Ballon d’Or ရပ်တည်မှုမှာ မာနီ အဆင့် ၄ သာရတာဟာ ဝမ်းနည်းစရာလို့ မက်ဆီပြော

photo-daily mail

photo-gettyimages

မက်ဆီဟာ လီဗာပူးတိုက်စစ်မှုးမာနီကို ချီးကျူးမှုလုပ်လိုက်ပြီး Ballon d’Or ဆုရပ်တည်မှုမှာ အဲဒီဆီနီဂေါသား အဆင့် ၄ သာရခဲ့မှုဟာလည်း ဝမ်နည်းစရာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပဲရစ်မှာ မက်ဆီဟာ သူ့ကစားသမားဘဝရဲ့ ၆ ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ကို ကပ်ကျော်ဖြတ်ရရှိခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုက တတိယ၊ မာနီက စတုတ္ထနဲ့ ဆာလာက ပဉ္စမရခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဘာစီလိုနာကြယ်ပွင့်က အစောပိုင်းက ပေးအပ်ခဲ့တဲ့ ဒီနှစ် ဖီဖာရဲ့The Best ဆုအတွက် မာနီကို သူဘာကြောင့် မဲပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း ရှင်းပြသွားပါတယ်။

photo-gettyimages

”စတုတ္ထနေရာနဲ့ မာနီ အဆုံးသတ်ရတာကို ကြည့်ရတာ ဝမ်းနည်းစရာပါ။ ဒါပေမဲ့ ဒီနှစ်မှာ ကစားသမားတွေအများကြီး ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း တစ်ယောက်ယောက်ကို ရွေးချယ်ဖို့အတွက်က ခက်ခဲခဲ့တာပါ။ ဒါပေမဲ့ The Best ဆုတုန်းက မာနီကို ကျွန်တော်ရွေးချယ်ခဲ့တာဟာ သူက ကျွန်တော်ကြိုက်တဲ့ကစားသမားတစ်ယောက်ဖြစ်နေလို့ပါ။ မာနီဟာ ကြီးကျယ်တဲ့နှစ်တစ်နှစ်ကိုပိုင်ဆိုင်ခဲ့ပြီး အဲဒါဟာ လီဗာပူးတစ်သင်းလုံးအတွက်လည်း ထူးခြားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော် သူ့ကို ရွေးခဲ့တာပါ။ ကျွန်တော်ထပ်ပြောချင်တာက ဒီနှစ်မှာ အရမ်းကောင်းတဲ့ကစားသမားတွေ အများကြီးပါ။ ဒါကြောင့် ရွေးချယ်ရတာ ခက်ခဲခဲ့ပါတယ်”လို့ မက်ဆီက ပြင်သစ်ရုပ်သံတစ်ခုကို ပြောခဲ့တာပါ။

photo-gettyimages

သူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ထိပ်ဆုံး ၅ ယောက်ထဲက တစ်ယောက်ဆိုတာကိုလည်း မာနီဟာ ပြီးခဲ့တဲ့မာဆေးဆိုဒ်ဒါဘီပွဲမှာ သက်သေပြနိုင်ခဲ့ပါတယ်။ အဲဗာတန်နဲ့အဲဒီပွဲမှာ ဆီနီဂါတောင်ပံတိုက်စစ်ကစားသမားဟာ ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

[Zawgyi]

Ballon d’Or ရပ္တည္မႈမွာ မာနီ အဆင့္ ၄ သာရတာဟာ ၀မ္းနည္းစရာလို႔ မက္ဆီေျပာ

မက္ဆီဟာ လီဗာပူးတုိက္စစ္မႈးမာနီကို ခ်ီးက်ဴးမႈလုပ္လိုက္ၿပီး Ballon d’Or ဆုရပ္တည္မႈမွာ အဲဒီဆီနီေဂါသား အဆင့္ ၄ သာရခဲ့မႈဟာလည္း ၀မ္နည္းစရာျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ၿပီးခဲ့တဲ့ တနလၤာေန႔က ပဲရစ္မွာ မက္ဆီဟာ သူ႔ကစားသမားဘ၀ရဲ႕ ၆ ႀကိမ္ေျမာက္ Ballon d’Or ဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူဟာ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ကို ကပ္ေက်ာ္ျဖတ္ရရွိခဲ့တာျဖစ္ၿပီး စီေရာ္နယ္ဒိုက တတိယ၊ မာနီက စတုတၳနဲ႔ ဆာလာက ပဥၥမရခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီဘာစီလိုနာၾကယ္ပြင့္က အေစာပိုင္းက ေပးအပ္ခဲ့တဲ့ ဒီႏွစ္ ဖီဖာရဲ႕The Best ဆုအတြက္ မာနီကို သူဘာေၾကာင့္ မဲေပးခဲ့တယ္ဆိုတဲ့အေၾကာင္းကိုလည္း ရွင္းျပသြားပါတယ္။

”စတုတၳေနရာနဲ႔ မာနီ အဆုံးသတ္ရတာကို ၾကည့္ရတာ ၀မ္းနည္းစရာပါ။ ဒါေပမဲ့ ဒီႏွစ္မွာ ကစားသမားေတြအမ်ားႀကီး ရွိခ့ဲတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္လည္း တစ္ေယာက္ေယာက္ကို ေရြးခ်ယ္ဖို႔အတြက္က ခက္ခဲခဲ့တာပါ။ ဒါေပမဲ့ The Best ဆုတုန္းက မာနီကို ကၽြန္ေတာ္ေရြးခ်ယ္ခဲ့တာဟာ သူက ကၽြန္ေတာ္ႀကိဳက္တဲ့ကစားသမားတစ္ေယာက္ျဖစ္ေနလို႔ပါ။ မာနီဟာ ႀကီးက်ယ္တဲ့ႏွစ္တစ္ႏွစ္ကိုပိုင္ဆုိင္ခဲ့ၿပီး အဲဒါဟာ လီဗာပူးတစ္သင္းလုံးအတြက္လည္း ထူးျခားခဲ့ပါတယ္။ အဲဒါေၾကာင့္ ကၽြန္ေတာ္ သူ႔ကို ေရြးခဲ့တာပါ။ ကၽြန္ေတာ္ထပ္ေျပာခ်င္တာက ဒီႏွစ္မွာ အရမ္းေကာင္းတဲ့ကစားသမားေတြ အမ်ားႀကီးပါ။ ဒါေၾကာင့္ ေရြးခ်ယ္ရတာ ခက္ခဲခဲ့ပါတယ္”လုိ႔ မက္ဆီက ျပင္သစ္ရုပ္သံတစ္ခုကို ေျပာခဲ့တာပါ။

သူဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ထိပ္ဆုံး ၅ ေယာက္ထဲက တစ္ေယာက္ဆိုတာကိုလည္း မာနီဟာ ၿပီးခဲ့တဲ့မာေဆးဆိုဒ္ဒါဘီပြဲမွာ သက္ေသျပႏိုင္ခဲ့ပါတယ္။ အဲဗာတန္နဲ႔အဲဒီပြဲမွာ ဆီနီဂါေတာင္ပံတိုက္စစ္ကစားသမားဟာ ၁ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။