ဘာစီလိုနာ ၄-၁ ဆယ်တာဗီဂိုပွဲစဉ်မှ အဓိကအချက်(၄)ချက်

PC ; Internet

နူးကမ့်မှာ ဆယ်တာဗီဂိုကိုဂိုးပြတ်အနိုင်ယူပြီး ဘာစီလိုနာဟာ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့တယ်။အစောပိုင်းပွဲစဉ်မှာ ပြိုင်ဘက်ကြီး ရီးရဲလ်က အီဘာကို ဂိုးပြတ်အနိုင်ရထားတာကြောင့် ကက်တာလန်ကလပ်အတွက် ဆယ်တာကို အနိုင်ရအောင်ကစားဖို့ကလွဲလို့ ရွေးချယ်စရာလမ်းမရှိခဲ့ဘူး။အထူးသဖြင့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒီကွင်းမှာပဲ ဆလားဗီးယားပရက်ကို ဂိုးမရှိသရေကျခဲ့တဲ့ စိတ်ပျက်စရာအခြေအနေကို အဆုံးသတ်ဖို့နဲ့ လာလီဂါနောက်ဆုံးပွဲမှာ လီဗန်တေးကိုရှုံးထားတာကနေ ရုန်းထွက်နိုင်ဖို့ သူတို့ကြိုးစားခဲ့ကြတယ်။

PC ; Internet

ဧည့်သည်အသင်းရဲ့ အရန်ခုံတန်းမှာတော့ လူစိမ်းတစ်ယောက်ပါလာခဲ့တယ်။နည်းပြအက်စ်ခရီဘာနေရာမှာ အစားထိုးခံထားရတဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်းအော်စကာဂါစီယာပါပဲ။တစ်ပွဲလုံးကိုခြုံပြောရရင် ဘာစီလိုနာဟာ ဂိုးပြတ်နိုင်ပေမယ့် သူတို့ရဲ့အကောင်းဆုံးပုံစံမှာရှိမနေခဲ့ဘူး။အိမ်ရှင်ရဲ့ဂိုးပြတ်နိုင်ပွဲမှာ ပြောစရာအချက်လေးတွေတော့ရှိနေတယ်။

PC ; Internet

လီယွန်နယ်မက်ဆီပြပွဲ
အာဂျင်တီးနားတိုက်စစ်မှူးအတွက် ဒီရာသီဟာ ဒဏ်ရာပြသနာကြောင့် စိန်ခေါ်မှုတွေနဲ့စတင်ခဲ့ရတာပါ။ဒါပေမဲ့ ပြန်ကစားနိုင်တဲ့နောက်ပိုင်း ပုံမှန်ခြေစွမ်းပြနိုင်ခဲ့သလို ဒီပွဲမှာလည်း ကြယ်ငါးပွင့်အဆင့်ရှိသူဆိုတာ ပြသသွားနိုင်ခဲ့ပါတယ်။၂၃မိနစ်မှာရတဲ့ ပင်နယ်တီကို ဆယ်တာဂိုးသမားဘလန်ကိုကိုလှည့်စားပြီး အမှားအယွင်းမရှိသွင်းယူနိုင်ခဲ့တယ်။နောက်တော့ သူ့ရဲ့လှပသေသပ်တဲ့ဖရီးကစ်ဂိုးနဲ့ ဘာစီလိုနာကို ပြန်လည်ဦးဆောင်စေနိုင်ခဲ့တယ်။ထူးခြားတာက သူ့ရဲ့တတိယဂိုးပါပဲ။

PC ; Internet

ဒီဂိုးဟာ ပထမဖရီးကစ်ဂိုးနဲ့ထပ်တူနီးပါးတူညီခဲ့ပြီး မက်ဆီရဲ့အံ့မခန်းတဲ့ ဖရီးကစ်အစွမ်းကို ထင်သာမြင်သာရှိစေခဲ့ပါတယ်။ဒါဟာ သူ့ရဲ့ ကစားသမားဘ၀ ၅၃ကြိမ်မြောက် ဖရီးကစ်ဂိုးပါပဲ။ဒီရာသီအတွက်တော့ ၄ကြိမ်မြောက် ဖရီးကစ်ဂိုးဖြစ်ခဲ့ပြီး နောက်ဆုံးတစ်နှစ်အတွင်း ဥရောပထိပ်တန်းလိဂ် ၅ခုမှာ ဖရီးကစ်ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့ပါတယ်။

PC ; Internet

အံတုဖို့ခက်တဲ့ နူးကမ့်အရှိန်အဝါ
ဘာစီလိုနာဟာ စွဲမက်စရာ တီကီတာကာကစားဟန်မျိုးပျောက်ပြီး ပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရတာမှန်ပေမယ့် အိမ်ကွင်းမှာတော့ ဘယ်လိုလူစာရင်းနဲ့ပဲဖြစ်ဖြစ် မနိမ့်ပါးခဲ့ပါဘူး။ကက်တာလန်အသင်းဟာ နူးကမ့်မှာကစားတဲ့ လာလီဂါ ၅ပွဲလုံးအနိုင်ရပြီး ၂၁ဂိုးသွင်းကာ ၆ဂိုးပြန်ပေးခဲ့ရတယ်။အိမ်ကွင်းပြိုင်ပွဲစုံ ၂၉ပွဲဆက် ရှုံးပွဲမရှိဆိုတဲ့မှတ်တမ်းဟာ ဆယ်တာအတွက်တော့ သိမ်ငယ်စရာဖြစ်ခဲ့ရတာပါ။မက်ဆီရဲ့ ပင်နယ်တီနဲ့ဘာကာ ဦးဆောင်သွားတဲ့နောက် ပွဲအပြီးမှာ ဘယ်အသင်း ၃မှတ်ရသွားမလဲဆိုတာ သံသယရှိစရာမလိုဘူးဖြစ်ခဲ့ရပါတယ်။သူတို့ဟာ အိမ်ကွင်းမှာဆို ဘယ်လိုဧည့်သည်မျိုးကိုမှ မညှာဘဲရက်စက်ခဲ့ကြပါတယ်။ဗယ်ဗာဒီအနေနဲ့ ချန်ပီယံဆုကာကွယ်ချင်ရင်တော့ ၆ပွဲမှာ ၃ပွဲရှုံးပြီး ၂ပွဲသာနိုင်ခဲ့တဲ့ အဝေးကွင်းခြေစွမ်းကိုသာ ပြင်ဆင်ဖို့လိုအပ်နေပါတယ်။

PC ; Internet

ကစားကွက်မှာအံမဝင်ကြတဲ့ ဖာတီနဲ့ဂရေ့ဇ်မန်း
ဘာစီလိုနာအသင်းကြီးမှာ ကစားခွင့်ရချိန် တောက်ပစွာလင်းလက်လိုက်တဲ့ အသက် ၁၇နှစ်အရွယ်တောင်ပံကစားသမားလေး အန်ဆူဖာတီအပေါ် မျှော်လင့်ချက်တွေဟာ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။ဆယ်တာနဲ့ပွဲမှာ လာမာစီယာအကယ်ဒမီထွက်လေးဟာ မက်ဆီ၊ဂရေ့ဇ်မန်းတို့နဲ့အတူ ဘာကာတိုက်စစ်မှာပွဲထွက်ခွင့်ရခဲ့ပေမယ့် ပထမပိုင်းတစ်ပိုင်းလုံး ခြေမပေါ်ခဲ့ပါဘူး။ဒါကြောင့် ဒမ်ဘီလီနဲ့အစားထိုးခံခဲ့ရတာ သိပ်အံ့သြစရာတော့မရှိပါဘူး။

PC ; Internet

ပထမပိုင်းတုန်းကပျင်းရိပျင်းတွဲနဲ့ အသက်မပါတဲ့ ဘာကာရဲ့တိုက်စစ်ဟာ ပြင်သစ်သားဝင်လာတဲ့နောက် မြိုင်လာခဲ့တယ်။ဒီလိုပဲ ဘာကာတိုက်စစ်မှာ အံမဝင်ဘဲ ရုန်းကန်နေရတာက ဂရေ့ဇ်မန်းပါ။ဒုတိယပိုင်းမှာ မက်ဆီဖန်တီးပေးတဲ့ အခွင့်အရေးကောင်းကို အသုံးမချနိုင်တဲ့နောက်မှာတော့ ပြင်သစ်တိုက်စစ်မှူးဟာ ဆွာရက်ဇ်နဲ့လူစားလဲခံခဲ့ရတယ်။လူငယ်ကစားသမားလေးဖာတီအတွက် အချိန်ရှိသေးပေမယ့် ဂရေ့ဇ်မန်းအတွက်တော့ နိုင်ငံတကာပွဲတွေမှာ ပြင်သစ်အတွက်ခြေစွမ်းပြနိုင်ဖို့ကြိုးစားခြင်းသာ ဗယ်ဗာဒီရဲ့ယုံကြည်မှုပြန်ရဖို့နည်းလမ်းဖြစ်နေပါတော့တယ်။

PC ; Internet

နိုင်ပေမယ့် ဘဝင်မကျနိုင်သေးတဲ့ ဘာကာရဲ့ခြေစွမ်း
ဂိုးရလဒ်ကိုကြည့်ရင်တော့ ဘာစီလိုနာဟာ ဆယ်တာကို ခြေအသာနဲ့အလွယ်တကူအနိုင်ရခဲ့တယ်လို့ ထင်ချင်စရာပါ။ဒါပေမဲ့ တကယ့်အမှန်တရားတော့မဟုတ်ပါဘူး။ပထမပိုင်း မိနစ် ၂၀လောက်အထိ အိမ်ရှင်ရဲ့တိုက်စစ်ဟာ ထိရောက်မှုမရှိခဲ့ဘဲ ပင်နယ်တီရလို့သာ ဦးဆောင်ဂိုးရသွားခဲ့တာပါ။ဆယ်တာကလည်း အိမ်ရှင်ကိုခြိမ်းခြောက်မှုမလုပ်နိုင်ခဲ့ဘဲ ၄၂မိနစ်မှာအိုလာဇာရဲ့ဖရီးကစ်ဂိုးကြောင့် ချေပနိုင်ခဲ့တာပါ။ဒါပေမဲ့ ဘာကာဟာ ပထမပိုင်းပြီးကာနီးမှာ မက်ဆီရဲ့ဖရီးကစ်ဂိုးနဲ့ပြန်လည်ဦးဆောင်ခွင့်ရခဲ့ပါတယ်။

PC ; Internet

ဒုတိယပိုင်းအစ မက်ဆီရဲ့ဒုတိယဖရီးကစ်ဂိုးကြောင့် ဘာကာအနိုင်ရဖို့အခြေအနေကောင်းသွားပေမယ့် သူတို့ရဲ့ကစားဟန်မှာ အထင်ကြီးလောက်စရာ တစ်ချက်ထိအမြန်ပေးပုံတွေ၊ပြိုင်ဘက်နောက်တန်းရဲ့ လူကျွံထောင်ချောက်ကို ပါးနပ်စွာကျော်ဖြတ်ကြပုံတွေ၊တိကျသေချာတဲ့ ပေးပို့မှုတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ဘာကာရသွားတဲ့ ၄ဂိုးမှာ ၃ဂိုးက တည်ကန်ဘောတွေက ဖြစ်နေတာဟာ ဒီပွဲမှာသူတို့ကစားပုံရဲ့အဖြေပါပဲ။ဒါ့အပြင် ဆယ်တာဟာ ဗယ်ဗာဒီရဲ့အသင်းကို ဖိအားအချို့ပေးနိုင်ခဲ့ပြီး တာစတီဂန်ကောင်းခဲ့တာ၊အက်စ်ပက်နဲ့ဆစ်တိုတို့ အဆုံးသတ်မသေချာတာတွေကြောင့်သာ ဂိုးထပ်မရခဲ့တာပါ။

(zawgyi)

ႏူးကမ့္မွာ ဆယ္တာဗီဂိုကိုဂိုးျပတ္အႏိုင္ယူၿပီး ဘာစီလိုနာဟာ အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့တယ္။အေစာပိုင္းပြဲစဥ္မွာ ၿပိဳင္ဘက္ႀကီး ရီးရဲလ္က အီဘာကို ဂိုးျပတ္အႏိုင္ရထားတာေၾကာင့္ ကက္တာလန္ကလပ္အတြက္ ဆယ္တာကို အႏိုင္ရေအာင္ကစားဖို႔ကလြဲလို႔ ေရြးခ်ယ္စရာလမ္းမရွိခဲ့ဘူး။အထူးသျဖင့္ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဒီကြင္းမွာပဲ ဆလားဗီးယားပရက္ကို ဂိုးမရွိသေရက်ခဲ့တဲ့ စိတ္ပ်က္စရာအေျခအေနကို အဆံုးသတ္ဖို႔နဲ႔ လာလီဂါေနာက္ဆံုးပြဲမွာ လီဗန္ေတးကိုရံႈးထားတာကေန ရုန္းထြက္ႏိုင္ဖို႔ သူတို႔ႀကိဳးစားခဲ့ၾကတယ္။ဧည့္သည္အသင္းရဲ႕ အရန္ခံုတန္းမွာေတာ့ လူစိမ္းတစ္ေယာက္ပါလာခဲ့တယ္။နည္းျပအက္စ္ခရီဘာေနရာမွာ အစားထိုးခံထားရတဲ့ ဘာစီလိုနာကြင္းလယ္လူေဟာင္းေအာ္စကာဂါစီယာပါပဲ။တစ္ပြဲလံုးကိုၿခံဳေျပာရရင္ ဘာစီလိုနာဟာ ဂိုးျပတ္ႏိုင္ေပမယ့္ သူတို႔ရဲ႕အေကာင္းဆံုးပံုစံမွာရွိမေနခဲ့ဘူး။အိမ္ရွင္ရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ ေျပာစရာအခ်က္ေလးေတြေတာ့ရွိေနတယ္။
လီယြန္နယ္မက္ဆီျပပြဲ
အာဂ်င္တီးနားတိုက္စစ္မွဴးအတြက္ ဒီရာသီဟာ ဒဏ္ရာျပသနာေၾကာင့္ စိန္ေခၚမႈေတြနဲ႔စတင္ခဲ့ရတာပါ။ဒါေပမဲ့ ျပန္ကစားႏိုင္တဲ့ေနာက္ပိုင္း ပံုမွန္ေျခစြမ္းျပႏိုင္ခဲ့သလို ဒီပြဲမွာလည္း ၾကယ္ငါးပြင့္အဆင့္ရွိသူဆိုတာ ျပသသြားႏိုင္ခဲ့ပါတယ္။၂၃မိနစ္မွာရတဲ့ ပင္နယ္တီကို ဆယ္တာဂိုးသမားဘလန္ကိုကိုလွည့္စားၿပီး အမွားအယြင္းမရွိသြင္းယူႏိုင္ခဲ့တယ္။ေနာက္ေတာ့ သူ႔ရဲ႕လွပေသသပ္တဲ့ဖရီးကစ္ဂိုးနဲ႔ ဘာစီလိုနာကို ျပန္လည္ဦးေဆာင္ေစႏိုင္ခဲ့တယ္။ထူးျခားတာက သူ႔ရဲ႕တတိယဂိုးပါပဲ။ဒီဂိုးဟာ ပထမဖရီးကစ္ဂိုးနဲ႔ထပ္တူနီးပါးတူညီခဲ့ၿပီး မက္ဆီရဲ႕အံ့မခန္းတဲ့ ဖရီးကစ္အစြမ္းကို ထင္သာျမင္သာရွိေစခဲ့ပါတယ္။ဒါဟာ သူ႔ရဲ႕ ကစားသမားဘ၀ ၅၃ႀကိမ္ေျမာက္ ဖရီးကစ္ဂိုးပါပဲ။ဒီရာသီအတြက္ေတာ့ ၄ႀကိမ္ေျမာက္ ဖရီးကစ္ဂိုးျဖစ္ခဲ့ၿပီး ေနာက္ဆံုးတစ္ႏွစ္အတြင္း ဥေရာပထိပ္တန္းလိဂ္ ၅ခုမွာ ဖရီးကစ္ဂိုးအမ်ားဆံုးသြင္းသူျဖစ္ခဲ့ပါတယ္။
အံတုဖို႔ခက္တဲ့ ႏူးကမ့္အရွိန္အ၀ါ
ဘာစီလိုနာဟာ စြဲမက္စရာ တီကီတာကာကစားဟန္မ်ိဳးေပ်ာက္ၿပီး ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနရတာမွန္ေပမယ့္ အိမ္ကြင္းမွာေတာ့ ဘယ္လိုလူစာရင္းနဲ႔ပဲျဖစ္ျဖစ္ မနိမ့္ပါးခဲ့ပါဘူး။ကက္တာလန္အသင္းဟာ ႏူးကမ့္မွာကစားတဲ့ လာလီဂါ ၅ပြဲလံုးအႏိုင္ရၿပီး ၂၁ဂိုးသြင္းကာ ၆ဂိုးျပန္ေပးခဲ့ရတယ္။အိမ္ကြင္းၿပိဳင္ပြဲစံု ၂၉ပြဲဆက္ ရံႈးပြဲမရွိဆိုတဲ့မွတ္တမ္းဟာ ဆယ္တာအတြက္ေတာ့ သိမ္ငယ္စရာျဖစ္ခဲ့ရတာပါ။မက္ဆီရဲ႕ ပင္နယ္တီနဲ႔ဘာကာ ဦးေဆာင္သြားတဲ့ေနာက္ ပြဲအၿပီးမွာ ဘယ္အသင္း ၃မွတ္ရသြားမလဲဆိုတာ သံသယရွိစရာမလိုဘူးျဖစ္ခဲ့ရပါတယ္။သူတို႔ဟာ အိမ္ကြင္းမွာဆို ဘယ္လိုဧည့္သည္မ်ိဳးကိုမွ မညွာဘဲရက္စက္ခဲ့ၾကပါတယ္။ဗယ္ဗာဒီအေနနဲ႔ ခ်န္ပီယံဆုကာကြယ္ခ်င္ရင္ေတာ့ ၆ပြဲမွာ ၃ပြဲရံႈးၿပီး ၂ပြဲသာႏိုင္ခဲ့တဲ့ အေ၀းကြင္းေျခစြမ္းကိုသာ ျပင္ဆင္ဖို႔လိုအပ္ေနပါတယ္။
ကစားကြက္မွာအံမ၀င္ၾကတဲ့ ဖာတီနဲ႔ေဂရ႕ဇ္မန္း
ဘာစီလိုနာအသင္းႀကီးမွာ ကစားခြင့္ရခ်ိန္ ေတာက္ပစြာလင္းလက္လိုက္တဲ့ အသက္ ၁၇ႏွစ္အရြယ္ေတာင္ပံကစားသမားေလး အန္ဆူဖာတီအေပၚ ေမွ်ာ္လင့္ခ်က္ေတြဟာ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းက်ဆင္းလာခဲ့ပါတယ္။ဆယ္တာနဲ႔ပြဲမွာ လာမာစီယာအကယ္ဒမီထြက္ေလးဟာ မက္ဆီ၊ဂေရ႕ဇ္မန္းတို႔နဲ႔အတူ ဘာကာတိုက္စစ္မွာပြဲထြက္ခြင့္ရခဲ့ေပမယ့္ ပထမပိုင္းတစ္ပိုင္းလံုး ေျခမေပၚခဲ့ပါဘူး။ဒါေၾကာင့္ ဒမ္ဘီလီနဲ႔အစားထိုးခံခဲ့ရတာ သိပ္အံ့ၾသစရာေတာ့မရွိပါဘူး။ပထမပိုင္းတုန္းကပ်င္းရိပ်င္းတြဲနဲ႔ အသက္မပါတဲ့ ဘာကာရဲ႕တိုက္စစ္ဟာ ျပင္သစ္သား၀င္လာတဲ့ေနာက္ ၿမိဳင္လာခဲ့တယ္။ဒီလိုပဲ ဘာကာတိုက္စစ္မွာ အံမ၀င္ဘဲ ရုန္းကန္ေနရတာက ဂေရ႕ဇ္မန္းပါ။ဒုတိယပိုင္းမွာ မက္ဆီဖန္တီးေပးတဲ့ အခြင့္အေရးေကာင္းကို အသံုးမခ်ႏိုင္တဲ့ေနာက္မွာေတာ့ ျပင္သစ္တိုက္စစ္မွဴးဟာ ဆြာရက္ဇ္နဲ႔လူစားလဲခံခဲ့ရတယ္။လူငယ္ကစားသမားေလးဖာတီအတြက္ အခ်ိန္ရွိေသးေပမယ့္ ဂေရ႕ဇ္မန္းအတြက္ေတာ့ ႏိုင္ငံတကာပြဲေတြမွာ ျပင္သစ္အတြက္ေျခစြမ္းျပႏိုင္ဖို႔ႀကိဳးစားျခင္းသာ ဗယ္ဗာဒီရဲ႕ယံုၾကည္မႈျပန္ရဖို႔နည္းလမ္းျဖစ္ေနပါေတာ့တယ္။
ႏိုင္ေပမယ့္ ဘ၀င္မက်ႏိုင္ေသးတဲ့ ဘာကာရဲ႕ေျခစြမ္း
ဂိုးရလဒ္ကိုၾကည့္ရင္ေတာ့ ဘာစီလိုနာဟာ ဆယ္တာကို ေျခအသာနဲ႔အလြယ္တကူအႏိုင္ရခဲ့တယ္လို႔ ထင္ခ်င္စရာပါ။ဒါေပမဲ့ တကယ့္အမွန္တရားေတာ့မဟုတ္ပါဘူး။ပထမပိုင္း မိနစ္ ၂၀ေလာက္အထိ အိမ္ရွင္ရဲ႕တိုက္စစ္ဟာ ထိေရာက္မႈမရွိခဲ့ဘဲ ပင္နယ္တီရလို႔သာ ဦးေဆာင္ဂိုးရသြားခဲ့တာပါ။ဆယ္တာကလည္း အိမ္ရွင္ကိုၿခိမ္းေျခာက္မႈမလုပ္ႏိုင္ခဲ့ဘဲ ၄၂မိနစ္မွာအိုလာဇာရဲ႕ဖရီးကစ္ဂိုးေၾကာင့္ ေခ်ပႏိုင္ခဲ့တာပါ။ဒါေပမဲ့ ဘာကာဟာ ပထမပိုင္းၿပီးကာနီးမွာ မက္ဆီရဲ႕ဖရီးကစ္ဂိုးနဲ႔ျပန္လည္ဦးေဆာင္ခြင့္ရခဲ့ပါတယ္။ဒုတိယပိုင္းအစ မက္ဆီရဲ႕ဒုတိယဖရီးကစ္ဂိုးေၾကာင့္ ဘာကာအႏိုင္ရဖို႔အေျခအေနေကာင္းသြားေပမယ့္ သူတို႔ရဲ႕ကစားဟန္မွာ အထင္ႀကီးေလာက္စရာ တစ္ခ်က္ထိအျမန္ေပးပံုေတြ၊ၿပိဳင္ဘက္ေနာက္တန္းရဲ႕ လူကၽြံေထာင္ေခ်ာက္ကို ပါးနပ္စြာေက်ာ္ျဖတ္ၾကပံုေတြ၊တိက်ေသခ်ာတဲ့ ေပးပို႔မႈေတြ ေပ်ာက္ဆံုးေနခဲ့ပါတယ္။ဘာကာရသြားတဲ့ ၄ဂိုးမွာ ၃ဂိုးက တည္ကန္ေဘာေတြက ျဖစ္ေနတာဟာ ဒီပြဲမွာသူတို႔ကစားပံုရဲ႕အေျဖပါပဲ။ဒါ့အျပင္ ဆယ္တာဟာ ဗယ္ဗာဒီရဲ႕အသင္းကို ဖိအားအခ်ိဳ႔ေပးႏိုင္ခဲ့ၿပီး တာစတီဂန္ေကာင္းခဲ့တာ၊အက္စ္ပက္နဲ႔ဆစ္တိုတို႔ အဆံုးသတ္မေသခ်ာတာေတြေၾကာင့္သာ ဂိုးထပ္မရခဲ့တာပါ။