Ballon d’Or ရဲ့ဆုအသစ်ဖြစ်တဲ့ အကောင်းဆုံးဂိုးသမားဆုကို လီဗာပူးရဲ့အယ်လစ်ဆန်ဆွတ်ခူး

photo-AP

photo-PA

Ballon d’Or ဆုပေးပွဲက အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ Yachine Trophy ဆုကိုတော့ လီဗာပူးဂိုးသမားအယ်လစ်ဆန်က ရရှိသွားပါတယ်။ Yachine Trophy ဆုဟာ ဒီနှစ်မှာမှ Ballon d’Or မှာ စတင်ပေးအပ်ချီးမြှင့်တာဖြစ်လို့ အယ်လစ်ဆန်ဟာ အဲဒီဆုရဲ့ပထမဆုံးဆုရှင်ကစားသမားဖြစ်လာပါတယ်။ အသက် ၂၇ နှစ်အရွယ် အဲဒီဘရာဇီးသားဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုအတွက် ဘာစီလိုနာရဲ့တာစတီဂန်နဲ့ မန်စီးတီးရဲ့အီဒါဆန်တို့ကို ကျော်ဖြတ်ခဲ့ရတာပါ။

photo-gettyimages

၂၀၁၈ တုန်းက ရိုးမားကနေ လီဗာပူးကို ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ အယ်လစ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တော့ အဓိကကျသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူဟာ နိုင်ငံအသင်းဘရာဇီးနဲ့လည်း ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါသေးတယ်။

photo-social media

အယ်လစ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ဗိုလ်မစွဲခဲ့ပေမယ့်လည်း ၂၁ ပွဲပေးဂိုးမရှိခဲ့တာကြောင့် အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ရွှေလက်အိပ်ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အယ်လစ်ဆန်ဟာ ယူအီးအက်ဖ်အေဆုပေးပွဲက အကောင်းဆုံးဂိုးသမားဆုနဲ့ ဖီဖာရဲ့The Best ဆုပေးပွဲက အကောင်းဆုံးဂိုးသမားဆုတို့ကိုလည်း ရခဲ့ပါသေးတယ်။ မဲပေးမှုအရ ဘာစီလိုနာရဲ့တာစတီဂန်ဟာ ဒုတိယနေရာရပ်တည်နိုင်ခဲ့ပြီး မန်စီးတီးရဲ့တာစတီဂန်ကတော့ တတိယရပ်တည်နိုင်ခဲ့ပါတယ်။

[Zawgyi]

Ballon d’Or ရဲ႕ဆုအသစ္ျဖစ္တဲ့ အေကာင္းဆံုးဂိုးသမားဆုကုိ လီဗာပူးရဲ႕အယ္လစ္ဆန္ဆြတ္ခူး

Ballon d’Or ဆုေပးပြဲက အေကာင္းဆုံးဂိုးသမားဆုျဖစ္တဲ့ Yachine Trophy ဆုကုိေတာ့ လီဗာပူးဂိုးသမားအယ္လစ္ဆန္က ရရွိသြားပါတယ္။ Yachine Trophy ဆုဟာ ဒီႏွစ္မွာမွ Ballon d’Or မွာ စတင္ေပးအပ္ခ်ီးျမွင့္တာျဖစ္လို႔ အယ္လစ္ဆန္ဟာ အဲဒီဆုရဲ႕ပထမဆုံးဆုရွင္ကစားသမားျဖစ္လာပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ အဲဒီဘရာဇီးသားဟာ ကမာၻ႔အေကာင္းဆုံးဂိုးသမားဆုအတြက္ ဘာစီလိုနာရဲ႕တာစတီဂန္နဲ႔ မန္စီးတီးရဲ႕အီဒါဆန္တို႔ကုိ ေက်ာ္ျဖတ္ခဲ့ရတာပါ။

၂၀၁၈ တုန္းက ရိုးမားကေန လီဗာပူးကို ဂိုးသမားတစ္ေယာက္အတြက္ ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ ေျပာင္းေရႊ႕လာတဲ့ အယ္လစ္ဆန္ဟာ ၿပီးခဲ့တဲ့ရာသီမွာ လီဗာပူးအသင္း ခ်န္ပီယံလိဂ္မွာ ဗုိလ္စြဲခဲ့ေတာ့ အဓိကက်သူတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ သူဟာ ႏိုင္ငံအသင္းဘရာဇီးနဲ႔လည္း ကိုပါအေမရိကၿပိဳင္ပြဲမွာ ဗုိလ္စြဲခဲ့ပါေသးတယ္။

အယ္လစ္ဆန္ဟာ ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္မွာ ဗုိလ္မစြဲခဲ့ေပမယ့္လည္း ၂၁ ပြဲေပးဂိုးမရွိခဲ့တာေၾကာင့္ အေကာင္းဆုံးဂိုးသမားဆုျဖစ္တဲ့ ေရႊလက္အိပ္ဆုကို ရရွိခဲ့ပါတယ္။ ဒါ့အျပင္ အယ္လစ္ဆန္ဟာ ယူအီးအက္ဖ္ေအဆုေပးပြဲက အေကာင္းဆုံးဂိုးသမားဆုနဲ႔ ဖီဖာရဲ႕The Best ဆုေပးပြဲက အေကာင္းဆုံးဂိုးသမားဆုတို႔ကိုလည္း ရခဲ့ပါေသးတယ္။ မဲေပးမႈအရ ဘာစီလိုနာရဲ႕တာစတီဂန္ဟာ ဒုတိယေနရာရပ္တည္ႏိုင္ခဲ့ၿပီး မန္စီးတီးရဲဲ႕တာစတီဂန္ကေတာ့ တတိယရပ္တည္ႏိုင္ခဲ့ပါတယ္။