စီးတီးလာကစားရင် ပိတ်ဆို့နေတဲ့ အလားအလာတွေအကုန်လုံး ရက်ရှ်ဖို့ဒ် အပြည့်အ၀ ခံစားရလိမ့်မယ်လို့ ရစ်ချက် ဆို

Photo Credit

Photo Credit

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ မြို့ခံပြိုင်ဘက် စီးတီးကို လာရောက်ကစားရင် အခုလက်ရှိ ပိတ်ဆို့နေတဲ့ သူ့ရဲ့အလားအလာအားလုံး အပြည့်အဝခံစားရလိမ့်မယ်လို့ စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်က အကြံပြုလိုက်ပါတယ်။

Photo Credit

အသက် ၂၂နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ဟာ စီးတီးကို ၁-၃ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသောချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ယခုရာသီမှာ ၁၇ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပေမယ့် စီးတီးမှာ ညာနောက်ခံလူအဖြစ် ပြောင်းလဲကစားခဲ့တဲ့ ရစ်ချက်ကတော့ စီးတီးကနေ သူ့အတွက် ကမ်းလှမ်းလာမယ့်အချက်တွေအရ အီတီဟတ်ကို ရောက်လာရင် ဒီထက်တောင် ပိုမိုခြေစွမ်းပြဂိုးမြူးနိုင်လိမ့်မယ်လို့ အာမခံချက်ပေးသွားပါတယ်။

Photo Credit

”ရက်ရှ်ဖို့ဒ်အတွက် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာဖြစ်လု့ိလဲဆိုတော့ စီးတီးမှာဆိုရင် သူက တစ်ရာသီ အနည်းဆုံးဂိုး ၄၀ အာမခံနိုင်တဲ့ ဂိုးသွင်းမုဆိုးတစ်ဦးဖြစ်လာမှာမို့လို့ပါ။ မာရှယ်၊ ဒန်နီရယ်ဂျိမ်းစ်၊ လင်ဂတ်တို့နဲ့ တန်ပြန်တိုက်စစ်ဆင်မှုက ကြည့်ရတာ ကောင်းပေမယ့် တစ်ခါတလေ တန်ပြန်တိုက်စစ်က အလုပ်မဖြစ်ပါဘူး”

Photo Credit

”စီးတီးကွင်းလယ်နဲ့ ယူနိုက်တက်ကွင်းလယ်ကို ယှဉ်ကြည့်ပါ။ ဒါက သူတို့ကို မလေးစားလို့ ပြောတာမဟုတ်ပါဘူး။ ဒီဘရိုင်းက ဘောလုံးရတာနဲ့ တိုက်စစ်ဆင်ဖို့ပဲ အရင်ဆုံးတွေးတတ်တဲ့ကွင်းလယ်လူပါ။ ယူနိုက်တက်ကစားပုံကို ကြည့်ရင်တော့ သူတို့က ကိုယ့်ခံစစ် အရမ်းလုံခြုံဖို့ အမြဲဦးစားပေးနေပါတယ်။ သူတို့စိတ်ထဲမှာ ‘ငါတော့ ဒီပွဲမှာ အမှားမလုပ်ချင်ဘူး’လို့ တွေးထားသလိုပါပဲ။ စီးတီးကွင်းလယ်ကို ကြည့်လိုက်ပါ။ သူတို့ရဲ့ပထမဦးစားပေးက တိုက်စစ်ဆင်ရေးပါ”လို့ ရစ်ချက်က ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် ကာရာဘောင်ဖလားဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ မျှော်လင့်ချက်အတော်လေးနည်းသွားရပြီး ယခုလ ၂၉ ရက်နေ့မှာ ဒု-အကျော့ပွဲစဉ်အဖြစ် အီတီဟတ်မှာ ကစားရမှာဖြစ်ပါတယ်။ နောက်ပြီး ပရီးမီးယားလိဂ်မှာလည်း နောက်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

Photo Credit

အာဆင်နယ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် ယူနိုက်တက်ဟာ အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ပြီး ယခုရာသီပရီးမီးယားလိဂ်မှာ ၂၁ပွဲကစား ၆ပွဲအထိ ရှုံးနိမ့်ထားပြီးဖြစ်ပါတယ်။ သူတို့ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့လည်း ၁ပွဲပို ၂၇ မှတ်အထိ လျော့နည်းနေပါတယ်။

Photo Credit

Zawgyi

စီးတီးလာကစားရင္ ပိတ္ဆုိ႔ေနတဲ့ အလားအလာေတြအကုန္လုံး ရက္ရွ္ဖို႔ဒ္ အျပည့္အ၀ ခံစားရလိမ့္မယ္လုိ႔ ရစ္ခ်က္ ဆုိ

ယူႏုိက္တက္တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးကို လာေရာက္ကစားရင္ အခုလက္ရွိ ပိတ္ဆုိ႔ေနတဲ့ သူ႕ရဲ႕အလားအလာအားလုံး အျပည့္အ၀ခံစားရလိမ့္မယ္လုိ႔ စီးတီးေနာက္ခံလူေဟာင္း မီကာရစ္ခ်က္က အႀကံျပဳလုိက္ပါတယ္။
အသက္ ၂၂ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ ရက္ရွ္ဖို႔ဒ္ဟာ စီးတီးကို ၁-၃ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ အသင္းအတြက္ တစ္လုံးတည္းေသာေခ်ပဂိုး သြင္းယူႏုိင္ခဲ့ၿပီး ယခုရာသီမွာ ၁၇ဂိုးအထိ သြင္းယူထားႏုိင္ၿပီျဖစ္ေပမယ့္ စီးတီးမွာ ညာေနာက္ခံလူအျဖစ္ ေျပာင္းလဲကစားခဲ့တဲ့ ရစ္ခ်က္ကေတာ့ စီးတီးကေန သူ႕အတြက္ ကမ္းလွမ္းလာမယ့္အခ်က္ေတြအရ အီတီဟတ္ကို ေရာက္လာရင္ ဒီထက္ေတာင္ ပိုမိုေျခစြမ္းျပဂိုးျမဴးႏိုင္လိမ့္မယ္လုိ႔ အာမခံခ်က္ေပးသြားပါတယ္။
”ရက္ရွ္ဖို႔ဒ္အတြက္ ကၽြန္ေတာ္ စိတ္မေကာင္းျဖစ္မိပါတယ္။ ဘာျဖစ္လု႔ိလဲဆုိေတာ့ စီးတီးမွာဆုိရင္ သူက တစ္ရာသီ အနည္းဆုံးဂိုး ၄၀ အာမခံႏိုင္တဲ့ ဂိုးသြင္းမုဆုိးတစ္ဦးျဖစ္လာမွာမို႔လုိ႔ပါ။ မာရွယ္၊ ဒန္နီရယ္ဂ်ိမ္းစ္၊ လင္ဂတ္တို႔နဲ႔ တန္ျပန္တုိက္စစ္ဆင္မႈက ၾကည့္ရတာ ေကာင္းေပမယ့္ တစ္ခါတေလ တန္ျပန္တုိက္စစ္က အလုပ္မျဖစ္ပါဘူး”
”စီးတီးကြင္းလယ္နဲ႔ ယူႏုိက္တက္ကြင္းလယ္ကို ယွဥ္ၾကည့္ပါ။ ဒါက သူတုိ႔ကို မေလးစားလုိ႔ ေျပာတာမဟုတ္ပါဘူး။ ဒီဘ႐ိုင္းက ေဘာလုံးရတာနဲ႔ တိုက္စစ္ဆင္ဖုိ႔ပဲ အရင္ဆုံးေတြးတတ္တဲ့ကြင္းလယ္လူပါ။ ယူႏုိက္တက္ကစားပုံကို ၾကည့္ရင္ေတာ့ သူတုိ႔က ကိုယ့္ခံစစ္ အရမ္းလုံၿခံဳဖို႔ အၿမဲဦးစားေပးေနပါတယ္။ သူတုိ႔စိတ္ထဲမွာ ‘ငါေတာ့ ဒီပဲြမွာ အမွားမလုပ္ခ်င္ဘူး’လုိ႔ ေတြးထားသလုိပါပဲ။ စီးတီးကြင္းလယ္ကို ၾကည့္လုိက္ပါ။ သူတုိ႔ရဲ႕ပထမဦးစားေပးက တုိက္စစ္ဆင္ေရးပါ”လုိ႔ ရစ္ခ်က္က ေျပာပါတယ္။
ယူႏုိက္တက္ဟာ အိမ္ကြင္းမွာ ဂိုးျပတ္အေရးနိမ့္ခဲ့ရၿပီးေနာက္ ကာရာေဘာင္ဖလားဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္အေတာ္ေလးနည္းသြားရၿပီး ယခုလ ၂၉ ရက္ေန႔မွာ ဒု-အေက်ာ့ပြဲစဥ္အျဖစ္ အီတီဟတ္မွာ ကစားရမွာျဖစ္ပါတယ္။ ေနာက္ၿပီး ပရီးမီးယားလိဂ္မွာလည္း ေနာက္ႏွစ္ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ႐ုန္းကန္ေနရပါတယ္။
အာဆင္နယ္ကို ဂိုးျပတ္အေရးနိမ့္ခဲ့ရၿပီးေနာက္ ယူႏုိက္တက္ဟာ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၅ မွတ္အထိ ကြာဟသြားခဲ့ၿပီး ယခုရာသီပရီးမီးယားလိဂ္မွာ ၂၁ပြဲကစား ၆ပြဲအထိ ႐ံႈးနိမ့္ထားၿပီးျဖစ္ပါတယ္။ သူတုိ႔ဟာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔လည္း ၁ပြဲပို ၂၇ မွတ္အထိ ေလ်ာ့နည္းေနပါတယ္။