Ballon d’Or ဆုရဖို့ ဘင်ဇီမာကို ထောက်ခံထားကြတဲ့ လီဂူး-၁ နည်းပြတွေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့် နိုဝင်ဘာ ၂၉ ပဲရစ်မှာ ကျင်းပချီးမြှင့်မယ့် Ballon d’Or ဆုအတွက် ရေပန်းစားသူတွေထဲမှာ တိုက်စစ်မှုးဘင်ဇီမာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး အဲဒီရီးရဲလ်ကြယ်ပွင့်ဟာ ဒီရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ်လို့ လီဂူး-၁ ပြိုင်ပွဲနည်းပြတွေက ယုံကြည်နေပါတယ်။

၁၉၉၈ မှာ ကမ္ဘာ့ဖလားယူပေးခဲ့တဲ့ဇီဒန်းနောက်ပိုင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဒီဆုကို ဘယ်ပြင်သစ်ကစားသမားမှ ဆွတ်ခူးနိုင်ခြင်းမရှိတော့ပါဘူး။

နိုက်စ်အသင်းနည်းပြဂယ်လ်တီယာကတော့”ဘင်ဇီမာက ရေပန်းစားသလားဆိုတာ ကျွန်တော် မသိပါဘူး။

ကျွန်တော်ကတော့ သူရဖို့ မျှော်လင့်ပါတယ်။ သူအရမ်းငယ်သေးတဲ့အချိန် လိုင်ယွန်မှာ သူ့ကို တွေ့ခဲ့တာပါ။

သူဟာ ဘောလုံးနဲ့ပတ်သက်လို့ အရမ်းကိုကြိုးကြိုးစားစားရှိတဲ့ ကောင်လေးတစ်ယောက်ပါ။

ကမ္ဘာမှာ အကောင်းဆုံးပါပဲ။ နောက်ဆုံးနှစ်ရာသီမှာ သူ့ရဲ့အဆင့်အတန်းကို ပိုမြှင့်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ပြင်သစ်အတွက် သူကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့လို့လည်း အရမ်းကိုကျေနပ်မိပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘင်ဇီမာဟာ Ballon d’Or ဆုနဲ့ထိုက်တန်ခြင်းရှိမရှိ မေးမြန်းတော့ နန့်တက်စ်နည်းပြကွန်ဘိုရီဟာ သူနဲ့တစ်နိုင်ငံတည်းသားကို ချီးကျူးခဲ့ပါတယ်။

”ရီးရဲလ်နဲ့ပြင်သစ်အသင်းတို့အတွက် သူလုပ်ပေးခဲ့တာကိုကြည့်ရင် ထိုက်တန်တာပေါ့ဗျာ။

သူရမယ်ဆိုတာ ကျွန်တော်ရာနှုန်းပြည့်ယုံကြည်ပါတယ်”လို့ ကွန်ဘိုရီက ဆိုခဲ့တာပါ။

အန်းဂါးစ်နည်းပြဘာတစ်လီကလည်း ဘင်ဇီမာဟာ နှစ်ကောင်းတစ်နှစ်ကိုဖြတ်သန်းနိုင်ခဲ့လို့ Ballon d’Or ဆုနဲ့ထိုက်တန်တယ်လို့ ဆိုခဲ့ပါတယ်။

”Ballon d’Or ဆုနဲ့ သူထိုက်တန်တာပေါ့။ အဲဒီဆုနဲ့ထိုက်တန်သူတွေ အများကြီးရှိပေမယ့် ဘင်ဖီမာဖြစ်ခဲ့ရင် စိတ်ပျက်စရာမဖြစ်လောက်ပါဘူး”လို့ ဘာတီလီက ပြောကြားခဲ့ပါတယ်။

ရန်းနက်စ်နည်းပြဂျီနီစီယိုနဲ့ လိုင်လီနည်းပြဂေါ်ဗန်နက်တို့ကလည်း ဘင်ဇီမာဟာ Ballon d’Or ဆုနဲ့ထိုက်တန်ကြောင်း ပြောကြားခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Ballon d’Or ဆုရဖို႔ ဘင္ဇီမာကို ေထာက္ခံထားၾကတဲ့ လီဂူး-၁ နည္းျပေတြ

လာမယ့္ ႏိုဝင္ဘာ ၂၉ ပဲရစ္မွာ က်င္းပခ်ီးျမႇင့္မယ့္ Ballon d’Or ဆုအတြက္ ေရပန္းစားသူေတြထဲမွာ တိုက္စစ္မႈးဘင္ဇီမာလည္း တစ္ေယာက္အပါအဝင္ျဖစ္ၿပီး အဲဒီရီးရဲလ္ၾကယ္ပြင့္ဟာ ဒီေ႐ႊေဘာလုံးဆုနဲ႔ ထိုက္တန္တယ္လို႔ လီဂူး-၁ ၿပိဳင္ပြဲနည္းျပေတြက ယုံၾကည္ေနပါတယ္။

၁၉၉၈ မွာ ကမာၻ႔ဖလားယူေပးခဲ့တဲ့ဇီဒန္းေနာက္ပိုင္း ျပင္သစ္ေဘာလုံးမဂၢဇင္းက ခ်ီးျမႇင့္တဲ့ ဒီဆုကို ဘယ္ျပင္သစ္ကစားသမားမွ ဆြတ္ခူးႏိုင္ျခင္းမရွိေတာ့ပါဘူး။

ႏိုက္စ္အသင္းနည္းျပဂယ္လ္တီယာကေတာ့”ဘင္ဇီမာက ေရပန္းစားသလားဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ္ကေတာ့ သူရဖို႔ ေမွ်ာ္လင့္ပါတယ္။ သူအရမ္းငယ္ေသးတဲ့အခ်ိန္ လိုင္ယြန္မွာ သူ႔ကို ေတြ႕ခဲ့တာပါ။ သူဟာ ေဘာလုံးနဲ႔ပတ္သက္လို႔ အရမ္းကိုႀကိဳးႀကိဳးစားစားရွိတဲ့ ေကာင္ေလးတစ္ေယာက္ပါ။

ကမာၻမွာ အေကာင္းဆုံးပါပဲ။ ေနာက္ဆုံးႏွစ္ရာသီမွာ သူ႔ရဲ႕အဆင့္အတန္းကို ပိုျမႇင့္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ျပင္သစ္အတြက္ သူေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ခဲ့လို႔လည္း အရမ္းကိုေက်နပ္မိပါတယ္”လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ဘင္ဇီမာဟာ Ballon d’Or ဆုနဲ႔ထိုက္တန္ျခင္းရွိမရွိ ေမးျမန္းေတာ့ နန႔္တက္စ္နည္းျပကြန္ဘိုရီဟာ သူနဲ႔တစ္ႏိုင္ငံတည္းသားကို ခ်ီးက်ဴးခဲ့ပါတယ္။ ”ရီးရဲလ္နဲ႔ျပင္သစ္အသင္းတို႔အတြက္ သူလုပ္ေပးခဲ့တာကိုၾကည့္ရင္ ထိုက္တန္တာေပါ့ဗ်ာ။ သူရမယ္ဆိုတာ ကြၽန္ေတာ္ရာႏႈန္းျပည့္ယုံၾကည္ပါတယ္”လို႔ ကြန္ဘိုရီက ဆိုခဲ့တာပါ။

အန္းဂါးစ္နည္းျပဘာတစ္လီကလည္း ဘင္ဇီမာဟာ ႏွစ္ေကာင္းတစ္ႏွစ္ကိုျဖတ္သန္းႏိုင္ခဲ့လို႔ Ballon d’Or ဆုနဲ႔ထိုက္တန္တယ္လို႔ ဆိုခဲ့ပါတယ္။ ”Ballon d’Or ဆုနဲ႔ သူထိုက္တန္တာေပါ့။ အဲဒီဆုနဲ႔ထိုက္တန္သူေတြ အမ်ားႀကီးရွိေပမယ့္ ဘင္ဖီမာျဖစ္ခဲ့ရင္ စိတ္ပ်က္စရာမျဖစ္ေလာက္ပါဘူး”လို႔ ဘာတီလီက ေျပာၾကားခဲ့ပါတယ္။

ရန္းနက္စ္နည္းျပဂ်ီနီစီယိုနဲ႔ လိုင္လီနည္းျပေဂၚဗန္နက္တို႔ကလည္း ဘင္ဇီမာဟာ Ballon d’Or ဆုနဲ႔ထိုက္တန္ေၾကာင္း ေျပာၾကားခဲ့ၾကပါတယ္။