“ဂွာဒီယိုလာဟာ အင်္ဂလန်လောလုံးလောကကို ဖာဂူဆန်ထက် ပိုပြီး လွှမ်းမိုးနိုင်တဲ့ နည်းပြတစ်ယောက်ပါ”

photo internet

ဂွာဒီယိုလာဟာ ဘာစီလိုနာဂန္ဓဝင် ဂျိုဟန်ခရိုက်ဖ်ရဲ့ အရိုက်အရာကို ဆက်ခံသူတစ်ယောက်ဖြစ်ပြီး

မန်ယူနိုက်တက် ဂန္ဓဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ထက် အင်္ဂလိပ်ဘောလုံးလောက ကို ပိုတိုးတက်လာစေသူဖြစ်တယ်လို့မန်စီးတီးကစားသမားဟောင်း ထရီဗာ ဆင်ကလဲယားက ဆိုလိုက်ပါတယ်။

ဒီလိုပုံစံမျိုးဆန်ဆန်ကို အင်္ဂလန်တိုက်စစ်မှှုးဟောင်း ဂယ်ရီလိုင်နီကာကလည်း Twiiter မှာ ရေးသားခဲ့ဖူးပြီးလိုင်နီကာက ဂွာဒီယိုလာကြောင့် အင်္ဂလန်အသင်းတွေ့ရဲ့ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာရတာလို့ ဆိုခဲ့တာပါ။

ဂယ်ရီလိုင်နီကာရဲ့ ဒီ Tweet ဟာ အငြင်းပွားမှုများစွာကိုဖြစ်ပေါ်စေခဲ့ပြီး ယူနိုက်တက်နဲ့စီးတီးပရိသတ်တွေ အချင်းချင်းလည်း ဂွာဒီယိုလာနဲဖာဂူဆန်ကို နှိုင်းယှဉ်ပြီး ငြင်းခုန်နေကြတာဖြစ်ပါတယ်။ယခုအခါမှာတော့ ဆင်ကလဲယားက သူ့ရဲ့အမြင်ကို ((( ဖာဂူဆန်ဟာ မယုံနိုင်လောက်အောင်အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ပါ။ဒါပေမယ့် ကစားကွက် တည်ဆောက်မှုနဲ့ အတွေးအခေါ်အပိုင်းမှာတော့ ဂွာဒီယိုလာကအများကြီးပိုသာပါတယ်။ဒီလိုလှပတဲ့ကစားပုံမျိုးဟာ မန်စီးတီးအနေနဲ့ ဒီဘက်နှစ်တွေမှာကစားခဲ့တဲ့ကစားပုံမျိုးဖြစ်ပြီး ဒီလိုကစားနေရင်းကနေ အောင်မြင်မှုတွေဆက်တိုက်ရရှိနေခဲ့တာပါ။ဒီလိုကစားကွက်မျိုးနဲ့ အတွေးအခေါ်မျိုးကို ဂျိုဟန်ခရိုက်ကဖန်တီးပြီးစတင်ကစားခဲ့တာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ သူ့ရဲ့တကယ့်ကို အရိုက်အရာဆက်ခံသူကောင်းတစ်ယောက်ပါပဲ ))) လို့ဆိုခဲ့တာဖြစ်ပါတယ်။

Photo- Internet

ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တာဖြစ်ပြီး ယမန်နှစ်ကတော့ ပြည်တွင်းဖလား ၃ လုံးစလုံးကို တပြိုင်တည်းရရှိခဲ့ပါတယ်။