လီဗာပူးရဲ့တစ်လတာ အကောင်းဆုံးကစားသမားဆုရှင် ချိန်ဘာလိန်

PC ; Internet

လီဗာပူးကွင်းလယ်လူချိန်ဘာလိန်ဟာ အောက်တိုဘာလအတွက်ချီးမြှင့်တဲ့ အသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ဒီဆုကို ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး လီဗာပူးရဲ့အကျီၤစပွန်ဆာ Standard Chartered က ပေးအပ်ချီးမြှင့်ခဲ့တာပါ။ချိန်ဘာလိန်ဟာ အောက်တိုဘာလအတွင်း အသင်းအတွက်ကစားခွင့်ရတဲ့ ၃ပွဲလုံးမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

PC ; Internet

မန်ယူနဲ့အိုးလ်ထရက်ဖို့ဒ်ပွဲစဉ်မှာ ဒုတိယပိုင်းအရောက်လူစားဝင်လာခဲ့ပြီး တစ်မှတ်ရအောင်ကူညီပေးနိုင်ခဲ့သလို ဂျန့်ကိုအနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဂျန့်နဲ့ပွဲမှာ ၂မိနစ်ကတည်းက အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးဧရိယာအပြင်ဘက်ကနေ လှပတဲ့ကန်ချက်နဲ့နောက်တစ်ဂိုးသွင်းပေးနိုင်ခဲ့တာပါ။ဒါ့အပြင် အန်ဖီးလ်မှာကစားတဲ့ အသင်းဟောင်းအာဆင်နယ်နဲ့လိဂ်ဖလားပွဲစဉ်မှာလည်း တစ်ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

PC ; Internet

ဒါကြောင့် နံပါတ် ၁၅ပိုင်ရှင်ဟာ ဖာဘင်ညိုနဲ့မာနေးတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။“ နောက်ကိုပြန်ကြည့်လိုက်ရင် ကျွန်တော့်အတွက် သိပ်ကိုကောင်းမွန်တဲ့လ ဖြစ်ခဲ့ပါတယ်။ကျွန်တော်ပြန်လိုချင်တဲ့အနေအထားမျိုးရောက်ဖို့ မှန်ကန်တဲ့လမ်းကြောင်းအစပါပဲ။

PC ; Internet

ကစားသမားတစ်ယောက်အတွက်ရော အသင်းတစ်သင်းအတွက်ပါ တစ်ပတ် နှစ်ပတ်အတွင်း အပြောင်းအလဲဖြစ်သွားနိုင်တာ ဘောလုံးနဲ့အတူပါလာတဲ့ အကြောင်းအရာတစ်ခုပါ။သိပ်ကိုကျေနပ်စရာကောင်းပါတယ်။ဒါပေမဲ့ ကျွန်တော်လိုချင်တဲ့ပုံစံမျိုးပြန်ရောက်ဖို့တော့ အများကြီးလိုပါသေးတယ် ” လို့ ချိန်ဘာလိန်က ဖွင့်ဟသွားပါတယ်။

(zawgyi)

လီဗာပူးကြင္းလယ္လူခ်ိန္ဘာလိန္ဟာ ေအာက္တိုဘာလအတြက္ခ်ီးျမွင့္တဲ့ အသင္းရဲ႕တစ္လတာအေကာင္းဆံုးကစားသမားဆုကို ရရွိသြားခဲ့ပါတယ္။ဒီဆုကို ပရိသတ္ေတြက မဲေပးေရြးခ်ယ္ခဲ့တာျဖစ္ၿပီး လီဗာပူးရဲ႕အက်ီၤစပြန္ဆာ Standard Chartered က ေပးအပ္ခ်ီးျမွင့္ခဲ့တာပါ။ခ်ိန္ဘာလိန္ဟာ ေအာက္တိုဘာလအတြင္း အသင္းအတြက္ကစားခြင့္ရတဲ့ ၃ပြဲလံုးမွာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ မန္ယူနဲ႔အိုးလ္ထရက္ဖို႔ဒ္ပြဲစဥ္မွာ ဒုတိယပိုင္းအေရာက္လူစား၀င္လာခဲ့ၿပီး တစ္မွတ္ရေအာင္ကူညီေပးႏိုင္ခဲ့သလို ဂ်န္႔ကိုအႏိုင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ဂ်န္႔နဲ႔ပြဲမွာ ၂မိနစ္ကတည္းက အဖြင့္ဂိုးသြင္းေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ဂိုးဧရိယာအျပင္ဘက္ကေန လွပတဲ့ကန္ခ်က္နဲ႔ေနာက္တစ္ဂိုးသြင္းေပးႏိုင္ခဲ့တာပါ။ဒါ့အျပင္ အန္ဖီးလ္မွာကစားတဲ့ အသင္းေဟာင္းအာဆင္နယ္နဲ႔လိဂ္ဖလားပြဲစဥ္မွာလည္း တစ္ဂိုးသြင္းၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ နံပါတ္ ၁၅ပိုင္ရွင္ဟာ ဖာဘင္ညိဳနဲ႔မာေနးတို႔ကို ေက်ာ္ျဖတ္ၿပီး အေကာင္းဆံုးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။“ ေနာက္ကိုျပန္ၾကည့္လိုက္ရင္ ကၽြန္ေတာ့္အတြက္ သိပ္ကိုေကာင္းမြန္တဲ့လ ျဖစ္ခဲ့ပါတယ္။ကၽြန္ေတာ္ျပန္လိုခ်င္တဲ့အေနအထားမ်ိဳးေရာက္ဖို႔ မွန္ကန္တဲ့လမ္းေၾကာင္းအစပါပဲ။ကစားသမားတစ္ေယာက္အတြက္ေရာ အသင္းတစ္သင္းအတြက္ပါ တစ္ပတ္ ႏွစ္ပတ္အတြင္း အေျပာင္းအလဲျဖစ္သြားႏိုင္တာ ေဘာလံုးနဲ႔အတူပါလာတဲ့ အေၾကာင္းအရာတစ္ခုပါ။သိပ္ကိုေက်နပ္စရာေကာင္းပါတယ္။ဒါေပမဲ့ ကၽြန္ေတာ္လိုခ်င္တဲ့ပံုစံမ်ိဳးျပန္ေရာက္ဖို႔ေတာ့ အမ်ားႀကီးလိုပါေသးတယ္ ” လို႔ ခ်ိန္ဘာလိန္က ဖြင့္ဟသြားပါတယ္။