Ballon d’Or ဆန်ခါတင်စာရင်းဝင် အသင်းသား ၇ ယောက်ပုံနဲ့ ဝင့်ကြွားလိုက်တဲ့ လီဗာပူး

photo-liverpool

photo-liverpool

မန်စီးတီးနဲ့ ခက်ခဲကြမ်းတမ်းတဲ့စမ်းသပ်မှုမှာ လီဗာပူးရဲ့အသင်းလိုက်စိတ်ဓာတ်ကို ပွဲကြည့်သူအားလုံး တွေ့မြင်ခဲ့ကြရပြီးပါပြီ။ ဒါပေမဲ့ သူတို့မှာ တစ်ဦးချင်းအရလည်း အထင်ကြီးစရာ အသင်းလိုက်ဂုဏ်ယူစရာ ရှိနေပါတယ်။ လီဗာပူးက သူတို့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာ တင်လိုက်တဲ့ပုံကြောင့် အဲဒါဟာ အများကြီးရှင်းလင်းသွားပါတယ်။

photo-liverpool

ဒီနှစ်ရဲ့Ballon d’Or ဆု ဆန်ခါတင်စာရင်းမှာပါဝင်ခဲ့ကြတဲ့ လီဗာပူးကြယ်ပွင့်တွေဟာ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာ စုပေါင်းပြီး ဓာတ်ပုံအရိုက်ခံခဲ့ကြတာပါ။ မာနီ၊ဆာလာ၊အာနိုး၊အယ်လစ်ဆန်၊ဗန်ဒစ်ဂျ်၊ဖာမီနိုနဲ့ဝစ်နယ်ဒမ်တို့ဖြစ်ကြပါတယ်။ သူတို့လက်ထဲမှာလည်း Ballon d’Or ဆုဆန်ခါတင်စာရင်းဝင်အသိအမှတ်ပြုလက်မှတ်တွေနဲ့ ဖြစ်ပါတယ်။

photo-REX

အဲဒီထဲမှာ ဂိုးသမားအယ်လစ်ဆန်ကတော့ ထူးထူးခြားခြား လက်မှတ်နှစ်စောင်နဲ့ဖြစ်ပါတယ်။ အဲဒီဘရာဇီးသားဟာ Ballon d’Or ဆုအပြင် အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ယာချီနီဆုအတွက်လည်း ဆန်ခါတင်စာရင်းဝင်ထားတာပါ။ ဂိုးသမားတွေကိုရည်ရွယ်တဲ့ အဲဒီဆုသစ်အတွက် ကမ္ဘာတစ်ဝန်းက ဂိုးသမား ၁၀ ယောက် ယှဉ်ပြိုင်ရမှာပါ။ Ballon d’Or ဆန်ခါတင်စာရင်းဝင် အဲဒီလီဗာပူးကစားသမား ၇ ယောက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေ မန်စီးတီးကို အနိုင်ရခဲ့တဲ့ အရေးပါနိုင်ပွဲမှာလည်း ပါဝင်ခဲ့ကြပါတယ်။

[Zawgyi]

Ballon d’Or ဆန္ခါတင္စာရင္း၀င္ အသင္းသား ၇ ေယာက္ပုံနဲ႔ ၀င့္ၾကြားလုိက္တဲ့ လီဗာပူး

မန္စီးတီးနဲ႔ ခက္ခဲၾကမး္တမ္းတဲ့စမ္းသပ္မႈမွာ လီဗာပူးရဲ႕အသင္းလိုက္စိတ္ဓာတ္ကို ပြဲၾကည့္သူအားလုံး ေတြ႕ျမင္ခဲ့ၾကရၿပီးပါၿပီ။ ဒါေပမဲ့ သူတုိ႔မွာ တစ္ဦးခ်ငး္အရလည္း အထင္ႀကီးစရာ အသင္းလုိက္ဂုဏ္ယူစရာ ရွိေနပါတယ္။ လီဗာပူးက သူတို႔ရဲ႕ဆိုရွယ္မီဒီယာအေကာင့္ေတြမွာ တင္လိုက္တဲ့ပုံေၾကာင့္ အဲဒါဟာ အမ်ားႀကီးရွငး္လင္းသြားပါတယ္။

ဒီႏွစ္ရဲ႕Ballon d’Or ဆု ဆန္ခါတင္စာရင္းမွာပါ၀င္ခဲ့ၾကတဲ့ လီဗာပူးၾကယ္ပြင့္ေတြဟာ မဲလ္၀ုဒ္ေလ့က်င့္ေရးကြင္းမွာ စုေပါင္းၿပီး ဓာတ္ပုံအရိုက္ခံခဲ့ၾကတာပါ။ မာနီ၊ဆာလာ၊အာႏုိး၊အယ္လစ္ဆန္၊ဗန္ဒစ္ဂ်္၊ဖာမီႏိုနဲ႔၀စ္နယ္ဒမ္တုိ႔ျဖစ္ၾကပါတယ္။ သူတို႔လက္ထဲမွာလည္း Ballon d’Or ဆုဆန္ခါတင္စာရင္း၀င္အသိအမွတ္ျပဳလက္မွတ္ေတြနဲ႔ ျဖစ္ပါတယ္။

အဲဒီထဲမွာ ဂိုးသမားအယ္လစ္ဆန္ကေတာ့ ထူးထူးျခားျခား လက္မွတ္ႏွစ္ေစာင္နဲ႔ျဖစ္ပါတယ္။ အဲဒီဘရာဇီးသားဟာ Ballon d’Or ဆုအျပင္ အေကာင္းဆုံးဂုိုးသမားဆုျဖစ္တဲ့ ယာခ်ီနီဆုအတြက္လည္း ဆန္ခါတင္စာရင္း၀င္ထားတာပါ။ ဂိုးသမားေတြကိုရည္ရြယ္တဲ့ အဲဒီဆုသစ္အတြက္ ကမာၻတစ္၀န္းက ဂိုးသမား ၁၀ ေယာက္ ယွဥ္ၿပိဳင္ရမွာပါ။ Ballon d’Or ဆန္ခါတင္စာရင္း၀င္ အဲဒီလီဗာပူးကစားသမား ၇ ေယာက္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြ မန္စီးတီးကို အႏိုင္ရခဲ့တဲ့ အေရးပါႏိုင္ပြဲမွာလည္း ပါ၀င္ခဲ့ၾကပါတယ္။