Ballon d’Or ေလာင္းလ်ာေတြအျဖစ္ ေနမာနဲ႔ ဘာေပတုိ႔ကို ဒေရာ့ဘာသတ္မွတ္

File photo - Paris Saint-Germain's Kylian Mbappé and Neymar during the Ligue 1 Paris St-Germain (PSG) v Olympique Lyonnais football match at the Parc des Princes stadium in Paris, France on October 7, 2018. Paris Saint-Germain moved eight points clear at the top of Ligue 1 as Kylian Mbappe scored four goals in a 5-0 victory over Lyon. Paris St Germain sporting director Leonardo is prepared to sell Neymar after the Brazil forward failed to report for pre-season training. Photo by Christian Liewig/ABACAPRESS.COM

Photo Credit

Photo Credit

ခ်ဲလ္ဆီးတိုုက္စစ္မွဴးေဟာင္းဒီဒီယာဒေရာ့ဘာက ပံုစံေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာနဲ႔ ဘာေပတို႔ဟာ တစ္ေန႔မွာ Ballon d’Or ဆုဆြတ္ခူးႏိုင္မယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။

Photo Credit

အဆိုပါ ကစားသမား ၂ ဦးဟာ လက္ရွိအခ်ိန္မွာပီအက္စ္ဂ်ီတိုက္စစ္ရဲ႕ အေရးႀကီးတဲ့အခန္းက႑တစ္ရပ္ကပါဝင္ေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ျပင္သစ္ၾကယ္ပြင့္ မက္ပီက ၃၃ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ေနမာကေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ၁၇ ပြဲသာပြဲထြက္ ကစားခဲ့ရၿပီး ၁၅ ဂိုးပဲသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

ပီအက္စ္ဂ်ီအသင္းလည္း ၿပီးခဲ့တဲ့ရာသီက ျပည္တြင္းအမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ၁၆သင္းအဆင့္ကေနပဲ ထြက္ခဲ့ရပါတယ္။ ဘာေပနဲ႔ ေနမာတုိ႔ကေတာ့ စတင္တြဲကစားခ့ဲတဲ့ ၂၀၁၇-၁၈ ရာသီေနာက္ပိုင္း ႏွစ္ဦးေပါင္းၿပိဳင္ပြဲစုံ ၁၁၅ ဂိုးသြင္းယူထားတဲ့အထိ ေျခစြမ္းျပလ်က္ရွိပါတယ္။

Photo Credit

ဒေရာ့ဘာက “ဟုတ္ပါတယ္၊ ေနမာနဲ႔ ဘာေပတို႔ဟာ တစ္ေန႔မွာ Ballon d’Or ဆုရရွိမွာပါ၊ သူတုိ႔ဟာ လူအနည္းငယ္သာေရြးခ်ယ္တဲ့ အဆိုပါ ဆုရႏိုင္ေျခရွိတဲ့ ထူးျခားတဲ့ ကစားသမားေတြပါ၊ သူတို႔ကကမၻာေပၚက ကစားသမားေတြထဲမွာ အရမ္းရင္းႏွီးၿပီး နားလည္မႈရွိတဲ့ ကစားသမားေတြပါ”

Photo Credit

”ေနမာကေနရာလြတ္ေတြ ဖန္တီးၿပီး ေဘာလံုးကိုဘာေပဆီေပးပို႔ပါတယ္၊ ဘာေပက အဲဒီေနရာလြတ္ေတြကို ေကာင္းေကာင္းအသံုးခ်ၿပီး ဂိုးေတြ ရယူတာေပါ့၊ ပီအက္စ္ဂ်ီအသင္းက ေနမာရဲ႕ဖန္တီးႏိုင္စြမ္းနဲ႔ ဘာေပရဲ႕ အသံုးခ်ႏိုင္မႈတို႔နဲ႔ ေအာင္ျမင္မႈေတြ ရရွိေနတာပါ၊ ဒါကအလုပ္ျဖစ္ပါတယ္”

Photo Credit

”သူတို႔ အတူတကြ ကစားေနခ်ိန္မွာ ၾကည့္ပါ၊ သူတုိ႔က တစ္ေယာက္ကိုတစ္ေယာက္ အၿမဲၾကည့္ေနၿပီး နားလည္မႈရွိခ်က္ကေတာ့ အ့ံမခန္းပါပဲ”လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

Unicode

Ballon d’Or လောင်းလျာတွေအဖြစ် နေမာနဲ့ ဘာပေတို့ကို ဒရော့ဘာသတ်မှတ်

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဒီဒီယာဒရော့ဘာက ပုံစံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနဲ့ ဘာပေတို့ဟာ တစ်နေ့မှာ Ballon d’Or ဆုဆွတ်ခူးနိုင်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
အဆိုပါ ကစားသမား ၂ ဦးဟာ လက်ရှိအချိန်မှာပီအက်စ်ဂျီတိုက်စစ်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်ကပါဝင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကြယ်ပွင့် မက်ပီက ၃၃ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး နေမာကတော့ ဒဏ်ရာပြဿနာတွေကြောင့် ၁၇ ပွဲသာပွဲထွက် ကစားခဲ့ရပြီး ၁၅ ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းလည်း ပြီးခဲ့တဲ့ရာသီက ပြည်တွင်းအမှတ်ပေးချန်ပီယံဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ၁၆သင်းအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။ ဘာပေနဲ့ နေမာတို့ကတော့ စတင်တွဲကစားခဲ့တဲ့ ၂၀၁၇-၁၈ ရာသီနောက်ပိုင်း နှစ်ဦးပေါင်းပြိုင်ပွဲစုံ ၁၁၅ ဂိုးသွင်းယူထားတဲ့အထိ ခြေစွမ်းပြလျက်ရှိပါတယ်။
ဒရော့ဘာက “ဟုတ်ပါတယ်၊ နေမာနဲ့ ဘာပေတို့ဟာ တစ်နေ့မှာ Ballon d’Or ဆုရရှိမှာပါ၊ သူတို့ဟာ လူအနည်းငယ်သာရွေးချယ်တဲ့ အဆိုပါ ဆုရနိုင်ခြေရှိတဲ့ ထူးခြားတဲ့ ကစားသမားတွေပါ၊ သူတို့ကကမ္ဘာပေါ်က ကစားသမားတွေထဲမှာ အရမ်းရင်းနှီးပြီး နားလည်မှုရှိတဲ့ ကစားသမားတွေပါ”
”နေမာကနေရာလွတ်တွေ ဖန်တီးပြီး ဘောလုံးကိုဘာပေဆီပေးပို့ပါတယ်၊ ဘာပေက အဲဒီနေရာလွတ်တွေကို ကောင်းကောင်းအသုံးချပြီး ဂိုးတွေ ရယူတာပေါ့၊ ပီအက်စ်ဂျီအသင်းက နေမာရဲ့ဖန်တီးနိုင်စွမ်းနဲ့ ဘာပေရဲ့ အသုံးချနိုင်မှုတို့နဲ့ အောင်မြင်မှုတွေ ရရှိနေတာပါ၊ ဒါကအလုပ်ဖြစ်ပါတယ်”
”သူတို့ အတူတကွ ကစားနေချိန်မှာ ကြည့်ပါ၊ သူတို့က တစ်ယောက်ကိုတစ်ယောက် အမြဲကြည့်နေပြီး နားလည်မှုရှိချက်ကတော့ အံ့မခန်းပါပဲ”လို့ ပြောသွားခဲ့ပါတယ်။