‘Unstoppable Jude’ . .ရပ်တန့်လို့မရနိုင်တော့တဲ့ စံချိန်လူသား ဘယ်လင်ဂမ် . .

November 30, 2023 Nan Da 0

ဒီရာသီမှာ ရီးယဲလ်ကို ရောက်ကတည်းက စံချိန်မှတ်တမ်းကောင်းတွေ တစ်ခုပြီးတစ်ခုရယူနေသူ အင်္ဂလန်လူငယ်ကြယ်ပွင့်ဘယ်လင်ဂမ်ဟာ နာပိုလီနဲ့ပွဲမှာ နောက်ထပ် သွင်းဂိုးစံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ နာပိုလီအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ ၉ မိနစ်မှာပဲ ဆီမြွန်နီက သွင်းယူခဲ့ပေမဲ့ မိနစ်ပိုင်းအကြာမှာ ရိုဒရီဂိုက ချေပဂိုးသွင်းခဲ့သလို ၂၂ မိနစ်မှာ အလာဘာရဲ့ဖြတ်တင်ဘောကနေ ဘယ်လင်ဂမ်က လှပတဲ့ခေါင်းတိုက်ချက်နဲ့ […]

စံချိန်မှတ်တမ်းကောင်းတွေနဲ့အတူ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားတဲ့ အာဆင်နယ် . .

November 30, 2023 Nan Da 0

အာဆင်နယ်အသင်းဟာ လန်းစ်နဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ဂိုးမိုးရွာပြီး စံချိန်မှတ်တမ်းကောင်းတွေနဲ့အတူ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ခွင့်ရရှိသွားပါတယ်။ အာဆင်နယ်အတွက် အဖွင့်ဂိုးကို ၁၃ မိနစ်မှာ ဟာဗတ်ဇ်က သွင်းယူခဲ့ပြီး ဒါက ဟာဗတ်ဇ်အတွက် အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ၂ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တာဖြစ်သလို မတ်လနောက်ပိုင်း ၂ ပွဲဆက်တိုက် ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ […]

အိုနာနာရဲ့ စိတ်ပျက်စရာအမှားတွေအပေါ် ယူနိုက်တက်ကစားသမားဟောင်းတွေ ဝေဖန်ခဲ့ကြ . .

November 30, 2023 Nan Da 0

ဂါလာတာစာရေးနဲ့ပွဲမှာ စိတ်ပျက်စရာ အမှားတွေကျူးလွန်ခဲ့သူ ဂိုးသမားအိုနာနာကို မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်းတွေက ဝိုင်းဝေဖန်ခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမပိုင်း ၁၈ မိနစ်အတွင်းမှာပဲ ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေကြောင့် ၂-၀ ဂိုးပြတ် ဦးဆောင်နိုင်ပေမဲ့ ၂၉ မိနစ်မှာ ဇီယက်ချ်ရဲ့ ဖရီးကစ်ကို အိုနာနာ တွက်ဆမှုမှားခဲ့တဲ့အတွက် ဂိုးပေးခဲ့ရပြီး နောက်တစ်ကြိမ် ဇီယက်ချ်ရဲ့ ဖရီးကစ်ကန်ချက်ကို […]

ဂါလာတာစာရေးနဲ့သရေကျခဲ့တဲ့အတွက် သူ့မှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ အဲရစ်တန်ဟက် ဝန်ခံ . .

November 30, 2023 Nan Da 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က ဂါလာတာစာရေးနဲ့ပွဲမှာ သူတို့အသင်း ခံစစ်စွမ်းဆောင်ရည်ဟာ အကောင်းဆုံးမဖြစ်ခဲ့ဘဲ အခု သရေပွဲအတွက် သူ့မှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ၁၈ မိနစ်အတွင်း ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဇီယက်ချ်က ဖရီးကစ်ကနေ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ၅၅ မိနစ်မှာ တွမ်မီနေးက တတိယဂိုး သွင်းခဲ့ပေမဲ့ ဇီယက်ချ်ကပဲ […]

ဘယ်လိုအနေအထားမျိုးမှ ယူနိုက်တက်တို့ ချန်ပီယံလိဂ်အုပ်စုကနေ တက်ခွင့်ရမှာလဲ . .

November 30, 2023 Nan Da 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးနဲ့ပွဲမှာ ၃-၃ ဂိုးစီ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုက တက်ခွင့်ရဖို့ မျှော်လင့်ချက်က တော်တော်လေးနည်းပါးသွားပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၁၈ မိနစ်အတွင်း ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဇီယက်ချ်က ဖရီးကစ်ကနေ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ၅၅ မိနစ်မှာ တွမ်မီနေးက တတိယဂိုး သွင်းခဲ့ပေမဲ့ ဇီယက်ချ်ကပဲ ဖရီးကစ်ကနေ […]

တွမ်မီနေးရဲ့ လက်ထိဘော၊ အငြင်းပွားစရာ လူကျွံဆုံးဖြတ်ချက်တွေကြောင့် ဒိုင်လူကြီးတွေ လုပ်ပွဲဖန်တီးခဲ့တယ်လို့ စွပ်စွဲခံနေရ

November 30, 2023 Nan Da 0

ဂါလာတာစာရေးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ တွမ်မီနေးရဲ့ လက်ထိဘောကို ပယ်နယ်တီမပေးခဲ့တာ၊ အငြင်းပွားစရာ လူကျွံဆုံးဖြတ်ချက်တွေကြောင့် ဒိုင်လူကြီးတွေ လုပ်ပွဲဖန်တီးခဲ့တယ်လို့ ပရိသတ်တွေက စွပ်စွဲနေကြပါတယ်။ ပထမပိုင်း ၁၁ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ ဂါနာချိုက အဖွင့်ဂိုးသွင်းခဲ့ပြီး ၄ မိနစ်အကြာမှာပဲ ဂါလာတာစာရေးတို့ ပယ်နယ်တီကန်ခွင့်ရသင့်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ ပယ်နယ်တီဧရိယာအတွင်း အန်ဒွန်ဘီလီရဲ့ကန်ချက်က […]

အိုနာနာရဲ့ အံ့မခန်းလက်စွမ်းကြောင့် အုပ်စုက ပြုတ်ဖို့ သေချာသလောက်ရှိသွားတဲ့ ယူနိုက်တက် . .

November 30, 2023 Nan Da 0

ပထမဆုံးပြောချင်တာက အိုနာနာကို ခဏလောက် Break ပေးဖို့ကောင်းနေပါပြီ။ ဒီလို အရေးပါတဲ့ပွဲမျိုးမှာ အိုနာနာက မူလတန်းအရွယ် ဂိုးသမားတစ်ယောက်လို ကြောင်တောင်တောင် အမှားလုပ်ခဲ့တာက ဘယ်လိုမှ လက်ခံစရာမရှိပါဘူး။ ဒီဂီယာလို ဂန္ထဝင်ဂိုးသမားကိုတောင် အရေးပါတဲ့ပွဲတွေမှာ အမှားလုပ်ခဲ့လို့ ရှင်းထုတ်ပစ်ခဲ့တဲ့ အဲရစ်တန်ဟက်ဟာ သူ့တပည့်ရင်းကျမှ ဒီလောက်ကြီးအထိ သည်းခံခွင့်လွှတ်ပေးဦးမယ်ဆိုရင်တော့ အဲရစ်တန်ဟက်ရဲ့ ‘Double […]

မိုးထဲရေထဲက ယူအီးအက်ဖ်အေလူငယ်လိဂ်မှာ ဂါလာတာစာရေးကိုရှုံးခဲ့တဲ့ မန်ယူယူ-၁၉

November 29, 2023 Nan Da 0

မန်ယူလူငယ်အသင်းဖြစ်တဲ့ ယူ-၁၉ အသင်းကတော့ ယူအီးအက်ဖ်အေလူငယ်လိဂ်မှာ အုပ်စုက ထွက်လိုက်ရပါတယ်။ မန်ယူယူ-၁၉ အသင်းဟာ အုပ်စုတွင်းအဆုံးအဖြတ်ပွဲမှာ ဂါလာစာရေးလူငယ်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ တူရကီမှာကစားခဲ့တဲ့ အဲဒီပွဲက မိုးသည်းသည်းထန်ထန်ရွာသွန်းနေချိန် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ မိုးသည်းပြီး ကွင်းထဲမှာ ရေလျှံနေတာကြောင့် နှစ်ဖက်ကစားသမားတွေဟာ အဆင်ပြေသလို ကစားခဲ့ရတာပါ။ ဂါလာတာစာရေးအတွက် […]

ဂီတာဖေးမှာ အငှားကန်နေတဲ့ ဂရင်းဝုဒ်ရဲ့အခြေအနေကို EPL အသင်းတွေစောင့်ကြည့်နေကြ

November 29, 2023 Nan Da 0

ဂီတာဖေးက ဂရင်းဝုဒ်ရဲ့စွမ်းဆောင်မှုကို ပရိးမီးယားလိဂ်အသင်းအတော်များများက စောင့်ကြည့်အကဲခတ်နေကြောင်း စပိန်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ ၂၂ နှစ်အရွယ် ကစားသမားဟာ မုဒိမ်းကျင့်၊ စော်ကားခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ၂၀၂၂ ဇန်နဝါရီက ဖမ်းဆီးခံခဲ့ရတာပါ။ ဒါပေမဲ့ ဒီနှစ်ဖေဖော်ဝါရီမှာတော့ အဓိကသက်သေတွေက လာရောက်ထွက်ဆိုခြင်းမရှိလု့ိ သူ့အပေါ် စွဲချက်တွေကို ရုပ်သိမ်းသွားပါတယ်။ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုလုပ်ခဲ့တဲ့ မန်ယူကလည်း အားလုံးကောင်းဖို့အတွက် […]

ဘာကာအသင်း လိုအပ်နေတာကို ပြန်ရသွားပြီဆိုတဲ့ ဇာဗီး

November 29, 2023 Nan Da 0

၃ နှစ်အတွင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ် တက်ခွင့်ပြန်ရပြီးတဲ့နောက် ဘာစီလိုနာအသင်း လိုအပ်နေတာကို ပြန်ရ သွားပြီလို့ နည်းပြဇာဗီးက ပြောပါတယ်။ ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာဟာ ပေါ်တိုကို ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် အုပ်စု (H) မှာ ရမှတ် ၁၂ မှတ်ရထားတဲ့အတွက် […]