
Photo Credit
Photo Credit
ယခုေႏြရာသီတစ္ေလွ်ာက္ ခပ္သြက္သြက္လႈပ္ရွားမႈေတြနဲ႔ ပရိသတ္ေတြကို အားရေက်နပ္မႈေပးစြမ္းႏိုင္ေနတဲ့ အာဆင္နယ္ဟာ အခုလည္း ေစ်းကြက္မပိတ္ခင္မွာ ခ်ဲလ္ဆီးအသင္း၀ါရင့္ေနာက္ခံလူ ေဒးဗစ္လူး၀စ္ဇ္ကို ေခၚယူႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေၾကညာလုိက္ပါတယ္။
Photo Credit
အသက္ ၃၂ႏွစ္အရြယ္ရွိ ဘရာဇီးလက္ေရြးစင္ လူး၀စ္ဇ္ဟာ အေတြ႕အႀကံဳရင့္ကစားသမားတစ္ဦးျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ၁၃ရာသီအတြင္း ကလပ္အသင္းပြဲေပါင္း ၅၂၄ပြဲကစားေပးထားသူျဖစ္ပါတယ္။
Photo Credit
လူး၀စ္ဇ္ဟာ သူ႕ရဲ႕ကစားသမားဘ၀ကို ဘရာဇီးကလပ္ ဗစ္တုိးရီးယားအသင္းနဲ႔အတူ စတင္ခဲ့ၿပီး အဲဒီေနာက္ ဘင္ဖီကာကို ေျပာင္းေရႊ႕လာခဲ့သူပါ။ သူဟာ ခ်ဲလ္ဆီးအသင္းမွာ ၂ႀကိမ္ ပါ၀င္ကစားခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းမွာလည္း ၂ႏွစ္ၾကာကစားခဲ့တဲ့အနက္ လက္ရွိအာဆင္နယ္အသင္းနည္းျပ အမ္မရီနဲ႔ လက္တြဲခဲ့ဖူးပါတယ္။
Photo Credit
ဘရာဇီးအသင္းအတြက္ ၅၆ပြဲကစားေပးထားတဲ့ လူး၀စ္ဇ္နဲ႔ပတ္သက္လုိ႔ အမ္မရီက ”ေဒးဗစ္ဟာ အေတြ႕အႀကံဳေကာင္းေတြအမ်ားႀကီးပိုင္ဆုိင္ထားတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး သူနဲ႔ျပန္လက္တြဲဖို႔ မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါတယ္။ သူက လူသိမ်ားတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ကၽြန္ေတာ္တို႔ခံစစ္အတြက္ အင္အားေတာင့္တင္းေစမွာလည္းေသခ်ာပါတယ္”လုိ႔ ေျပာပါတယ္။
Photo Credit
လူး၀စ္ဇ္ဟာ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္ ၂၃ အက်ႌ၀တ္ဆင္ကစားမွာျဖစ္ၿပီး ထူးျခားခ်က္အျဖစ္ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္ ၂၃ အက်ႌ ေနာက္ဆုံး၀တ္ဆင္ကစားခဲ့တဲ့ေနာက္ခံလူ ဆုိးလ္ကမ္းဘဲလ္ျဖစ္ကာ ပရိသတ္ေတြလည္း လူး၀စ္ဇ္ကို ကမ္းဘဲလ္လက္သစ္ျဖစ္လာမလားလုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။
အာဆင္နယ္အသင္းက စာခ်ဳပ္ပါအခ်က္အလက္ေတြကို ထုတ္ျပန္ေၾကညာျခင္းမရွိေသးေပမယ့္ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သူ႕အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၈သန္းသုံးစြဲခဲ့ရကာ လူး၀စ္ဇ္ကို ၂ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တယ္လုိ႔ သိရပါတယ္။
Photo Credit
Unicode
BREAKING: ချဲလ်ဆီးနောက်ခံလူ လူးဝစ်ဇ်ကို တရားဝင်ခေါ်ယူလိုက်ပြီဖြစ်တဲ့ အာဆင်နယ်
ယခုနွေရာသီတစ်လျှောက် ခပ်သွက်သွက်လှုပ်ရှားမှုတွေနဲ့ ပရိသတ်တွေကို အားရကျေနပ်မှုပေးစွမ်းနိုင်နေတဲ့ အာဆင်နယ်ဟာ အခုလည်း ဈေးကွက်မပိတ်ခင်မှာ ချဲလ်ဆီးအသင်းဝါရင့်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အသက် ၃၂နှစ်အရွယ်ရှိ ဘရာဇီးလက်ရွေးစင် လူးဝစ်ဇ်ဟာ အတွေ့အကြုံရင့်ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၁၃ရာသီအတွင်း ကလပ်အသင်းပွဲပေါင်း ၅၂၄ပွဲကစားပေးထားသူဖြစ်ပါတယ်။
လူးဝစ်ဇ်ဟာ သူ့ရဲ့ကစားသမားဘဝကို ဘရာဇီးကလပ် ဗစ်တိုးရီးယားအသင်းနဲ့အတူ စတင်ခဲ့ပြီး အဲဒီနောက် ဘင်ဖီကာကို ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ ချဲလ်ဆီးအသင်းမှာ ၂ကြိမ် ပါဝင်ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာလည်း ၂နှစ်ကြာကစားခဲ့တဲ့အနက် လက်ရှိအာဆင်နယ်အသင်းနည်းပြ အမ်မရီနဲ့ လက်တွဲခဲ့ဖူးပါတယ်။
ဘရာဇီးအသင်းအတွက် ၅၆ပွဲကစားပေးထားတဲ့ လူးဝစ်ဇ်နဲ့ပတ်သက်လို့ အမ်မရီက ”ဒေးဗစ်ဟာ အတွေ့အကြုံကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူနဲ့ပြန်လက်တွဲဖို့ မစောင့်နိုင်အောင်ဖြစ်နေပါတယ်။ သူက လူသိများတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်တို့ခံစစ်အတွက် အင်အားတောင့်တင်းစေမှာလည်းသေချာပါတယ်”လို့ ပြောပါတယ်။
လူးဝစ်ဇ်ဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၂၃ အင်္ကျီဝတ်ဆင်ကစားမှာဖြစ်ပြီး ထူးခြားချက်အဖြစ် အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၂၃ အင်္ကျီ နောက်ဆုံးဝတ်ဆင်ကစားခဲ့တဲ့နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်ဖြစ်ကာ ပရိသတ်တွေလည်း လူးဝစ်ဇ်ကို ကမ်းဘဲလ်လက်သစ်ဖြစ်လာမလားလို့ မျှော်လင့်နေကြပါတယ်။
အာဆင်နယ်အသင်းက စာချုပ်ပါအချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့် သတင်းတွေရဲ့ဖော်ပြချက်အရ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈သန်းသုံးစွဲခဲ့ရကာ လူးဝစ်ဇ်ကို ၂နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။