အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတဲ့မိန်းမတွေက ဂိုးသွင်းမှ ကြိုက်တာ

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာပေါ်မှာ မိန်းမ၂မျိုးပဲရှိပြီး အဲပဒါကတော့ အခုတစ်မျိုး တော်ကြာတစ်မျိုးပါပဲ။

အဲ့ဒီ့အဆိုကို သက်သေပြလိုက်တာကတော့ ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးဗားလ်ရဲ့ ဇနီးဖြစ်သူပါ။

သူမဟာ ရီးရဲလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးပကျော့မှာတုန်းက ဂိုးသွင်းခွင့်တွေ ဖြုန်းပစ်ခဲ့တဲ့ တီမိုဝါနာကို ရည်ရွယ်ပြီး အခုလို ပြောဆိုခဲ့ပါတယ်။

ဘယ်လီဆေးဗားလ်က “ဒါက ကံပဲ၊ ကောင်လေးတို့၊ ကျွန်မတို့ရောက်တဲ့ အသင်းတိုင်းမှာ ဂိုးပေါက်လွဲချော်လေ့ရှိတဲ့ တိုက်စစ်မှူးတစ်ဦးတော့ ရှိကြပါတယ်၊ ဒါက တီမိုဝါနာထင်တယ်၊

သူ့နာမည်က ဘာပါလိမ့်? ကျွန်မတို့ တစ်ဂိုးလောက်တော့ လိုတယ်၊ ဒီပွဲကို အနိုင်ရဖို့ လိုအပ်တယ်၊ ဒါပေမယ့် ကျွန်မတို့ တိုက်စစ်မှူးတွေက ဂိုးမလိုချင်ကြဘူး၊

သူတို့ဘာလို့ ဂိုးမသွင်းနိုင်တာလဲဆိုတာကို ကျွန်မမသိဘူး ” လို့ လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင်တစ်ခု တင်ပြီး ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ဒုတိယအကျော့ ကစားခဲ့တဲ့ ပွဲမှာ တီမိုဝါနာက ချယ်လ်ဆိးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး

နောက်မှာတော့ ဘယ်လီဆေးလ်ဗားက တီမိုဝါနာဟာ အကောင်းဆုံးပဲလို့ ဖြစ်သွားပြန်ပါတယ်။

တကယ်တော့ ရီးရဲလ်နဲ့ပွဲမှာ ဝါနာဟာ အသင်းဖော်ကန်သွင်းယူတဲ့ ဘောလုံးက ဂိုးဘားတိုင်ထိပြီး ပြန်ထွက်လာခဲ့တဲ့နောက်

ဘယ်သူမှမရှိတော့တဲ့ ဂိုးပေါက်ထဲကို ဂိုးရှေ့ ၂ပေအကွာလောက်ကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ သီယာဂိုဆေးလ်ဗားရဲ့ ဇနီးက “ဝါနာရေ.. အရမ်းမိုက်တယ်ကွာ၊ ငါပြောနေတာ အဲဒါ့ပဲ။

မင်းက ဂိုးဘယ်လိုသွင်းရမလဲဆိုတာကို သိပြီးသားပါ၊ မင်းက အကောင်းဆုံးပဲ ငါ့သူငယ်ချင်း၊ မင်းကို ချစ်တယ်” လို့ လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ရေးသားပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုခဲ့တဲ့ အပေါ်မှာ ချဲလ်ဆီးပရိသတ်တွေ သဘောကျခဲ့ပြီး ပြောစရာသတင်းတပုဒ်လည်း ဖြစ်ခဲ့ရပါတယ်။

ပထမအကျော့မှာ လွဲချော်ခဲ့တုန်းက တမျိုးပြောပြီး ဒုတိယအကျော့မှာ ဂိုးသွင်းနိုင်ခဲ့တဲ့အခါမှာ တီမိုဝါနာက အကောင်းဆုံးပဲလို့ ချက်ချင်းပြောခဲ့တဲ့ သီယာဂိုဆေးလ်ဗားရဲ့ ဇနီးကိုလည်း နောက်ပြောင်မှုတွေ ရှိနေခဲ့ပြီး တီမိုဝါနာအတွက်တော့ အမာခံပရိသတ်တစ်ဦး တိုးသွားတယ်လို့ ဆိုရမလိုပါပဲ။

Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး ေျပာတဲ့မိန္းမေတြက ဂိုးသြင္းမွ ႀကိဳက္တာ

ကမာၻေပၚမွာ မိန္းမ၂မ်ိဳးပဲရွိၿပီး အဲပဒါကေတာ့ အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးပါပဲ။ အဲ့ဒီ့အဆိုကို သက္ေသျပလိုက္တာကေတာ့ ခ်ဲလ္ဆီးေနာက္ခံလူ သီယာဂိုေဆးဗားလ္ရဲ႕ ဇနီးျဖစ္သူပါ။

သူမဟာ ရီးရဲလ္နဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးပေက်ာ့မွာတုန္းက ဂိုးသြင္းခြင့္ေတြ ျဖဳန္းပစ္ခဲ့တဲ့ တီမိုဝါနာကို ရည္႐ြယ္ၿပီး အခုလို ေျပာဆိုခဲ့ပါတယ္။

ဘယ္လီေဆးဗားလ္က “ဒါက ကံပဲ၊ ေကာင္ေလးတို႔၊ ကြၽန္မတို႔ေရာက္တဲ့ အသင္းတိုင္းမွာ ဂိုးေပါက္လြဲေခ်ာ္ေလ့ရွိတဲ့ တိုက္စစ္မႉးတစ္ဦးေတာ့ ရွိၾကပါတယ္၊ ဒါက တီမိုဝါနာထင္တယ္၊ သူ႔နာမည္က ဘာပါလိမ့္? ကြၽန္မတို႔ တစ္ဂိုးေလာက္ေတာ့ လိုတယ္၊ ဒီပြဲကို အႏိုင္ရဖို႔ လိုအပ္တယ္၊ ဒါေပမယ့္ ကြၽန္မတို႔ တိုက္စစ္မႉးေတြက ဂိုးမလိုခ်င္ၾကဘူး၊ သူတို႔ဘာလို႔ ဂိုးမသြင္းႏိုင္တာလဲဆိုတာကို ကြၽန္မမသိဘူး ” လို႔ လူမႈကြန္ရက္ေပၚမွာ ဗီဒီယိုဖိုင္တစ္ခု တင္ၿပီး ေျပာဆိုခဲ့တာပါ။

ဒါေပမယ့္ ဒုတိယအေက်ာ့ ကစားခဲ့တဲ့ ပြဲမွာ တီမိုဝါနာက ခ်ယ္လ္ဆိးအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ေနာက္မွာေတာ့ ဘယ္လီေဆးလ္ဗားက တီမိုဝါနာဟာ အေကာင္းဆုံးပဲလို႔ ျဖစ္သြားျပန္ပါတယ္။ တကယ္ေတာ့ ရီးရဲလ္နဲ႔ပြဲမွာ ဝါနာဟာ အသင္းေဖာ္ကန္သြင္းယူတဲ့ ေဘာလုံးက ဂိုးဘားတိုင္ထိၿပီး ျပန္ထြက္လာခဲ့တဲ့ေနာက္ ဘယ္သူမွမရွိေတာ့တဲ့ ဂိုးေပါက္ထဲကို ဂိုးေရွ႕ ၂ေပအကြာေလာက္ကေန ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာ သီယာဂိုေဆးလ္ဗားရဲ႕ ဇနီးက “ဝါနာေရ.. အရမ္းမိုက္တယ္ကြာ၊ ငါေျပာေနတာ အဲဒါ့ပဲ။ မင္းက ဂိုးဘယ္လိုသြင္းရမလဲဆိုတာကို သိၿပီးသားပါ၊ မင္းက အေကာင္းဆုံးပဲ ငါ့သူငယ္ခ်င္း၊ မင္းကို ခ်စ္တယ္” လို႔ လူမႈကြန္ရက္ေပၚမွာ ျပန္လည္ေရးသားေျပာဆိုခဲ့ပါတယ္။

ဒီလိုေျပာဆိုခဲ့တဲ့ အေပၚမွာ ခ်ဲလ္ဆီးပရိသတ္ေတြ သေဘာက်ခဲ့ၿပီး ေျပာစရာသတင္းတပုဒ္လည္း ျဖစ္ခဲ့ရပါတယ္။ ပထမအေက်ာ့မွာ လြဲေခ်ာ္ခဲ့တုန္းက တမ်ိဳးေျပာၿပီး ဒုတိယအေက်ာ့မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့အခါမွာ တီမိုဝါနာက အေကာင္းဆုံးပဲလို႔ ခ်က္ခ်င္းေျပာခဲ့တဲ့ သီယာဂိုေဆးလ္ဗားရဲ႕ ဇနီးကိုလည္း ေနာက္ေျပာင္မႈေတြ ရွိေနခဲ့ၿပီး တီမိုဝါနာအတြက္ေတာ့ အမာခံပရိသတ္တစ္ဦး တိုးသြားတယ္လို႔ ဆိုရမလိုပါပဲ။