မက်ဂွိုင်းယားရဲ့ ကမ္ဘာ့စံချိန်တင်ကြေးက အချိုအချောင်ဈေးလို့ဆိုခဲ့တဲ့ ဂျွန်နီအီဗန်

September 13, 2019 Htin Kyaw Lwin 0

နောက်ခံလူမက်ဂွိုင်းယားအတွက် ခံစစ်မှူးတွေထဲမှာ ကမ္ဘာ့စံချိန်တင်ကြေးဖြစ်တဲ့ ပေါင်သန်း 80 အထိ မန်ယူအသင်းကပေးချေခဲ့ရပေမယ့် ကစားသမားရဲ့စွမ်းဆောင်ရည်ကြောင့် အချိုအချောင်ဈေးမျိုးဖြစ်သွားလိမ့်မယ်လို့ မန်ယူနောက်ခံလူဟောင်း ဂျွန်နီအီဗန်ကပြောကြားလိုက်ပါတယ်။ အသက် 31 နှစ်အရွယ် အီဗန်ဟာ 2006 ကနေ 2015 အထိ မန်ယူအသင်းမှာကာလရှည်ကစားခဲ့သူဖြစ်ပြီး ယမန်နှစ်ဘောလုံးရာသီက လက်စတာအသင်းမှာလည်း မက်ဂွိုင်းယားနဲ့အတူတွဲကစားခဲ့ရသူပါ။ ဒါကြောင့်လည်း မက်ဂွိုင်းယားရဲ့အရည်အချင်းကို […]

မန်ယူဆီပြန်လာရေးအတွက် သူ့ရဲ့သဘောထားကိုဖွင့်ဟခဲ့တဲ့ ဗန်ဒါဆား

September 13, 2019 Htin Kyaw Lwin 0

မန်ယူအသင်းနဲ့အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့တဲ့ ဂိုးသမားဟောင်းဗန်ဒါဆားက အိုးလ်ထရက်ဖို့ဒ်ရပ်ဝန်းဆီ ဒါရိုက်တာတစ်ဦးအဖြစ်ပြန်လာရေးနဲ့ပတ်သက်ပြီး ငြင်းဆန်ခဲ့ခြင်းမရှိတာကြောင့် မန်ယူရဲ့ အရေးပါတဲ့ရာထူးမှာ တစ်ကျော့ပြန်မြင်တွေ့ရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ အသက် 48 နှစ်အရွယ် ဗန်ဒါဆားဟာ 2005 ကနေ 2011 အထိ မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ် 266 ပွဲပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား 4 ကြိမ်၊ […]

စီရော်နယ်ဒိုရဲ့ဂိုးသွင်းနှုန်းကို လူကာကူ အသာလေးကျော်ဖြတ်နိုင်တယ်…

September 11, 2019 Htin Kyaw Lwin 0

ပြီးခဲ့တဲ့နွေရာသီအတွင်း မန်ယူကနေ အင်တာမီလန်ကိုပြောင်းရွှေ့လာပြီးနောက် ဂိုးသွင်းခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးလူကာကူဟာ ဒီရာသီမှာ ပြိုင်ဘက်တိုက်စစ်မှူးစီရော်နယ်ဒိုရဲ့သွင်းဂိုးအရေအတွက်ကို အသာလေးကျော်ဖြတ်နိုင်လိမ့်မယ်လို့ နယ်သာလန်ကစားသမားဟောင်း ဗန်ဒါမေဒီက သုံးသပ်ပြောကြားလိုက်ပါတယ်။ အင်တာမီလန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း 80 နဲ့ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ စီးရီးအေအဖွင့် 2 ပွဲမှာ 2 ဂိုးသွင်းယူကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူမှာရုန်းကန်ခဲ့ရပေမယ့် အင်တာကိုရောက်တာနဲ့ […]

ကိုဆိုကိုလိုအသင်းမျိုးကို 3 ဂိုးပေးခဲ့ရလို့ အင်္ဂလန်ခံစစ်ဝေဖန်ခံနေရ

September 11, 2019 Htin Kyaw Lwin 0

မနေ့ညကကစားခဲ့တဲ့ ယူရို 2020 ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ 5 ဂိုးထပ်မံသွင်းယူပြီး တိုက်စစ်အစွမ်းပြခဲ့ပေမယ့် ကိုဆိုဗိုလိုပြိုင်ဘက်မျိုးကို 3 ဂိုးပြန်ပေးခဲ့ရတာကြောင့် ခံစစ်ကစားပုံပေါ့ပျက်ပျက်နိုင်လွန်းတယ်လို့ ဝေဖန်မှုတွေခံနေရပါတယ်။ အင်္ဂလန်ဟာ ယူရိုခြေစစ်ပွဲ 4 ပွဲကစားပြီးချိန်မှာ 4 ပွဲစလုံးနိုင်ကာ 12 မှတ်ရထားပြီး သွင်းဂိုး 19 ဂိုးအထိလည်းရယူထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ […]

သမိုင်းဝင် ပထမဆုံးမန်ချက်စတာဒါဘီမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ မန်ယူအမျိုးသမီးအသင်း

September 7, 2019 Htin Kyaw Lwin 0

စနေညကကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီ အမျိုးသမီးအသင်းနှစ်သင်းရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ မန်စီးတီးက မန်ယူကို 1-0 နဲ့အနိုင်ရပြီး သူတို့နှစ်သင်းအကြား သမိုင်းဝင်ဒါဘီပွဲမှာ ပထမဆုံးအနိုင်ရသူအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ မန်ယူအမျိုးသမီးအသင်းဟာ 2018 ကမှစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယမန်နှစ်ရာသီက အင်္ဂလန်အမျိုးသမီးချန်ပီယံရှစ်မှာ အဆင် 1 နေရာရပ်တည်ကာ ချန်ပီယံဖြစ်ခဲ့တာကြောင့် အမျိုးသမီးစူပါလိဂ်ကို တန်းတက်လာနိုင်ခဲ့တာပါ။ စနေညက မန်ချက်စတာဒါဘီပွဲစဉ်ဟာ […]

အင်္ဂလန်အသင်းမှာ ပျော်ရွှင်စွာပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ ချဲလ်ဆီးလူငယ်နှစ်ဦး

September 7, 2019 Htin Kyaw Lwin 0

အင်္ဂလန်က ဘူလ်ဂေးရီးယားကို 4-0 နဲ့အနိုင်ရခဲ့တဲ့ ၀င်ဘလေကွင်းက ယူရို 2020 ခြေစစ်ပွဲစဉ်ဟာ လူငယ်ကွင်းလယ်လူမေဆန်မောင့်အတွက်တော့ ဘယ်တော့မှမေ့လို့မရနိုင်မယ့် လက်ရွေးစင်ပွဲဦးထွက်ဖြစ်ခဲ့သလို အဲဒီပွဲစဉ်မှာပဲ ချဲလ်ဆီးလူငယ်အကယ်ဒမီတုန်းက ရင်းနှီးတဲ့သူငယ်ချင်းတစ်ဦးနဲ့လည်း ပထမဆုံးအကြိမ်ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။ အသက် 20 အရွယ် မေဆန်မောင့်ဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်ကစားခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကာ နည်းပြလမ်းပတ်ရဲ့ဦးစားပေးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း […]

နည်းပြအပြောင်းအလဲလုပ်ဖို့ မိနစ် 30 ပဲအချိန်ယူခဲ့တဲ့ ၀က်ဖို့ဒ်

September 7, 2019 Htin Kyaw Lwin 0

ရလဒ်ဆိုးတွေနဲ့ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ်ကလပ် ၀က်ဖို့ဒ်အသင်းဟာ နည်းပြဂျာဗီဂရာစီယာကို ရာထူးကနေထုတ်ပယ်ပြီးနောက် မိနစ် 30 အကြာမှာပဲ နည်းပြဟောင်းဆန်းချက်ဇ်ဖလောရက်စ်ကို တစ်ကျော့ပြန်ခန့်အပ်လိုက်ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသက် 49 နှစ်အရွယ် ဂရာစီယာဟာ ပြီးခဲ့တဲ့ရာသီက ၀က်ဖို့ဒ်ကို အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲတက်ရောက်စေခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ကလပ်သမိုင်းတစ်လျှောက် အမြင့်ဆုံးရပ်တည်မှုအဖြစ် အဆင့် 11 နေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ […]

ဟယ်ရီကိန်းထက် ပိုပြီးဂိုးသွင်းချင်တယ်ဆိုတဲ့ အင်္ဂလန်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်

September 7, 2019 Htin Kyaw Lwin 0

မကြာသေးခင်က အင်္ဂလန်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းလိုစိတ်ရှိမှုအပေါ် တိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်က ဝေဖန်မေးခွန်းထုတ်မှုရှိခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ သူဟာ ကစားဖော်ဟယ်ရီကိန်းနဲ့အပြိုင် ဂိုးသွင်းယူလိုသူဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အတွက် 32 ပွဲပါဝင်ကစားပြီး 7 ဂိုးသာသွင်းယူထားနိုင်သူပါ။ မန်ယူအတွက်လည်း ပြိုင်ပွဲအရပ်ရပ် 174 ပွဲမှာ 47 ဂိုးသာရရှိခဲ့ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း ရက်ရှ်ဖို့ဒ်ရဲ့အဆုံးသတ်ပိုင်းနဲ့ပတ်သက်ပြီး အားမရဘူးဆိုတာကိုဝန်ခံထားခဲ့ပါတယ်။ […]

တစ်လတာအကောင်းဆုံးရတဲ့အထိ မန်ယူအသင်းနဲ့အဖွင့်လှနေတဲ့ ဒန်နီရယ်ဂျိမ်းစ်

September 6, 2019 Htin Kyaw Lwin 0

သြဂုတ်လအတွက်ချီးမြှင့်တဲ့ မန်ယူအသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကဆွတ်ခူးခဲ့ပြီး ချန်ပီယံရှစ်ကစားသမားတစ်ဦးရဲ့ အိုးလ်ထရက်ဖို့ဒ်စွန့်စားခန်းက များစွာလှပကောင်းမွန်ခဲ့ပြီလို့ ဗြိတိန်မီဒီယာတွေက တင်စားဖော်ပြခဲ့ကြပါတယ်။ အသက် 21 နှစ်အရွယ် ဒန်နီရယ်ဂျိမ်းစ်ဟာ ချန်ပီယံလိဂ်ကလပ် ဆွမ်ဆီးကနေ မန်ယူကိုပေါင် 15 သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဖိအားတွေကိုအကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ကာ ပွဲထွက်ကစားသမားအဖြစ် ချက်ချင်းပဲခြေစွမ်းပြနိုင်ခဲ့သူပါ။ သူဟာ ချဲလ်ဆီးကို 4 […]

ရီးရဲလ်မက်ဒရစ်ရဲ့ BBC တိုက်စစ်အလုပ်ဖြစ်အောင် သူစွမ်းဆောင်ပေးခဲ့တာလို့ ဘင်ဇီမာပြောကြား

September 6, 2019 Htin Kyaw Lwin 0

ဘာစီလိုနာရဲ့ MSN နဲ့အပြိုင်ထင်ရှားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ္ဘာကျော် BBC တိုက်စစ်အလုပ်ဖြစ်အောင် သူက စွမ်းဆောင်ပေးခဲ့တာလို့ တိုက်စစ်မှူးဘင်ဇီမာက ပြင်သစ်မဂ္ဂဇင်းတစ်ခုနဲ့ အင်တာဗျူးမှာထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်နဲ့ ဘင်ဇီမာတို့ 3 ဦးပေါင်း BBC တိုက်စစ်ဟာ ဘာစီလိုနာက မက်ဆီ-ဆွာရက်ဇ်-နေမာအတွဲနဲ့အပြိုင် ဥရောပဘောလုံးလောကိုလွှမ်းမိုးနိုင်ခဲ့တာပါ။ ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်မက်ဒရစ်အသင်း 3 […]