Covid-19 ကာလအလွန် ပရီးမီးယားလိဂ်မှာ မြင်တွေ့ရမယ့် အထူးအဆန်းများ

June 17, 2020 Ye Min Aung 0

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။ Covid 19 ကပ်ရောဂါဆိုးကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယနေ့ညမှာ ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်မား ဆုံးလိဂ်၊ အအောင်မြင်ဆုံးလိဂ်တစ်ခုဖြစ်ပေမယ့် ကပ်ရောဂါဆိုးကြောင့် ပြောင်းလဲသွားတဲ့ […]

၂၀၁၉ Ballon d’Or ဆု ရော်နယ်ဒိုရရင် အဓိပ္ပာယ်မရှိ၊ ယုတ္တိမရှိဖြစ်သွားလိမ့်မယ်လို့ အသင်းဖော်ဟောင်း တိုက်ခိုက်

November 17, 2019 Ye Min Aung 0

Photo Credit ရီးရဲလ်အသင်းခေါင်းဆောင်ဟောင်း ကာဆီးလက်စ်က ယခုနှစ် Ballon d’Or ဆုကို အသင်းဖော်ဟောင်း ရော်နယ်ဒိုသာ ရရှိသွားခဲ့ရင် အဓိပ္ပာယ်မရှိ၊ ယုတ္တိမရှိဖြစ်သွားလိမ့်မယ်လို့ သတိပေးလိုက်ပြီး ယခုနှစ်အကောင်းဆုံးဆုအတွက် သူ့ထက် ပိုမိုထိုက်တန်သူတွေရှိနေကြောင်း ပြောကြားလိုက်ပါတယ်။ Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ ယခုနှစ်မှာ ၆ကြိမ်မြောက်ရရှိဖို့ […]

ရင်ကို နွေးထွေးစေတဲ့ဖြစ်ရပ်လေးတစ်ခု…သူ့ရှေ့ကလာဘ်ကောင် ကလေးလေးကို မိုးမစိုအောင် လက်နဲ့ကာပေးခဲ့တဲ့ ဆွန်ဟောင်မင်

November 11, 2019 Ye Min Aung 0

Photo Credit ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၁၂မှာ အားလုံးရဲ့နှလုံးသားကို လှိုက်ခနဲနွေးထွေးစေခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး တော့တင်ဟမ်တိုက်စစ်မှူး ဆွန်ဟောင်မင်က သူ့ရှေ့မှာရှိတဲ့ ကလေးလေးကို ခေါင်းမစိုအောင် သူ့လက်နှ စ်ဘက်နဲ့ ကာပေးခဲ့တဲ့ဖြစ်ရပ်က အားလုံးရဲ့ရင်ကို နွေးထွေးစေခဲ့ပါတယ်။ စနေညက တော့တင်ဟမ်နဲ့ရှက်ဖီးလ်ယူနိုက်တက်တို့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမတိုင်ခင် ကင်မရာတွေက အဲဒီ ဖြစ်ရပ်လေးကို အမိအရရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ […]

ချန်ပီယံဆုအတွက် ခြေတစ်လှမ်း ထပ်လှမ်းနိုင်ခဲ့တဲ့ လီဗာပူး

November 10, 2019 Ye Min Aung 0

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ စူပါဆန်းဒေးပွဲစဉ်မှာတော့ လီဗာပူးက မန်စီးတီးကိုအနိုင်ရပြီး ချန်ပီယံအိပ်မက်ပြည့်ဝဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ လီဗာပူးဟာ ပထမဆုံးကန်ချက်၂ကြိမ်မှာပဲ ၂ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး မန်စီးတီးကိုအငိုက်မိသွားစေခဲ့တယ်။ ဒီပွဲမှာ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်အချို့ကလည်း အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီးလီဗာပူး ပင်နယ်တီဧရိယာထဲမှာ အာနိုး လက်နဲ့ထိမိတာကို ပင်နယ်တီမပေးခဲ့ပါဘူး။ ဖာဘင်ဟိုဂိုးသွင်းပြီးမှ မန်စီးတီးကစားသမားတွေ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပေမယ့် အရာမထင်ခဲ့ဘူး။ […]

ဂျူဗင်တပ်ယူ-၉ အသင်းမှာ ဂိုးသွင်းကြမ်းပြနေတဲ့ အဖေတူသား ခရစ္စတီယာနိုဂျူနီယာ

November 1, 2019 Ye Min Aung 0

ထိပ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ခရစ္စတီယာနိုဂျူနီယာလေးအပေါ် ဖိအားတွေက အမြဲတမ်းပိုမိုပြင်းထန်နေမှာပါ။ အဖေက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတော့ သားဖြစ်သူအပေါ်မှာလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာ အရမ်းငယ်သေးတဲ့အချိန်ကစားသမားဘဝကတည်းက မျက်စိဒေါက်ထောက်ကြည့်နေကြတော့မှာပါ။ ဒါကြောင့်မို့လည်း အဲဒီပေါ်တူဂီဂန္ထဝင်နဲ့ သူ့သားဖြစ်သူတို့ တူရင်မြို့ကိုရောက်လာကတည်းက ဂျူဗင်တပ်အသင်းရဲ့လူငယ်ပွဲစဉ်တွေဟာ ပိုပြီးအာရုံစိုက်ခံလာရပါတယ်။ ဂျူဗင်တပ်အသင်းကြီးမှာ ဖခင်ဖြစ်သူက သွင်းဂိုးတွေနဲ့ အသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်နေချိန် ဂျူနီယာလေးကလည်း ဂျူဗင်တပ်လူငယ်အသင်းတစ်သင်းဖြစ်တဲ့ […]

အခုချိန်အထိ သူ့နာမည်ကို အစွဲပြုပြီး ပင်နယ်တီကန်သွင်းတဲ့စနစ် ကျော်ကြားနေခြင်းအပေါ် ပါနန်ကာ ဂုဏ်ယူ

October 22, 2019 Ye Min Aung 0

Photo Credit ချက်ဂန္ထဝင်ကစားသမားကြီး အန်တိုနင်ပါနန်ကာက ယခုချိန်အထိ သူ့နာမည်ကို အစွဲပြုပြီး ပင်နယ်တီကန်သွင်းမှုနည်းစနစ် အောင်မြင်ကျော်ကြားနေခြင်းအပေါ် ဂုဏ်ယူမိကြောင်းနဲ့ အခုချိန်မှာ ကမ္ဘာကျော်နေပြီဖြစ်တဲ့ အဲဒီလိုပင်နယ်တီကန်သွင်းမှုအကြိမ်တိုင်းကို မဝင်မှာစိုးရိမ်တဲ့တုန်လှုပ်ခြင်းမျိုးမရှိဘဲ ကန်သွင်းခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 40 years ago today, Antonín Panenka scored the most […]

ဘယ်လ်ဂျီယံခရီးစဉ်မှာ ဆာလာ ပါဝင်လာပေမယ့် အာနိုးလ် ချန်ပီယံလိဂ်ပွဲနဲ့ လွဲချော်

October 22, 2019 Ye Min Aung 0

Photo Credit လီဗာပူးအသင်းတိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အသင်းလေ့ကျင့်ရေးမှာ ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပြီး အသင်းနဲ့အတူ ဘယ်လ်ဂျီယံမြေကို လိုက်ပါသွားလို့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဂျန့်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ညာနောက်ခံလူငယ်ကစားသမားလေး အလက်ဇန္ဒားအာနိုးလ်ကတော့ အဖျားရောဂါကြောင့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံကိုသွားရောက်မယ့် ခရီးစဉ်မှာပါဝင်မှာမဟုတ်ဘဲ လီဗာပူးမှာသာ ကျန်ခဲ့ရမှာ ဖြစ်ပါတယ်။ အီဂျစ်ကြယ်ပွင့် […]

မှတ်ပုံမတင်ရသေးတဲ့ ကစားသမားတစ်ယောက် လီဗာပူးသုံးခဲ့လား…

September 28, 2019 Ye Min Aung 0

လိဂ်ဖလားပြိုင်ပွဲ(Carabao Cup) တတိယအဆင့်အဖြစ် အမ်ကေဒွန်းစ်ကို အနိုင်ရတဲ့ပွဲမှာ မှတ်ပုံမတင်ရသေးတဲ့ကစားသမားတစ်ယောက်ကို လီဗာပူးထည့်သုံးသွားတယ်ဆိုတဲ့သတင်းတွေအပေါ် အင်္ဂလိပ်ဘောလုံးလိဂ်အဖွဲချုပ်(EFL)အနေနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့သိရပါတယ်။ အဲဒီကစားသမားအမည်ကို မသိရပေမယ့် ဒီပြိုင်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ ကစားသမားစာရင်းမှာမပါဘူးလို့ ယူဆမှုတွေအများအပြားရှိနေတာကြောင့် “ လက်ရှိအချိန်မှာ ဒီကိစ္စကို ကျွန်တော်တို့သုံးသပ်ဆင်ခြင်နေပါတယ် ”လို့ EFL ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Omnisport ကိုပြောသွားတာပါ။ […]

မက်ဆီကို အလျင်စလိုမသုံးသင့်ဘူးလို့ ရီဗယ်ဒိုအကြံပေး

September 28, 2019 Ye Min Aung 0

တိုက်စစ်မှူးမက်ဆီအနေနဲ့ ပြန်ကစားနိုင်ဖို့ အချိန်အများကြီးယူရမယ်လို့ ယုံကြည်ပြီး ဘာစီလိုနာအနေနဲ့လည်း အာဂျင်တီးနားစူပါကြယ်ပွင့်အပေါ်ဖိအားမပေးသင့်ဘူးလို့ ဂန္ထ၀င်ကစားသမားရီဗယ်ဒိုက ပြောဆိုလိုက်ပါတယ်။ရာသီသစ်စကတည်းက ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်နေရတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာလည်း ဒဏ်ရာထပ်မံရရှိသွားခဲ့ပါတယ်။သူ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ကြေညာတာမျိုးမတွေ့ရပေမယ့် လာမယ့် ၃ပွဲလောက်လွဲဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေတော့ထွက်နေပါတယ်။ ဘာစီလိုနာဂန္ထ၀င်ကွင်းလယ်လူဟောင်း ရီဗယ်ဒိုကတော့ မက်ဆီကိုအသုံးပြုဖို့ ပိုပြီးဂရုတစိုက်ရှိသင့်တယ်လို့ဆိုပါတယ်။“ မက်ဆီ ဒဏ်ရာကနေပြန်လာရင် ဘာကာအနေနဲ့ပိုပြီး […]

လှပတဲ့ဖရီးကစ်ကန်သွင်းချက်နဲ့ ဆိုးလ်ရှားကိုအသိပေးလိုက်တဲ့ တာဟစ်ချောင်

August 28, 2019 Ye Min Aung 0

photo-the sun photo-PA မန်ယူအသင်းရဲ့လူငယ်ခြေတက်ကစားသမားတစ်ယောက်ဖြစ်တဲ့ တာဟစ်ချောင်ဟာ ယူ-၂၃ ပွဲစဉ်တစ်ခုမှာ တိကျလှပတဲ့ဖရီးကစ်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဒီဖရီးကစ်ဂိုးနဲ့ အသင်းကြီးနည်းပြဆိုးလ်ရှားကို အသိပေးလိုက်နိုင်တာလို့ ဆိုရင်လည်း မမှားပါဘူး။ ၁၉ နှစ်သာရှိသေးတဲ့တာဟစ်ချောင်ဟာ ရာသီကြိုတုန်းက မန်ယူပထမအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီနောက်ပိုင်းကတည်းက ဆိုးလ်ရှားရဲ့အသင်းမှာ ပါဝင်ခြင်း မရှိတော့ပါဘူး။ photo-MUTV မန်ယူဟာ […]