BREAKING ; ရီးရဲလ်တောင်ပံကစားသမား ဟာဇက်နဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးတို့ ကိုဗစ်ပိုးကူးစက်ခံထားရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်က တောင်ပံကစားသမား ဟာဇက်နဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးတို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ အသင်းပိုင်ဝက်ဘ်ဆိုက်မှာ အတည်ပြုကြေညာသွားပါတယ်။

ရီးရဲလ်မက်ဒရစ်က အသင်းသားတွေကို ပြီးခဲ့တဲ့သောကြာနေ့ မနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေးခဲ့ရာမှာ ဘရာဇီးလက်ရွေးစင် ကက်စ်မဲရိုးနဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်တို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲဒီစမ်းသပ်စစ်ဆေးမှုမှာ အသင်းသားတွေအားလုံးအပြင် နည်းပြအဖွဲ့ဝင်တွေ၊ အသင်းနဲ့တိုက်ရိုက်ဆက်စပ်လုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေကိုပါ စစ်ဆေးခဲ့တာဖြစ်ပြီး အားလုံး Negative အဖြေထွက်ခဲ့ပါတယ်။

ဒီအတွက်ကြောင့် ကက်စ်မဲရိုးနဲ့ ဟာဇက်တို့လည်း လွန်ခဲ့တဲ့အပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့ နောက်ခံလူ မီလီတာအို၊ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အော်ဒရီယိုဇိုလာ၊ နာချို၊ ကာဗာဟယ်တို့နဲ့အတူ အနားယူနေရပါတယ်။

သူတို့ဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့်ဗလန်စီယာနဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘဲ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲကျပ်လည်း ကစားခဲ့ရလို့ ရီးရဲလ်အတွက် အခက်တွေ့လာနိုင်ပေမယ့် ဗလန်စီယာကလည်း ဒီရာသီမှာ အဓိကကစားသမားတွေကို ထုတ်ရောင်းနေရတဲ့အထိ အခြေအနေဆိုးနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီက ချဲလ်ဆီးကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ယမန်နှစ်ရာသီကက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဟာဇက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဟူစကာကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ကြားရက်အတွင်း အင်တာမီလန်ကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ပါဝင်ကစားနိုင်ခဲ့ပြီး အခုတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗလန်စီယာနဲ့ပွဲကို လွဲချော်ရတော့မှာဖြစ်သလို ဘယ်လ်ဂျီယံအသင်းလူစာရင်းကနေလည်း နုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

BREAKING ; ရီးရဲလ္ေတာင္ပံကစားသမား ဟာဇက္နဲ႔ ကြင္းလယ္လူ ကက္စ္မဲရိုးတို႔ ကုိဗစ္ပိုးကူးစက္ခံထားရ

ရီးရဲလ္မက္ဒရစ္က ေတာင္ပံကစားသမား ဟာဇက္နဲ႔ ကြင္းလယ္လူ ကက္စ္မဲ႐ိုးတို႔ ကို႐ိုနာဗုိင္းရပ္စ္ပိုး ကူးစက္ခံထားရတယ္လုိ႔ အသင္းပိုင္၀က္ဘ္ဆုိက္မွာ အတည္ျပဳေၾကညာသြားပါတယ္။

ရီးရဲလ္မက္ဒရစ္က အသင္းသားေတြကို ၿပီးခဲ့တဲ့ေသာၾကာေန႔ မနက္ပိုင္းက ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိ မရွိ စစ္ေဆးခဲ့ရာမွာ ဘရာဇီးလက္ေရြးစင္ ကက္စ္မဲ႐ိုးနဲ႔ ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဟာဇက္တုိ႔မွာ ေရာဂါပိုးေတြ႕ရွိခ့ဲတာျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီစမ္းသပ္စစ္ေဆးမႈမွာ အသင္းသားေတြအားလုံးအျပင္ နည္းျပအဖြဲ႕၀င္ေတြ၊ အသင္းနဲ႔တုိက္႐ိုက္ဆက္စပ္လုပ္ကုိင္ေနရတဲ့ ၀န္ထမ္းေတြကိုပါ စစ္ေဆးခဲ့တာျဖစ္ၿပီး အားလုံး Negative အေျဖထြက္ခဲ့ပါတယ္။

ဒီအတြက္ေၾကာင့္ ကက္စ္မဲ႐ိုးနဲ႔ ဟာဇက္တုိ႔လည္း လြန္ခဲ့တဲ့အပတ္က ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရတဲ့ ေနာက္ခံလူ မီလီတာအို၊ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ေအာ္ဒရီယိုဇုိလာ၊ နာခ်ိဳ၊ ကာဗာဟယ္တုိ႔နဲ႔အတူ အနားယူေနရပါတယ္။

သူတုိ႔ဟာ တနဂၤေႏြေန႔မွာ ကစားရမယ့္ဗလန္စီယာနဲ႔ပြဲမွာ ပါ၀င္ႏုိင္မွာမဟုတ္ဘဲ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲက်ပ္လည္း ကစားခဲ့ရလုိ႔ ရီးရဲလ္အတြက္ အခက္ေတြ႕လာႏုိင္ေပမယ့္ ဗလန္စီယာကလည္း ဒီရာသီမွာ အဓိကကစားသမားေတြကို ထုတ္ေရာင္းေနရတဲ့အထိ အေျခအေနဆုိးေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ေႏြရာသီက ခ်ဲလ္ဆီးကေန ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ ယမန္ႏွစ္ရာသီကက ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ ဟာဇက္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ဟူစကာကို ၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ သူဟာ ၾကားရက္အတြင္း အင္တာမီလန္ကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာလည္း ပါ၀င္ကစားႏိုင္ခဲ့ၿပီး အခုေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဗလန္စီယာနဲ႔ပြဲကို လြဲေခ်ာ္ရေတာ့မွာျဖစ္သလုိ ဘယ္လ္ဂ်ီယံအသင္းလူစာရင္းကေနလည္း ႏုတ္ထြက္ခဲ့ရၿပီျဖစ္ပါတယ္။