အိမ်ကွင်းဂိုးမြူးတဲ့ လာကာဇက်တီကြောင့် တစ်မှတ်ရအောင်ပြန်ယူနိုင်ခဲ့တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အာဆင်နယ် ၂-၂ ဆောက်သမ်တန်

ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်နိုင်ပွဲပျောက်မှုကြောင့် ဖိအားများနေတဲ့ အာဆင်နယ်ဟာ အခုပွဲမှာလည်း တန်းဆင်းဇုန်ထဲ ရုန်းကန်နေရတဲ့ ဆောက်သမ်တမ်ကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲနောက်က လိုက်ကစားခဲ့ရပြီး လာကာဇက်တီရဲ့နာကျင်အချိန်ပိုချေပဂိုးကြောင့်သာ နှစ်ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်ကို ၁၉၈၇ ခုနှစ်နောက်ပိုင်း အိမ်ကွင်း ၂၄ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်အနေနဲ့ အမှားအယွင်းပေါင်းများစွာကို ပြုပြင်နိုင်ခြင်းမရှိသေးဘဲ ကံကောင်းခဲ့လို့သာ အဲဒီစံချိန်ကောင်းကို ဆက်ထိန်းနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၈ ပွဲဆက်နိုင်ပွဲပျောက်ပြီးအဆင့် ၁၉ နေရာရောက်နေတဲ့ ဆောက်သမ်တန်ဟာ ၄-၄-၂ ကစားကွက်ကို အခြေခံပြီး ဒန်နီအင်း၊ အိုဘာဖီမီတို့တိုက်စစ်အတွဲနဲ့အတူ ပရောက်စီ၊ အမ်းစထရောင်း၊ ရက်မွန်စတဲ့အဓိက ကစားသမားတွေကို ပွဲထုတ်ရင်ဆိုင်ခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာတင် ဒန်နီအင့်က ရက်မွန်ရဲ့ ဖန်တီးပေးမှုကနေ ဆောက်သမ်တန်အတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ဆောက်သမ်တန်ဟာ ဒန်နီအင့် ဂိုးသွင်းတဲ့ပွဲတိုင်း ဆောက်သမ်တန်အသင်း နိုင်ပွဲမရတဲ့ အစဉ်အလာကိုလည်း ဆက်ထိန်းသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ အာဆင်နယ်ဟာ ပွဲချိန် ၁၈ မိနစ်မှာပဲ ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ လာကာဇက်တီက အူဘာမီယန်ရဲ့ ကန်ချက် နောက်တန်းနဲ့ထိပြီး ပြန်ထွက်လာတာကို ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်၊ လာကာဇက်တီ၊ အိုဇေးတို့နဲ့အတူ ဘယ်လာရင်၊ တော်ရီရာ၊ ဂူအန်ဒူဇီ၊ တီယာနေးတို့ကို ထုတ်သုံးခဲ့ပေမယ့် အခွင့်အရေးဖန်တီးမှုပိုင်းမှာ အားနည်းခဲ့လို့ ချေပဂိုးရပြီးနောက်ပိုင်းမှာ ဦးဆောင်ဂိုးရဖို့ မကြိုးပမ်းနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ တော်ရီရာအစား ပီပီကို အားဖြည့်ပြီးတိုက်စစ်ပိုင်း အားဖြည့်ခဲ့ပေမယ့်လည်း တန်ပြန်တိုက်စစ်တွေက အလုပ်မဖြစ်ခဲ့တာကိုတွေ့ရတယ်။ ဒုတိယပိုင်းမှာ ဆောက်သမ်တန်ကတောင် အခွင့်အရေးဖန်တီးမှုပိုရခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၇၀ မှာတော့ တီယာနေးရဲ့ အမှားကနေ အာဆင်နယ်ပင်နယ်တီပေးခဲ့ရပြီး ဆောက်သမ်တန်ကွင်းလယ်လူ ပရောစီက ကန်သွင်းခဲ့ရာမှာ ဂိုးသမားလီနို ပုတ်ထုတ်ခဲ့ပေမယ့် ပရောစီကပဲ ထပ်မံပိတ်သွင်းပြီး ဒုတိယဦးဆောင်ဂိုးရယူသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ကွင်းလယ်ဖန်တီးမှုပိုင်းအားနည်းသလို ဂိုးရှေ့ရောက်ရင် အဆုံးသတ်ဖို့ လမ်းစရှာမရအောင် အခက်တွေ့ခဲ့ရတာကြောင့် ချေပဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ဘယ်တောင်ပံက တီယာနေးရဲ့ ဖြတ်တင်ဘောကို လာကာဇက်တီက သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၃၂ ဂိုးမြောက်အဖြစ်သွင်းယူသွားခဲ့လို့ အိမ်ကွင်းမှာ အာဆင်နယ်အသင်း ရှုံးပွဲမကြုံခဲ့တာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

အိမ္ကြင္းဂိုးျမဴးတဲ့ လာကာဇက္တီေၾကာင့္ တစ္မွတ္ရေအာင္ျပန္ယူႏိုင္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ ၂-၂ ေဆာက္သမ္တန္

ပရီးမီးယားလိဂ္မွာ ၄ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈေၾကာင့္ ဖိအားမ်ားေနတဲ့ အာဆင္နယ္ဟာ အခုပြဲမွာလည္း တန္းဆင္းဇုန္ထဲ ႐ုန္းကန္ေနရတဲ့ ေဆာက္သမ္တမ္ကို အိမ္ကြင္းမွာ ခက္ခက္ခဲခဲေနာက္က လိုက္ကစားခဲ့ရၿပီး လာကာဇက္တီရဲ႕ နာက်င္ အခ်ိန္ပိုေခ်ပဂိုးေၾကာင့္သာ ႏွစ္ဂိုးစီသေရက်ခဲ့တာျဖစ္ပါတယ္။ ေဆာက္သမ္တန္ကို ၁၉၈၇ ခုႏွစ္ေနာက္ပိုင္း အိမ္ကြင္း ၂၄ ပြဲဆက္ ရႈံးပြဲမရွိခဲ့တဲ့ အာဆင္နယ္အေနနဲ႔ အမွားအယြင္းေပါင္းမ်ားစြာကို ျပဳျပင္ႏိုင္ျခင္းမရွိေသးဘဲ ကံေကာင္းခဲ့လို႔သာ အဲဒီ စံခ်ိန္ေကာင္းကို ဆက္ထိန္းႏိုင္ခဲ့တာပါ။

ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၈ ပြဲဆက္ႏိုင္ပြဲေပ်ာက္ၿပီးအဆင့္ ၁၉ ေနရာေရာက္ေနတဲ့ ေဆာက္သမ္တန္ဟာ ၄-၄-၂ ကစားကြက္ကို အေျခခံၿပီး ဒန္နီအင္း၊ အိုဘာဖီမီတို႔တိုက္စစ္အတြဲနဲ႔အတူ ပေရာက္စီ၊ အမ္းစထေရာင္း၊ ရက္မြန္စတဲ့ အဓိက ကစားသမားေတြကို ပြဲထုတ္ရင္ဆိုင္ခဲ့ၿပီး ပြဲခ်ိန္ ၈ မိနစ္မွာတင္ ဒန္နီအင့္က ရက္မြန္ရဲ႕ ဖန္တီးေပးမႈကေန ေဆာက္သမ္တန္အတြက္ ဦးေဆာင္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒီရာသီမွာ ေဆာက္သမ္တန္ဟာ ဒန္နီအင့္ ဂိုးသြင္းတဲ့ပြဲတိုင္း ေဆာက္သမ္တန္အသင္း ႏိုင္ပြဲမရတဲ့ အစဥ္အလာကိုလည္း ဆက္ထိန္းသြားခဲ့ပါတယ္။ ဦးေဆာင္ဂိုးေပးလိုက္ရတဲ့ အာဆင္နယ္ဟာ ပြဲခ်ိန္ ၁၈ မိနစ္မွာပဲ ေခ်ပဂိုးကို ျပန္လည္ သြင္းယူ ႏိုင္ခဲ့ပါတယ္။ ဒီဂိုးကိုေတာ့ လာကာဇက္တီက အူဘာမီယန္ရဲ႕ ကန္ခ်က္ ေနာက္တန္းနဲ႔ထိၿပီး ျပန္ထြက္လာတာကို ပိတ္ သြင္းယူခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ အူဘာမီယန္၊ လာကာဇက္တီ၊ အိုေဇးတို႔နဲ႔အတူ ဘယ္လာရင္၊ ေတာ္ရီရာ၊ ဂူအန္ဒူဇီ၊ တီယာေနးတို႔ကို ထုတ္သုံးခဲ့ေပမယ့္ အခြင့္အေရးဖန္တီးမႈပိုင္းမွာ အားနည္းခဲ့လို႔ ေခ်ပဂိုးရၿပီးေနာက္ပိုင္းမွာ ဦးေဆာင္ဂိုးရဖို႔ မႀကိဳးပမ္းႏိုင္ခဲ့ပါဘူး။

ဒုတိယပိုင္းမွာ ေတာ္ရီရာအစား ပီပီကို အားျဖည့္ၿပီးတိုက္စစ္ပိုင္း အားျဖည့္ခဲ့ေပမယ့္လည္း တန္ျပန္တိုက္စစ္ေတြက အလုပ္ မျဖစ္ခဲ့တာကိုေတြ႕ရတယ္။ ဒုတိယပိုင္းမွာ ေဆာက္သမ္တန္ကေတာင္ အခြင့္အေရးဖန္တီးမႈပိုရခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္မိနစ္ ၇၀ မွာေတာ့ တီယာေနးရဲ႕ အမွားကေန အာဆင္နယ္ပင္နယ္တီေပးခဲ့ရၿပီး ေဆာက္သမ္တန္ကြင္းလယ္လူ ပေရာစီက ကန္သြင္းခဲ့ရာမွာ ဂိုးသမားလီႏို ပုတ္ထုတ္ခဲ့ေပမယ့္ ပေရာစီကပဲ ထပ္မံပိတ္သြင္းၿပီး ဒုတိယဦးေဆာင္ဂိုး ရယူ သြားခဲ့ပါတယ္။

အာဆင္နယ္ဟာ ကြင္းလယ္ဖန္တီးမႈပိုင္းအားနည္းသလို ဂိုးေရွ႕ေရာက္ရင္ အဆုံးသတ္ဖို႔ လမ္းစရွာမရေအာင္ အခက္ ေတြ႕ခဲ့ရတာေၾကာင့္ ေခ်ပဂိုးရဖို႔ ခက္ခဲခဲ့ပါတယ္။ နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ဘယ္ေတာင္ပံက တီယာေနးရဲ႕ ျဖတ္တင္ေဘာကို လာကာဇက္တီက သူ႔ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၃၂ ဂိုးေျမာက္အျဖစ္သြင္းယူသြားခဲ့လို႔ အိမ္ကြင္းမွာ အာဆင္နယ္အသင္း ရႈံးပြဲမႀကဳံခဲ့တာပဲျဖစ္ပါတယ္။