ဖလက်ချာပြောပြလာတဲ့ မန်ယူနိုက်တက်ကို အဆိုးဆုံးအခြေအနေဖြစ်စေတဲ့ အကြောင်းရင်းနှစ်ခု


မန်ယူနိုက်တက်ကစားသမားဟောင်း ဒါရင်းဖလက်ချာကတော့ ရလဒ်တွေဆိုးရွားနေတဲ့ မန်ယူနိုက်တက်အသင်းကို အဆိုးဆုံး အခြေအနေရောက်ရှိအောင် တွန်းပို့နေတဲ့ အကြောင်းအရင်းတွေကို ပြောပြလာခဲံပါတယ်

ဖလက်ချာက ပထမအချက်အနေနဲ့ ဆိုးလ်ရှားရဲ့ အသင်းမှာ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ကစားသမားကောင်းတွေရှားပါးနေတာကို ထောက်ပြလာခဲ့တာပါ ဖလက်ချာက (((( ကျွန်တော်တို့အသင်းဟာ တန်ပြန်တိုက်စစ်ကစားတဲ့နေရာမှာ တကယ့်ကို ကောင်းတဲ့ အသင်းပါ ဒါပေမယ့် ကျွန်တော်တို့ ဖန်တီးမှုကောင်းတဲ့ကစားသမားတွေကို ဆုံးရှုံးထားရပါတယ် အထူးသဖြင့် ပေါလ်ပေါ့ဂ်ဘာကိုပါ ကျွန်တော်တို့မှာ ဂျူအန်မာတာလို ဖန်တီးမှုမြင့်တဲ့ကစားသမားမျိုးလည်းရှိပေမယ့် အိုလေက တိုက်စစ်အမြန်ကစားချင်တာကြောင့် သိပ်အဆင်မပြေပါဘူး လို့ ထောက်ပြခဲ့တာပါ)))

ဒုတိယအချက်အနေနဲ့ ဆိုးလ်ရှားအနေနဲ့ လိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက် ကစားသမားအသစ်ထပ်ခေါ်သင့်တယ်လို့ အကြံပြုခဲ့တာပါ
ကျွန်တော်တို့ အသင်းမှာ ပေါ့ဘာနဲ့ မက်တော်မနေးရဲ့နေရာကို အစားဝင်ကစားနိုင်တဲ့ ကစားသမားရှိမနေပါဘူး ရေရှည်အတွက် ရည်ရွယ်တဲ့ ဆိုးလ်ရှားရဲ့ လူငယ်စီမံကိန်းကို လေးစားပေမယ့် ကစားသမားတွေခေါ်ယူဖို့အတွက်တော့ စျေးကွက်ထဲမှာလှုပ်ရှားသင့်တယ်လို့ ဖလက်ချာက ထောက်ပြသွားခဲ့တာပဲဖြစ်ပါတယ်