Ballon d’Or ဆန်ခါတင်ထဲ မပါတဲ့အပေါ် ကင်မစ်ချ်ရဲ့ပြီးပြည့်စုံတဲ့ရိုးရိုးသားသားအဖြေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုရဲ့ဆန်ခါတင်စာရင်းထဲမှာ မပါဝင်ခဲ့တာနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကင်မစ်ချ်ဟာ ပြီးပြည့်စုံတဲ့အဖြေပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ Ballon d’Or ဆုရဲ့ဆန်ခါတင်အယောက် ၃၀ စာရင်းထွက်ပေါ်ခဲ့ပြီး အဲဒီမှာ ဘယ်သူပါသင့်တယ်၊ ဘယ်ဝါရသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ အမြင်အမျိုးမျိုးရှိနေကြပါတယ်။

အဲဒီမှာ ရော်နယ်ဒိုကြီးက ဆုရဖို့ ဘင်ဇီမာကို ထောက်ခံခဲ့ပြီး စူပါအေးဂျင့်ဂျော့မန်ဒက်စ်ကတော့ သူ့ကစားသမားစီရော်နယ်ဒိုဟာ အရင်ကထက် ပိုပြီးထိုက်တန်ကြောင်း ဆိုခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးဟာ ဘိုင်ယန်ရဲ့လီဝန်ဒေါစကီးလောက် ရေပန်းမစားဘဲ ကိုဗစ်ကြောင့် ဆုမပေးဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်မှာ အဲဒီပိုလန်သားဟာ သေချာပေါက်ဆုရခဲ့လောက်မှာပါ။

Ballon d’Or ရဲ့ဆန်ခါတင်စာရင်းထဲမှာ ဘိုင်ယန်ကဆိုလို့ လီဝန်ဒေါစကီးတစ်ယောက်သာပါပြီး သူမပါခဲ့တာနဲ့ပတ်သက်လို့လည်း ကင်မစ်ချ်က လက်ခံခဲ့ပါတယ်။

”ကျွန်တော်က မအံ့သြပါဘူး။

ကျွန်တော်က သိပ်ကောင်းတဲ့တစ်ကိုယ်တော်ကစားသမားမဟုတ်လို့ပါ”လို့ ၂၆ နှစ်အရွယ် ဘိုင်ယန်ကွင်းလယ်လူကင်မစ်ချ်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ကင်မစ်ချ်က အသင်းမှာရှိတဲ့ သူ့ရဲ့အခန်းကဏ္ဍအကြောင်းပြောရာမှာ ”ကျွန်တော့်အတွက်တော့ အသင်းအနိုင်ရဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့နိုင်မှ ကျွန်တော်တောက်ပနိုင်မှာပါ။

အသင်းအပေါ်မှာ အမြဲတမ်းမူတည်ပါတယ်။

လေဗာကူဆင်နဲ့ပွဲမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်နေပြီး Ballon d’Or ဆန်ခါတင်စာရင်းအကြောင်း စိတ်မဝင်စားပါဘူး”လို့ ဆိုခဲ့ပါတယ်။

ကင်မစ်ချ်က ဆန်ခါတင်စာရင်းထဲမှာ သူမပါတာနဲ့ပတ်သက်လို့ အဆင်ပြေပေမယ့် တခြားကစားသမားနှစ်ယောက်ကတော့ အယောက် ၃၀ စာရင်းထဲမှာ ချဲလ်ဆီးဂိုးသမားမန်ဒီမပါတဲ့အပေါ် အတော်လေးမကျေမနပ်ဖြစ်နေကြပါတယ်။

မန်ဒီက ချန်ပီယံလိဂ်ရတဲ့ပထမဆုံးအာဖရိကဂိုးသမားဖြစ်ပေမယ့် Ballon d’Or ဆန်ခါတင် ၃၀ ယောက်စာရင်းထဲမှာ ဂိုးသမားဆိုလို့ ဒွန်နာရမ်မာတစ်ယောက်သာပါဝင်ပါတယ်။

အဲဒီအတွက် သူ့ရဲ့ဆီနီဂေါလက်ရွေးစင်အသင်းဖော်တွေဖြစ်ကြတဲ့ လီဗာပူးက မာနီနဲ့ နာပိုလီနောက်ခံလူကူလီဘာလီတို့ဟာ ဒေါသထွက်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

Ballon d’Or ဆန္ခါတင္ထဲ မပါတဲ့အေပၚ ကင္မစ္ခ်္ရဲ႕ၿပီးျပည့္စုံတဲ့႐ိုး႐ိုးသားသားအေျဖ

ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုရဲ႕ဆန္ခါတင္စာရင္းထဲမွာ မပါဝင္ခဲ့တာနဲ႔ပတ္သက္လို႔ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ကင္မစ္ခ်္ဟာ ၿပီးျပည့္စုံတဲ့အေျဖေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္ကပဲ Ballon d’Or ဆုရဲ႕ဆန္ခါတင္အေယာက္ ၃၀ စာရင္းထြက္ေပၚခဲ့ၿပီး အဲဒီမွာ ဘယ္သူပါသင့္တယ္၊ ဘယ္ဝါရသင့္တယ္ဆိုတာနဲ႔ပတ္သက္လို႔ အျမင္အမ်ိဳးမ်ိဳးရွိေနၾကပါတယ္။

အဲဒီမွာ ေရာ္နယ္ဒိုႀကီးက ဆုရဖို႔ ဘင္ဇီမာကို ေထာက္ခံခဲ့ၿပီး စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကေတာ့ သူ႔ကစားသမားစီေရာ္နယ္ဒိုဟာ အရင္ကထက္ ပိုၿပီးထိုက္တန္ေၾကာင္း ဆိုခဲ့ပါတယ္။

ဒါေပမဲ့ သူတို႔ႏွစ္ေယာက္စလုံးဟာ ဘိုင္ယန္ရဲ႕လီဝန္ေဒါစကီးေလာက္ ေရပန္းမစားဘဲ ကိုဗစ္ေၾကာင့္ ဆုမေပးျဖစ္ခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္မွာ အဲဒီပိုလန္သားဟာ ေသခ်ာေပါက္ဆုရခဲ့ေလာက္မွာပါ။

Ballon d’Or ရဲ႕ဆန္ခါတင္စာရင္းထဲမွာ ဘိုင္ယန္ကဆိုလို႔ လီဝန္ေဒါစကီးတစ္ေယာက္သာပါၿပီး သူမပါခဲ့တာနဲ႔ပတ္သက္လို႔လည္း ကင္မစ္ခ်္က လက္ခံခဲ့ပါတယ္။

”ကြၽန္ေတာ္က မအံ့ၾသပါဘူး။ ကြၽန္ေတာ္က သိပ္ေကာင္းတဲ့တစ္ကိုယ္ေတာ္ကစားသမားမဟုတ္လို႔ပါ”လို႔ ၂၆ ႏွစ္အ႐ြယ္ ဘိုင္ယန္ကြင္းလယ္လူကင္မစ္ခ်္က ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ကင္မစ္ခ်္က အသင္းမွာရွိတဲ့ သူ႔ရဲ႕အခန္းက႑အေၾကာင္းေျပာရာမွာ ”ကြၽန္ေတာ့္အတြက္ေတာ့ အသင္းအႏိုင္ရဖို႔ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္မွ ကြၽန္ေတာ္ေတာက္ပႏိုင္မွာပါ။ အသင္းအေပၚမွာ အၿမဲတမ္းမူတည္ပါတယ္။ ေလဗာကူဆင္နဲ႔ပြဲမွာ ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ခဲ့လို႔ ေက်နပ္ေပ်ာ္႐ႊင္ေနၿပီး Ballon d’Or ဆန္ခါတင္စာရင္းအေၾကာင္း စိတ္မဝင္စားပါဘူး”လို႔ ဆိုခဲ့ပါတယ္။

ကင္မစ္ခ်္က ဆန္ခါတင္စာရင္းထဲမွာ သူမပါတာနဲ႔ပတ္သက္လို႔ အဆင္ေျပေပမယ့္ တျခားကစားသမားႏွစ္ေယာက္ကေတာ့ အေယာက္ ၃၀ စာရင္းထဲမွာ ခ်ဲလ္ဆီးဂိုးသမားမန္ဒီမပါတဲ့အေပၚ အေတာ္ေလးမေက်မနပ္ျဖစ္ေနၾကပါတယ္။

မန္ဒီက ခ်န္ပီယံလိဂ္ရတဲ့ပထမဆုံးအာဖရိကဂိုးသမားျဖစ္ေပမယ့္ Ballon d’Or ဆန္ခါတင္ ၃၀ ေယာက္စာရင္းထဲမွာ ဂိုးသမားဆိုလို႔ ဒြန္နာရမ္မာတစ္ေယာက္သာပါဝင္ပါတယ္။

အဲဒီအတြက္ သူ႔ရဲ႕ဆီနီေဂါလက္ေ႐ြးစင္အသင္းေဖာ္ေတြျဖစ္ၾကတဲ့ လီဗာပူးက မာနီနဲ႔ နာပိုလီေနာက္ခံလူကူလီဘာလီတို႔ဟာ ေဒါသထြက္ေနၾကပါတယ္။