
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Ballon d’Or ဆုဆိုတာက ဘောလုံးသမားတိုင်းဆွတ်ခူးလိုကြတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုတစ်ပါပဲ။
ဒီဆုကို ရယူနိုင်ဖို့ နာမည်ကျော်ကစားသမားတိုင်းဟာ ဘောလုံးရာသီတစ်ခုအတွင်း ကိုယ့်အသင်းအောင်မြင်မှုရအောင်၊ ကိုယ်တိုင်လည်းခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်ရလေ့ရှိပြီး တစ်ခါတလေကျရင် ခြေစွမ်းပြကစားနိုင်ရဲ့သားနဲ့ ဆုမရခဲ့တဲ့ နာမည်ကျော်တွေအများကြီးရှိပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း Ballon d’Or ဆုကို မက်ဆီနဲ့ စီရော်နယ်လ်ဒိုနှစ်ဦးသာ အပြန်အလှန်ရယူခဲ့ကြပြီး နောက်ဆုံး(၁၂)ကြိမ်မှာ သူတို့နှစ်ယောက်ရရှိခဲ့တဲ့ အရေအတွက်က (၁၁)ကြိမ်အထိရှိခဲ့တာပါ။
ဒီဆုအတွက် မဲပေးရွေးချယ်ရတယ်ဆိုပေမယ့် တချို့နှစ်တွေမှာ ဆုရရှိတဲ့သူထက် ဆုရဖို့ပိုထိုက်တန်တဲ့ကစားသမားတွေ ရှိခဲ့ဖူးပါတယ်။
ဥပမာပြောရရင် ၂၀၁၈ ခုနှစ်တုန်းက Ballon d’Or ဆုရရှိခဲ့တဲ့ မိုဒရစ်ပဲဖြစ်ပါတယ်။
ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားရယူခဲ့သလို၊ ခရိုအေးရှားအသင်းကိုလည်း အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မိုဒရစ်ဟာ ၂၀၁၇-၁၈ ရာသီမှာ ရီးယဲလ်အသင်းအတွက် အကောင်းဆုံးမကစားနိုင်ခဲ့ဘဲ (၄၃)ပွဲကစား၊ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၈)ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာပါ။
သူ့ထက်ပိုစွွမ်းဆောင်ရည်ကောင်းခဲ့တာက စီရော်နယ်လ်ဒိုဖြစ်ပြီး ရီးယဲလ်အသင်းအတွက် (၄၄)ဂိုးအထိသွင်းခဲ့သလို ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ပြီး ရီးယဲလ်အသင်း (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရယူနိုင်တဲ့နေရာမှာ သူ့ရဲ့ကဏ္ဍက အဓိကျခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက် (၄၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၈)ကြိမ်ပြုလုပ်ခဲ့တဲ့ မက်ဆီဟာ ၂၀၁၈ Ballon d’Or စာရင်းမှာ အဆင့်(၅)နေရာသာရခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်းက မိုဒရစ်အတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်စေပြီး အဲဒီနှစ် Ballon d’Or ဆုကို ကံကောင်းလို့ ရရှိခဲ့တာပဲဖြစ်ပါတယ်။
Ballon d’Or ဆုကို ကံတရားရဲ့ဖေးမမှုကြောင့် ရခဲ့တဲ့သူတွေထဲမှာ စီရော်နယ်လ်ဒိုလည်းတစ်ဦးအပါအဝင်ပါပဲ။
၂၀၁၃ ခုနှစ်မှာ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းအတွက် (၅၅)ဂိုးအထိသွင်းယူခဲ့ပေမယ့် အဓိကဆုဖလားတစ်ခုမှ မရခဲ့ပါဘူး။
အဲဒီအချိန်မှာ ခြေစွမ်းပြနေတာက ဘိုင်ယန်မြူးနစ်တောင်ပံတိုက်စစ်ကစားသမား ရီဘာရီဖြစ်ပြီး ၂၀၁၂-၁၃ ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါ၊ ချန်ပီယံလိဂ်၊
ဂျာမန်ဖလားတွေရယူပြီးတော့ တစ်ရာသီအတွင်း ဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပေမယ့် Ballon d’Or ဆု မရခဲ့တာကတော့ ဝမ်းနည်းစရာလို့ပြောရမှာပါ။
၂၀၁၀ တုန်းကလည်း မက်ဆီဟာ စီရော်နယ်လ်ဒိုလိုပဲ ကံကောင်းလို့ Ballon d’Or ဆု ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။
၂၀၀၉-၁၀ ရာသီမှာ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုမရခဲ့ဘဲ အဲဒီနှစ်အတွက် Ballon d’Or ဆုရသင့်တာက ဆနိုက်ဒါပဲဖြစ်ပါတယ်။
နယ်သာလန်နာမည်ကျော်ကစားသမားဟောင်း ဆနိုက်ဒါဟာ အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ စီးရီးအေ၊ ကိုပါအီတာလီယာဖလားတွေရယူပြီး
တစ်ရာသီအတွင်းဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့သလို နယ်သာလန်အသင်းကိုလည်း ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်အထိ ပို့ဆောင်ပေးခဲ့ပေမယ့် Ballon d’Or ဆုမရခဲ့သလို ဒီဆုအတွက်စာရင်းမှာ အဆင့်(၄)နေရာသာရရှိခဲ့တာက တကယ့်ကို စိတ်ပျက်စရာကောင်းခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
Ballon d’Or ဆုကို ကံေကာင္းလို႔ ဆြတ္ခူးခဲ့ၾကတဲ့ နာမည္ေက်ာ္ကစားသမားမ်ား
Ballon d’Or ဆုဆိုတာက ေဘာလုံးသမားတိုင္းဆြတ္ခူးလိုၾကတဲ့ ဂုဏ္သိကၡာျမင့္မားတဲ့ ဆုတစ္ပါပဲ။ ဒီဆုကို ရယူႏိုင္ဖို႔ နာမည္ေက်ာ္ကစားသမားတိုင္းဟာ ေဘာလုံးရာသီတစ္ခုအတြင္း ကိုယ့္အသင္းေအာင္ျမင္မႈရေအာင္၊ ကိုယ္တိုင္လည္းေျခစြမ္းျပကစားႏိုင္ဖို႔ ႐ုန္းကန္ရေလ့ရွိၿပီး တစ္ခါတေလက်ရင္ ေျခစြမ္းျပကစားႏိုင္ရဲ႕သားနဲ႔ ဆုမရခဲ့တဲ့ နာမည္ေက်ာ္ေတြအမ်ားႀကီးရွိပါတယ္။ ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္ကာလအတြင္း Ballon d’Or ဆုကို မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုႏွစ္ဦးသာ အျပန္အလွန္ရယူခဲ့ၾကၿပီး ေနာက္ဆုံး(၁၂)ႀကိမ္မွာ သူတို႔ႏွစ္ေယာက္ရရွိခဲ့တဲ့ အေရအတြက္က (၁၁)ႀကိမ္အထိရွိခဲ့တာပါ။
ဒီဆုအတြက္ မဲေပးေ႐ြးခ်ယ္ရတယ္ဆိုေပမယ့္ တခ်ိဳ႕ႏွစ္ေတြမွာ ဆုရရွိတဲ့သူထက္ ဆုရဖို႔ပိုထိုက္တန္တဲ့ကစားသမားေတြ ရွိခဲ့ဖူးပါတယ္။ ဥပမာေျပာရရင္ ၂၀၁၈ ခုႏွစ္တုန္းက Ballon d’Or ဆုရရွိခဲ့တဲ့ မိုဒရစ္ပဲျဖစ္ပါတယ္။ ခ႐ိုေအးရွားဝါရင့္ကြင္းလယ္လူ မိုဒရစ္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ရီးယဲလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားရယူခဲ့သလို၊ ခ႐ိုေအးရွားအသင္းကိုလည္း အသင္းသမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားဗိုလ္လုပြဲေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ မိုဒရစ္ဟာ ၂၀၁၇-၁၈ ရာသီမွာ ရီးယဲလ္အသင္းအတြက္ အေကာင္းဆုံးမကစားႏိုင္ခဲ့ဘဲ (၄၃)ပြဲကစား၊ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၈)ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာပါ။
သူ႔ထက္ပိုစြြမ္းေဆာင္ရည္ေကာင္းခဲ့တာက စီေရာ္နယ္လ္ဒိုျဖစ္ၿပီး ရီးယဲလ္အသင္းအတြက္ (၄၄)ဂိုးအထိသြင္းခဲ့သလို ဂိုးဖန္တီးမႈ(၈)ႀကိမ္ျပဳလုပ္ၿပီး ရီးယဲလ္အသင္း (၅)ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္တဲ့ေနရာမွာ သူ႔ရဲ႕က႑က အဓိက်ခဲ့ပါတယ္။ ဘာစီလိုနာအသင္းအတြက္ (၄၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၁၈)ႀကိမ္ျပဳလုပ္ခဲ့တဲ့ မက္ဆီဟာ ၂၀၁၈ Ballon d’Or စာရင္းမွာ အဆင့္(၅)ေနရာသာရခဲ့တာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွတ္တမ္းက မိုဒရစ္အတြက္ ႀကီးမားတဲ့အေထာက္အပံ့ျဖစ္ေစၿပီး အဲဒီႏွစ္ Ballon d’Or ဆုကို ကံေကာင္းလို႔ ရရွိခဲ့တာပဲျဖစ္ပါတယ္။
Ballon d’Or ဆုကို ကံတရားရဲ႕ေဖးမမႈေၾကာင့္ ရခဲ့တဲ့သူေတြထဲမွာ စီေရာ္နယ္လ္ဒိုလည္းတစ္ဦးအပါအဝင္ပါပဲ။ ၂၀၁၃ ခုႏွစ္မွာ စီေရာ္နယ္လ္ဒိုဟာ ရီးယဲလ္အသင္းအတြက္ (၅၅)ဂိုးအထိသြင္းယူခဲ့ေပမယ့္ အဓိကဆုဖလားတစ္ခုမွ မရခဲ့ပါဘူး။ အဲဒီအခ်ိန္မွာ ေျခစြမ္းျပေနတာက ဘိုင္ယန္ျမဴးနစ္ေတာင္ပံတိုက္စစ္ကစားသမား ရီဘာရီျဖစ္ၿပီး ၂၀၁၂-၁၃ ရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဘြန္ဒစ္လီဂါ၊ ခ်န္ပီယံလိဂ္၊ ဂ်ာမန္ဖလားေတြရယူၿပီးေတာ့ တစ္ရာသီအတြင္း ဖလား(၃)လုံးခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ေပမယ့္ Ballon d’Or ဆု မရခဲ့တာကေတာ့ ဝမ္းနည္းစရာလို႔ေျပာရမွာပါ။
၂၀၁၀ တုန္းကလည္း မက္ဆီဟာ စီေရာ္နယ္လ္ဒိုလိုပဲ ကံေကာင္းလို႔ Ballon d’Or ဆု ပိုင္ဆိုင္ခြင့္ရရွိခဲ့ပါတယ္။ ၂၀၀၉-၁၀ ရာသီမွာ မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈမရခဲ့ဘဲ အဲဒီႏွစ္အတြက္ Ballon d’Or ဆုရသင့္တာက ဆႏိုက္ဒါပဲျဖစ္ပါတယ္။ နယ္သာလန္နာမည္ေက်ာ္ကစားသမားေဟာင္း ဆႏိုက္ဒါဟာ အင္တာမီလန္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္၊ စီးရီးေအ၊ ကိုပါအီတာလီယာဖလားေတြရယူၿပီး တစ္ရာသီအတြင္းဖလား(၃)လုံးခ်န္ပီယံျဖစ္ခဲ့သလို နယ္သာလန္အသင္းကိုလည္း ၂၀၁၀ ကမာၻ႔ဖလားဗိုလ္လုပြဲအဆင့္အထိ ပို႔ေဆာင္ေပးခဲ့ေပမယ့္ Ballon d’Or ဆုမရခဲ့သလို ဒီဆုအတြက္စာရင္းမွာ အဆင့္(၄)ေနရာသာရရွိခဲ့တာက တကယ့္ကို စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။