ဘောကောက်ကောင်လေးကို လက်ဆွဲနှုတ်ဆက်ဖို့ငြင်းဆန်တဲ့အထိ ဒေါသထွက်ခဲ့တဲ့ရီးရဲလ်ကြယ်ပွင့်ဟောင်း

December 10, 2019 Zayar Phyo Han 0

photo-sportbible photo-gettyimages ပြီးခဲ့တဲ့တနင်္ဂနွေက ပွဲစဉ်တစ်ပွဲအပြီးမှာ ဘောကောက်ကောင်လေးကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်လိုက်ခြင်းအားဖြင့် နောက်ခံလူပီပီဟာ ဘယ်လိုကစားသမားလဲဆိုတာ ပရိသတ်တွေကို ပြန်လည်အမှတ်ရသွားစေမှာပါ။ အခုပေါ်တိုမှာ ကစားနေတဲ့ ရီးရဲလ်ကြယ်ပွင့်ဟောင်းပီပီဟာ ပေါ်တိုရဲ့ ၁-၁ သရေပွဲအပြီးမှာ ဘောကောက်ကောင်လေးရဲ့ချဉ်းကပ်ခြင်းကို ခံခဲ့ရတာပါ။ သူ့ပုံစံအတိုင်းပဲ ပီပီဟာ ဒေါသနဲ့တုံ့ပြန်ခဲ့ပြီး သူ့လက်ကို ရှောင်ဖယ်လိုက်ပါတယ်။ concordo com o texto. pic.twitter.com/QQkneDkdUP — Hugo Gil […]

အဖေဖြစ်သူစီရော်နယ်ဒိုကို ဂုဏ်ယူစေမယ့် ဂျူနီယာလေးရဲ့အကောင်းဆုံးတိုက်စစ်မှုးဆု

December 10, 2019 Zayar Phyo Han 0

photo-the sun photo-social media အီတလီက လူငယ်ပြိုင်ပွဲတစ်ခုမှာ အကောင်းဆုံးတိုက်စစ်မှုးဆုရရှိခဲ့တဲ့ ခရစ္စတီယာနိုဂျူနီယာလေးကြောင့် ဖခင်ဖြစ်တဲ့ စီရော်နယ်ဒိုကတော့ ဂုဏ်ယူမဆုံးဖြစ်နေမှာပါ။ Cavour Trophy ပြိုင်ပွဲမှာ ဂျူဗင်တပ်ယူ-၉ အသင်းဗိုလ်စွဲတော့ ၉ နှစ်အရွယ်ဂျူနီယာလေးဟာ ပြိုင်ပွဲတစ်လျှောက် ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာလည်း ဂျူနီယာလေးပါဝင်တဲ့ ဂျူဗင်တပ်ယူ-၉ အသင်းဟာ […]

ရက်ရှ်ဖို့ဒ်ဟာ မန်ယူရဲ့စီရော်နယ်ဒိုအသစ်ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတဲ့ ဆိုးလ်ရှား

December 10, 2019 Zayar Phyo Han 0

photo-daily mail photo-gettyimages တိုက်စစ်မှုးရှက်ရှ်ဖို့ဒ်ဟာ စူပါစတားဖြစ်တဲ့စီရော်နယ်ဒိုရဲ့အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မန်ယူအသင်းနည်းပြဆိုးလ်ရှားက ယုံကြည်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် အဲဒီအင်္ဂလန်တိုက်စစ်မှုးဟာ အိုးလ်ထရက်ဖို့ဒ်က ဂန္ထဝင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ အများရဲ့မျှော်လင့်ထားခြင်းခံခဲ့ရပေမယ့် မကြာသေးခင်ရာသီတွေမှာ ဂိုးသွင်းနည်းပါးမှုအတွက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်လည်း ရက်ရှ်ဖို့ဒ်ဟာ မန်ယူအတွက် သူ့ရဲ့နောက်ဆုံး ၂ ရာသီမှာ ၂၆ ဂိုးသာသွင်းနိုင်ခဲ့တာပါ။ photo-gettyimages […]

နောက်ဆုံးတော့ open play ကနေ အာဆင်နယ်အတွက် ပီပီဂိုးသွင်းနိုင်ခဲ့ပြီ

December 10, 2019 Zayar Phyo Han 0

photo-sportbible photo-gettyimages အားလုံးသိကြတဲ့အတိုင်း နီကိုလက်စ်ပီပီရဲ့အာဆင်နယ်ကစားသမားဘဝဟာ တာထွက်မကောင်းခဲ့ပါဘူး။ သူဟာ အသင်းသစ်မှာ ဂိုးပေါက်ပျောက်နေတာလည်း အတော်ကြာနေပါပြီ။ အရင်က အာဆင်နယ်အတွက် ဂိုးသွင်းပေးခဲ့ဖူးပေမယ့် တည်ကန်ဘောတွေဖြစ်တဲ့ ဖရီးကစ်နဲ့ပင်နယ်တီတို့ကနေပါ။ ဒါကြောင့်လည်း ပေးရတဲ့ဈေးနဲ့မထိုက်တန်ဘူးဆိုပြီး အတော်လေးကို ဝေဖန်ခံခဲ့ရပါတယ်။ photo-gettyimages ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္လာည ဝက်စ်ဟမ်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အဲဒီအိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမားဟာ အာဆင်နယ်အတွက် သူ့ရဲ့ကာလရှည်ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့သလို အာဆင်နယ်အတွက် […]

ကိုယ့်ကျောနံပါတ်ကိုတောင် ကိုယ်မေ့နေတဲ့ ဘာကာယိုကိုရဲ့အဖြစ်

December 9, 2019 Zayar Phyo Han 0

photo-daily mail photo-gettyimages ပြီးခဲ့တဲ့စနေနေ့က မိုနာကိုရဲ့ဂိုးပြတ်နိုင်ပွဲမှာ ချဲလ်ဆီးကနေ အငှားသွားရောက်ကစားနေတဲ့ကွင်းလယ်လူဘာကာယိုကိုဟာ သူလူစားလဲခံရတယ်လို့ ထင်ပြီးတဲ့နောက် ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ အဲဒီပွဲမှာ ၂၅ နှစ်အရွယ် ဘာကာယိုကိုဟာ သူဝတ်ဆင်ထားတဲ့ကျောနံပါတ်ကို မေ့နေခဲ့တာ ဖြစ်ပါတယ်။ လူစားလဲမှုလုပ်တော့ စတုတ္ထဒိုင်က နံပါတ် ၁၄ ကိုဖော်ပြထားတဲ့ဘုတ်ပြားကို ထောင်ခဲ့တာပါ။ ကျေနံပါတ် ၁၄ ဆိုတာ ချဲလ်ဆီးကိုမပြောင်းခင် မိုနာကိုမှာ ဘာကာယိုကိုအမြဲဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပါတယ်။ photo-gettyimages […]

ဒါဘီနိုင်ပွဲကို ဆရာရင်းဖာဂူဆန်နဲ့အတူ မျှဝေအောင်ပွဲခံခဲ့တဲ့ ဆိုးလ်ရှား

December 8, 2019 Zayar Phyo Han 0

photo-metro photo-sky sports မန်ယူဂန္ထဝင်နည်းပြဟောင်းဆာအဲလက်စ်ဖာဂူဆန်တစ်ယောက် ဒါဘီနိုင်ပွဲနဲ့ပတ်သက်လို့ အတော်လေးကျေနပ်ပျော်ရွှင်နေပုံရပါတယ်။ ပထမပိုင်းမှာ မာရှယ်က ဒုတိယဂိုးသွင်းပြီးတဲ့အချိန်မှာ ရုပ်သံကင်မရာတွေက ပွဲကြည့်စင်မှာရှိတဲ့ ဖာဂူဆန်ကို ရိုက်ပြတော့ ပြုံးပျော်နေတဲ့မျက်နှာထားကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ပွဲအပြီးမှာ တပည့်ရင်းဖြစ်သူဆိုးလ်ရှားကလည်း သူနဲ့အတူ မျှဝေအောင်ပွဲခံခဲ့တာကြောင့် ဖာဂူဆန်အတွက် အတိုင်းထက်အလွန်ဖြစ်သွားခဲ့တာပါ။ photo-sky sports အဲဒီပွဲက မန်ယူရဲ့ပထမပိုင်းခြေစွမ်းဟာ […]

ဒါဘီပွဲမှာ ပစ်ပေါက်မှုတွေအပြင် လူမျိုးရေးခွဲခြားမှုလည်းလုပ်ခဲ့တဲ့ ပရိသတ်တွေကြောင့် အရေးယူခံရမယ့်မန်စီးတီး

December 8, 2019 Zayar Phyo Han 0

photo-daily mail photo-sky sports မနေ့ညမန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးပရိသတ်တွေဟာ မန်ယူပရိသတ်တွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှုပြုလုပ်ခဲ့တဲ့အပြင် အဲဒီထဲက မန်စီးတီးပရိသတ်တစ်ယောက်ဟာလည်း မျောက်လိုအော်ဟစ်ပြီး လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးအိမ်ကွင်းအီတီဟတ်ရဲ့ထောင့်တစ်နေရာက အနည်းငယ်သောမန်စီးတီးပရိသတ်အုပ်စုတစ်ခုဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ဒါဘီပွဲ ဒုတိယပိုင်းမှာ အခုလိုအရုပ်ဆိုးအကျည်းတန်ဖွယ်ရာတွေ ပြုလုပ်ခဲ့တာပါ။ photo-sky sports ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာ မန်ယူကွင်းလယ်လူဖရက်ဒ်ဟာ ထောင့်ကန်ဘောကန်ဖို့ သွားရောက်စဉ် […]

တကယ့်ရော်နယ်ဒိုအစစ်မဟုတ်ဘူးဆိုပြီး စီရော်နယ်ဒိုကို ပုတ်ခတ်ပြောဆိုလိုက်တဲ့ အီဘရာဟီမိုဗစ်

December 6, 2019 Zayar Phyo Han 0

photo-the sun photo-sport bible တကယ်လို့ အီဘရာဟီမိုဗစ်သာ သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း စီးရီးအေပြန်ရောက်လာမယ်ဆိုရင်တော့ တကယ့်ကို ပွဲကြီးပွဲကောင်းဖြစ်တော့မှာပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ စီးရီးအေရဲ့မျက်နှာဖုံးကစားသမားဖြစ်နေတဲ့ စီရော်နယ်ဒိုကိုမှ စိန်ခေါ်သလို ပုတ်ခတ်ပြောဆိုမှု ပြုလုပ်ခဲ့လို့ပါပဲ။ အရင်ကလည်း သူဟာ စီရော်နယ်ဒိုကို သရော်မှုတွေ လုပ်ခဲ့ဖူးပါတယ်။ photo-sportwire အေစီမီလန်နဲ့သတင်းတွေထွက်နေတဲ့ အီဘရာဟီမိုဗစ်ဟာ မကြာသေးခင်အင်တာဗျူးတစ်ခုမှာ […]

ပွဲချိန်အတွင်း အိမ်သာသွားခဲ့လို့ ပရိသတ်တွေဒေါသထွက်နေတဲ့ အူဘာမီယန်အတွက် ယွန်းဘတ်ကာကွယ်

December 6, 2019 Zayar Phyo Han 0

photo-the sun photo-reuters ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အိမ်ကွင်းပွဲမှာ ပွဲချိန်အတွင်း အိမ်သာသွားခဲ့တဲ့ တိုက်စစ်မှုးအူဘာမီယန်နဲ့ပတ်သက်လို့ အာဆင်နယ်အသင်းယာယီနည်းပြဖရက်ဒီယွန်းဘတ်က ကာကွယ်ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်ဟာ ဘရိုက်တန်ရဲ့စတင်ဦးဆောင်ခြင်းခံခဲ့ရပြီး ဒုတိယပိုင်းအစမှာ ပြန်လည်ချေပနိုင်ခဲ့ပေမယ့် မိနစ် ၈၀ လောက်မှာ ဧည့်သည်အသင်းငယ်ရဲ့ထပ်မံဦးဆောင်ခြင်းကို ခံခဲ့ရတာပါ။ photo-gettyimages ၂-၁ နဲ့ရှုံးနေချိန်ဖြစ်ပြီး ချေပဂိုးအတွက် အချိန်သိပ်မရတော့တဲ့အချိန်မှာပဲ တိုက်စစ်မှုးလည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ […]

တန်းဆင်းဇုန်ထဲရောက်သွားပြီးတဲ့နောက် နည်းပြမာကိုဆေးလ်ဗားကိုထုတ်ပယ်လိုက်တဲ့ အဲဗာတန်

December 6, 2019 Zayar Phyo Han 0

photo-daily mail photo-PA မာဆေးဆိုဒ်ဒါဘီရှုံးပွဲအပြီး တန်းဆင်းဇုန်ထဲရောက်သွားပြီးတဲ့နောက်မှာတော့ အဲဗာတန်အသင်းဟာ သူတို့ရဲ့နည်းပြမာကိုဆေးလ်ဗားကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒါကြောင့်လည်း အဲဒီပေါ်တူဂီသားနည်းပြရဲ့ ၁၈ လကြာ အဲဗာတန်နည်းပြဘဝဟာ အဆုံးသတ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက မြို့ခံပြိုင်ဘက်လီဗာပူးကို ၅-၂ ဂိုးနဲ့ရှုံးခဲ့တာဟာ အဲဗာတန်ရဲ့ဒီရာသီ ၉ ပွဲမြောက် ရှုံးပွဲဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ် ၃ […]