
ဂျူဗင်တပ်အသင်းဆီနည်းပြအဖြစ်နဲ့ ပြန်လာတော့မယ့်ဂန္ထဝင် ပီယာလို
ဂျူဗင်တပ်အသင်းကွင်းလယ်လူဟောင်းဖြစ်တဲ့ အန်ဒရီပီယာလိုဟာ လာမယ့်ရာသီမှာကလပ်ရဲ့ယူ-၂၃ နည်းပြအဖြစ်စတင်တာဝန်ယူတော့မယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ယူ-၂၃ အသင်းဟာ စီးရီး (စီ) မှာယှဉ်ပြိုင်နေတဲ့အသင်းဖြစ်ပြီး မကြာသေးခင်က နည်းပြလိုင်စင်ရရှိသွားတဲ့ ပီယာလိုကိုခေါ်ယူခန့်အပ်သွားမှာဖြစ်ပါတယ်။ အေစီမီလန်နဲ့ အီတလီအသင်းတို့ရဲ့ကွင်းလယ်လူဟောင်းဖြစ်တဲ့ ပီယာလိုဟာသူ့ခေတ်အခါမှာတော့ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်ပြီး အခုမန်ယူရောက်နေတဲ့ ပေါ့ဂ်ဘာကိုခြေစွမ်းတိုးတက်စေဖို့ ဂျူဗင်တပ်မှာရှိတုန်းက အများကြီးကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်တစ်ခုဖြစ်တဲ့ နယူးယော့ခ်စီးတီးမှာ ကစားပြီးနောက် ၂၀၁၇ […]