုတ်ပါဘူး။

မယုံနိုင်စရာကောင်းတာက မန်ယူဟာ ဒီရာသီမှာ ပထမပိုင်းနိုင်ခဲ့မှုက တစ်ပွဲသာရှိခဲ့တာပါ။ ၁၀ ပွဲကစားပြီးချိန်မှာ ၅ ပွဲက သရေကျခဲ့ပြီး ကျန်တဲ့ ၄ ပွဲမှာရှုံးနေခဲ့တာပါ။

ဒါကြောင့် ပထမပိုင်းနဲ့ဆုံးဖြတ်မယ်ဆိုရင် မန်ယူဟာ ၈ မှတ်သာရပြီး ဂိုးကွာခြားချက်ကလည်း -၆ တောင်ရှိနေမှာပါ။ ဒါကြောင့်လည်း ၇ မှတ်သာရမယ့် ရှက်ဖီးယူနိုက်တက်ရဲ့အထက်ဖြစ်တဲ့ အဆင့် ၁၉ မှာဘဲ ရှိနေလိမ့်မယ်လို့ တွက်ချက်ခဲ့ကြတာပါ။

ဒါပေမယ့် ပွဲကိုဒုတိယပိုင်းနဲ့ဘဲ ဆုံးဖြတ်မယ်ဆိုရင်တော့ မန်ယူဟာ ၁၉ မှတ်နဲ့ အဆင့် ၄ မှာရပ်တည်နေမှာဖြစ်ပါတယ်။ သူ့အထက်မှာ ချဲလ်ဆီး၊ လက်စတာနဲ့ လီဗာပူးတို့က ထိပ်ဆုံး ၃ သင်းနေရာမှာရပ်တည်နေကြမှာပါ။ မန်ယူဟာ ဒုတိယပိုင်းမှာ အနိုင်ရခဲ့တာ ၆ ပွဲရှိပြီး ရှုံးခဲ့တာက ၃ ပွဲနဲ့ သရေကတစ်ပွဲဖြစ်ပါတယ်။

ဒါကြောင့် မန်ယူဟာ ပရီးမီးယားလိဂ်သမိုင်းမှာတော့ Comeback king ( ပြန်လာနိုင်မှုရဲ့ဘုရင်) ဖြစ်နေပြီအရှုံးကနေ အနိုင်ပြန်ရအောင်ယူနိုင်ခဲ့မှုဟာ ၃၈၅ မှတ်အထိရှိခဲ့ပါတယ်။ စနေနေ့တုန်းက ဝက်စ်ဟမ်းကိုနိုင်ပြီးနောက် မန်ယူဟာ ၃၈၃ မှတ်ရထားတဲ့ စပါးကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီတစ်ခုတည်းမှာတင် မန်ယူဟာရှုံးနေရာကနေ ပြန်နိုင်ခဲ့မှုဟာ ၁၅ မှတ်တောင် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(Comeback King) ယူႏိုက္တက္ကို ပြဲသိမ္းခရာမမႈတ္ေသးခင္မွာ ယူႏိုက္တက္ ရႈံးၿပီလို႕ မေျပာပါနဲ႕….

ဒီရာသီပရီးမီးယားလိဂ္မွာ ပြဲရလဒ္ေတြကို ပထမပိုင္းၿပီးခ်ိန္နဲ႔သာဆုံးျဖတ္မယ္ဆိုရင္ မန္ယူေရာက္ေနမယ့္ေနရာက တန္းဆင္းဇုန္ျဖစ္တယ္လို႔ စစ္တမ္းတစ္ရပ္အရ သိရပါတယ္။ မန္ယူအသင္းဟာ အေဝးကြင္းေတြမွာ ႏိုင္ပြဲစံခ်ိန္တင္ၿပီး အဆင့္ ၆ ေနရာအထိတက္လွမ္းလာခဲ့ေပမယ့္ တာထြက္ဆိုးလြန္းလွၿပီး ဦးေဆာင္ဂိုးေတြ မၾကာခဏေပးေနရတာပါ။ ဒါေၾကာင့္ ဒီရာသီမွာပြဲေတြကို ၄၅ မိနစ္နဲ႔ဆုံးျဖတ္မယ္ဆိုရင္ မန္ယူဟာပထမဆုံး ၁၀ ပြဲမွာ တစ္ပြဲသာႏိုင္ၿပီး အဆင့္ ၁၉ ျဖစ္ေနမွာပါ။ မန္ယူဟာ ၿပီးခဲ့တဲ့စေနေန႔ ကလည္း ဝက္စ္ဟမ္းကိုအေဝးကြင္းမွာ ၃-၁ နဲ႔ႏိုင္ခဲ့ေပမယ့္ ပထမပိုင္းၿပီးခ်ိန္မွာ ၁-၀ နဲ႔ရႈံးေနခဲ့တာပါ။

ဒါေပမယ့္ ဒုတိယပိုင္းမွာ မန္ယူဟာ ၃ ဂိုးကို ၁၃ မိနစ္ကာလအတြင္းသြင္းယူၿပီး ႏိုင္ပြဲရွာေဖြႏိုင္ခဲ့ပါတယ္။ မန္ယူအတြက္ ဂိုးေတြကို ေပါ့ဂ္ဘာ၊ ဂရင္းဝုဒ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔က သြင္းယူေပးခဲ့ၾကပါတယ္။ ဒီလိုမ်ိဳးဂိုးအရင္ေပးရတာဟာ ဒီရာသီမွာပထမဆုံးမဟုတ္ပါဘူး။ မယုံႏိုင္စရာေကာင္းတာက မန္ယူဟာ ဒီရာသီမွာ ပထမပိုင္းႏိုင္ခဲ့မႈက တစ္ပြဲသာရွိခဲ့တာပါ။ ၁၀ ပြဲကစားၿပီးခ်ိန္မွာ ၅ ပြဲက သေရက်ခဲ့ၿပီး က်န္တဲ့ ၄ ပြဲမွာရႈံးေနခဲ့တာပါ။

ဒါေၾကာင့္ ပထမပိုင္းနဲ႔ဆုံးျဖတ္မယ္ဆိုရင္ မန္ယူဟာ ၈ မွတ္သာရၿပီး ဂိုးကြာျခားခ်က္ကလည္း -၆ ေတာင္ရွိေနမွာပါ။ ဒါေၾကာင့္လည္း ၇ မွတ္သာရမယ့္ ရွက္ဖီးယူႏိုက္တက္ရဲ႕အထက္ျဖစ္တဲ့ အဆင့္ ၁၉ မွာဘဲ ရွိေနလိမ့္မယ္လို႔ တြက္ခ်က္ခဲ့ၾကတာပါ။ ဒါေပမယ့္ ပြဲကိုဒုတိယပိုင္းနဲ႔ဘဲ ဆုံးျဖတ္မယ္ဆိုရင္ေတာ့ မန္ယူဟာ ၁၉ မွတ္နဲ႔ အဆင့္ ၄ မွာရပ္တည္ေနမွာျဖစ္ပါတယ္။ သူ႔အထက္မွာ ခ်ဲလ္ဆီး၊ လက္စတာနဲ႔ လီဗာပူးတို႔က ထိပ္ဆုံး ၃ သင္းေနရာမွာရပ္တည္ေနၾကမွာပါ။ မန္ယူဟာ ဒုတိယပိုင္းမွာ အႏိုင္ရခဲ့တာ ၆ ပြဲရွိၿပီး ရႈံးခဲ့တာက ၃ ပြဲနဲ႔ သေရကတစ္ပြဲျဖစ္ပါတယ္။

ဒါေၾကာင့္ မန္ယူဟာ ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ Comeback king ( ျပန္လာႏိုင္မႈရဲ႕ဘုရင္) ျဖစ္ေနၿပီအရႈံးကေန အႏိုင္ျပန္ရေအာင္ယူႏိုင္ခဲ့မႈဟာ ၃၈၅ မွတ္အထိရွိခဲ့ပါတယ္။ စ ေန ေန႔တုန္းက ဝက္စ္ဟမ္းကိုႏိုင္ၿပီးေနာက္ မန္ယူဟာ ၃၈၃ မွတ္ရထားတဲ့ စပါးကိုေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီတစ္ခုတည္းမွာတင္ မန္ယူဟာရႈံးေနရာကေန ျပန္ႏိုင္ခဲ့မႈဟာ ၁၅ မွတ္ေတာင္ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။